ကွယ်​လွန်​ ပြီးတဲ့​နောက်​ ဝိညာဉ် ​ဘဝ နဲ့ အိမ်မှာ ၇ ရက်​​နေတယ်​ဆိုတာ မှန်ပါ သလား

မိရိုးဖလာ ဗုဒ္ဓဘာသာဝင်​ အ​တော်​များများပင်​ ဘဝ​ ဟောင်းမှ ဘဝ သစ်​သို့ ​ပြောင်းကြရာ၌ ​သေလျှင်​​သေခြင်း မိမိတို့ အိမ်​မှ ထွက်​မသွားပဲ ကွန်​လွန် ​သူတိုင်း ၇-ရက်​ လည်​​အောင်​ ​စောင့်​နေသည်​ဟု ယူဆ​နေကြပါ၏။

ထို့ပြင်​ ရက်​လည်​ သပိတ်​သွတ်​မှ သာဓု​ ခေါ်ကာ ​ရောက်​ရမည့်​ ဘဝကို ​ပြောင်းသွားသည်​ဟု အ​တွေးတိမ်စွာဖြင့်​​လည်း အထင်​လွဲ​ နေကြပါ၏။

အမှန်​အားဖြင့်​ ထိုသို့ ထင်​မြင်​ ယူဆ​နေခြင်းမှာ လွဲမှားနေပါ၏။ ထိုကိစ္စ ရှင်းလင်းရလျှင်​ ပဋိသ​န္ဓေစိတ်​ ​စေတသိတ်​နှင့်​ ကမ္မဇရုပ်​တို့၏ ပထမဆုံး ဖြစ်​တည်​ရာ ဥပါဒ်​ခဏကို ပဋိသ​န္ဓေ ဟု ​ခေါ်ပါ၏။ ထို့သို့ ပဋိသ​န္ဓေ ​နေကြ​သော အမျိုးအစားက ၃-မျိုး ရှိပါ၏။

၁ ။ သံ​သေဒဇ ပဋိသ​န္ဓေ

၂ ။ သြပပါတိက ပဋိသ​န္ဓေ

၃ ။ ဂဗ္ဘ​သေယျက ပဋိသ​​န္ဓေ ဆိုပြီး ၃-မျိုး ရှိပါတယ်​။

ထို သတ္တဝါ သုံးမျိုးအနက် ​ပြိတ္တာ သရဲ၊ မှင်​စာ၊ တ​စ္ဆေ၊ ဘီလူး၊ အစရှိတဲ့ ပြိတ္တာ အမျိုးအစားတို့က ကိုယ်​အထင်​အရှားဖြင့်​ ဘွားခနဲ ​ပေါ်လာကြတဲ့ “သြပပါတိက “သတ္တဝါ အမျိုးအစားမှာ ပါဝင်​ပါတယ်​။

ထို ပြိတ္တာ အမျိုးအစား​တွေကို “​သေထရည်​ပြု၊ သာဓု​ခေါ်လတ်​၊ လှူခံမြတ်​မှ၊ ​သေသူရ၏” ဆိုတဲ့ အတိုင်း မိမိတို့အတွက်​ ရည်​မှန်းပြီး သံဃာ​တော်​ တို့အား လှူဒါန်​မှု ပြုကာ အမျှ​ပေး​ဝေရာ၌ သာဓု​ ခေါ်ဆိုနိုင်​ခွင့်​ ရပြီဆိုမှ ထိုပြိတ္တာ ဘုံဘဝမှ လွတ်​​မြောက် ​နိုင်​ကြမှာ ဖြစ်​ပါတယ်​။

လူတစ်​​ယောက်​ ကွယ်​လွန်​ပြီးသည့်​ နောက်​ ဝိညာဉ်​ ဘဝဖြင့် အိမ်​မှာ ၇-ရက် နေသည် ​ဟူ​သော အယူဆမှာ လုံးဝ မဟုတ် ​ပါ​ချေ။

သို့ရာတွင်​ ​တွေး​ခေါ် မြော်​မြင်​မှု နည်းပါးစွာဖြင့် ကွယ်​လွန်​သူ၏ အနီးမှာ စား​သောက် ​ဖွယ်​ရာများ ပြင်​ဆင်​ ထားခြင်း၊ အ​ခေါင်းတလားကို သယ်​ယူသည့်​ အခါမှာလည်းပဲ အ​ခေါင်းပေါ်မှာ စားမြိန်​ စားထုပ်​ကို တင်​​ပေး လိုက်​ခြင်း၊ မီးသဂြိင်္ဟ်ခြင်း မပြုပဲ အုတ်​ဂူ သွင်းသည့်​ အခါ အုတ်​ဂူ တွင်းသို့ အစား အ​သောက်​များ၊ အဝတ်​ အထည်​များ ထည့်​ပေး လိုက်​ခြင်း အစရှိတဲ့ ​ကျွေး​မွေးခြင်း ​ပေးကမ်းခြင်းတို့မှာ ကွန်​လွန်​သူ အဖို့ စား​သောက်​ သုံးစွဲနိုင်​ခြင်း မရှိသည့်​အတွက်​ အကျိုးမဲ့ ဖြစ်​ရုံ မကပဲ ကျန်​ရစ်​သူတို့ အဖို့လဲ အချိန်​ကုန်​ ​ငွေကုန်​ခြင်း​သာ အဖတ်​တင်​ ပါလိမ့်​မယ်​။

ထို့သို့ မ​ရောင်​ရာ ဆီးလူးမည့်​အစား သံဃာ​တော် ​အရှင်​သူမြတ်​​တွေကို ပင့်​ဖိတ်​ပြီး ပစ္စည်း​လေးပါးကို လှူဒါန်းကာ ​ရေစက်​သွန်​ချ အမျှ​ပေး​ဝေပါက ​ပေတဂတိမှာ ရှိ​နေကြတဲ့ မိမိတိုရဲ့​သက်ဆိုင်ရာ ​​ကွယ်​လွန်​သူ ​တွေ ရနိုင်​ကြမှာပါလို့. မှန်​ကန်​​သော နည်းစနစ်​ကို အကြံပြုရင်း။

နန္ဒာမိုးကြယ် ​(အယူလွဲ အမှတ်​လွဲ​ နေကြ​သော ဘာသာ​ရေး လူမူ​ရေး ပြဿနာများ) မှ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.