နေ့စဉ်တိုက်ပွဲ

ကျွန်တော်တို့တွေက အောင်မြင်သူတွေကို အားကျတတ်ကြပါတယ်…

ဒါက အင်မတန်ကောင်းပါတယ်၊ ဒီလို အားကျတဲ့အခါမှာ သူတို့ ပိုင်ဆိုင်တာ၊ ရရှိနေတာတွေကို ကြည့်ပြီး သူတို့တွေ ကံကောင်းလိုက်တာ၊ တော်လိုက်ကြတာ လို့ တွေးတတ်ကြပါတယ်။

‍‍‍‍‍‍ ‍‍

ဒီအချက်လေးကတော့ နည်းနည်းလေး အယူမှားနေတယ်မြင်မိပါတယ်…

‍‍‍‍‍‍ ‍‍

အောင်မြင်နေတဲ့သူတွေကို ကြည့်လိုက်ရင် နေ့ချင်းညချင်းဖြစ်လာတယ်၊ ကံအရမ်းကောင်းလွန်းတယ် ယူဆကြပါတယ်။

တကယ်အောင်မြင်နေတဲ့ သူတိုင်းကို မေးကြည့်ပါ… ဒီအယူအဆကို ခါးခါးသီးသီး ငြင်းကြပါလိမ့်မယ်…

သူတို့ဟာ နေ့ချင်းညချင်း အောင်မြင်လာတာ မဟုတ်သလို၊ ကံကောင်းတာ တခုတည်းကို လက်ကိုင်ထားပြီး မျက်စိစုံမှိတ်လုပ်ပြီးအောင်မြင်လာကြတာလည်း မဟုတ်ပါဘူး…

‍‍‍‍‍‍ ‍‍

ဘယ်လိုတွေ လုပ်ကြပါသလဲ…

‍‍‍‍‍‍ ‍‍

လူတိုင်းလူတိုင်းမှာ နေ့စဉ်တိုက်ပွဲတခုစီ ရှိပါတယ်…

ဒီတိုက်ပွဲရဲ့ နှစ်ဖက်စစ်တပ်တွေကတော့ တိုးတက်လိုစိတ်နဲ့ အချောင်ခိုစိတ်ပါ။

နေ့တိုင်း မျက်စိနှစ်လုံး စပွင့်ပြီဆိုတာနဲ့ သူတို့နှစ်ဦး စတိုက်ပါတယ်…

– ငါ… စောစော ထရင်ကောင်းမလား၊ ဆက်မှေးရင်ကောင်းမလား

– ငါ… လေ့ကျင့်ခန်း လုပ်ရင်ကောင်းမလား၊ ဖုန်းဆက်ပွတ်နေရင်ကောင်းမလား

– ငါ… စာဖတ်ရင်ကောင်းမလား၊ ဂိမ်းဆော့ရင်ကောင်းမလား

– ငါ… ထမင်းထပ်ထည့်ရင်ကောင်းမလား၊ သစ်သီးပဲစားရင်ကောင်းမလား

– ငါ… နောက်နေ့မှလုပ်ရင်ကောင်းမလား၊ အခုပြီးအောင် လုပ်မလား

– ငါ… အပန်းဖြေဖို့ ရုပ်ရှင်ကြည့်ရင်ကောင်းမလား၊ မိတ်ဆွေတွေနဲ့ စကားပြောမလား

– ငါ… ဘောပွဲညဥ့်နက်ခံစောင့်ကြည့်မလား၊ စောစောအိပ်ယာဝင်မလား

‍‍‍‍‍‍ ‍‍

မြင်လာပြီလား… နေ့စဉ် စစ်ပွဲတွေ.. တပွဲပြီးတပွဲ မပြတ်နွှဲနေကြတာ…

နားရတယ်လို့ မရှိပါဘူး…

‍‍‍‍‍‍ ‍‍

‍‍‍‍‍‍ ‍‍

အောင်မြင်သူတွေဟာ ဒီစစ်ပွဲတိုင်းမှာ (စစ်ပွဲ အများစုမှာ) တိုးတက်လိုစိတ် စစ်တပ်ကို အနိုင်ပေးပါတယ်။ နေ့စဉ် ဒီလို အနိုင်ပေးရင်းပေးရင်းနဲ့ပဲ သူတို့ရဲ့ ဘဝတွေ ပိုပိုပြီး တိုးတက်လို့လာပါတယ်။

ဒီလိုနဲ့ နှစ်ပေါင်းများစွာ ကြာလာချိန်မှာ အောင်ပွဲအလီလီ ဆွတ်ခူးခဲ့တဲ့ တိုးတက်မှု စစ်တပ်ကြီးနဲ့အတူ… ကျွန်တော်တို့ ယခု မြင်နေရတဲ့ နေ့ချင်းညချင်း အောင်မြင်သူ၊ ကံအလွန်ကောင်းသူကြီး ဖြစ်လာပါတော့တယ်

‍‍‍‍‍‍ ‍‍

ကဲ… နေ့ချင်းညချင်း အောင်မြင်ချင်တယ်၊ ကံအလွန်ကောင်းသူကြီးဖြစ်ချင်တယ်ဆိုရင်တော့… နေ့စဉ်တိုက်ပွဲတိုင်းကို အာရုံစိုက်ပြီးတိုက်ပေတော့…

‍‍‍‍‍‍ ‍‍

ကျိမ်းသေတဲ့ အောင်မြင်တဲ့ အနာဂတ်က စောင့်မျှော်နေပါလိမ့်မယ်….

#Credit
#SuccessIn2Min
#SuccessUpsize
#KoThuraNote

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.