ရည်းစားဖြစ်သူကို အလိုမတူပဲ ခန္ဓာကိုယ်ကောက်ကြောင်းလှအောင် လေ့ကျင့်ခန်း လုပ်ခိုင်းလို့ ထောင်ကျသွားတဲ့ အမျိုးသား. .

Mohammed Anwaar လို့အမည်ရတဲ့ အမျိုးသားတစ်ဦးဟာ သူ့ရဲ့ချစ်သဖြစ်တဲ့ Gemma Doherty ကိုနေ့တိုင်းအခြားမိန်းကလေးများရဲ့ပုံတွေကို ပြပြီး

အခြားမိန်းကလေးများကဲ့သို့ Doherty ဟာမလှကြောင်း၊ ခန္ဓာကိုယ်ကောက်ကြောင်းလည်းမ၇ှိကြောင်း ဝေဖန်ခဲ့ပါတယ်။

Doherty ရဲ့ confidence ကို တစ်စမကျန်အောင် ရိုက်ချိုးခဲ့ပါတယ်။

Anwaarဟာ နောက်တော့ Doherty ရဲ့ဘဝအပေါ်ပိုမိုလွှမ်းမိုးလာပြီ အလိုမကျတဲ့အခါ ရိုက်နှက်တာတွေပါရှိလာခဲ့ပါတယ်။

Dohertyဟာနောက်ဆုံးမှာ စိတ်ကျရောဂါဝေဒနာရှင်နီးပါးခံစားလာရပါတယ်။ တရားရုံးက လူတစ်ယောက်ရဲ့ဘဝကိုပျက်စီအောင်လုပ်မှုအပြင်၊ အခြားနှိပ်စက်မှုများနှင့် ထောင်ဒဏ်၂နှစ်ခွဲချမှတ်ခဲ့ပါတယ်။

သူတို့၂ယောက်ရဲ့ Relationshipဟာ အစကတော်တော်လေးကောင်းမွန်ခဲ့ပြီး လွန်ခဲ့တဲ့နှစ်မေလကမှ စတင်ပြောင်းလဲခဲ့တာဖြစ်ကြောင်း Doherty ကပြောပါတယ်။


Anwaar ဟာ Dohertyကို တစ်ခါတစ်ရံ ရိုက်နှက်ကန်ကြောက်တတ်ပြီး တစ်ခါတရံ သတိမေ့မြောအောင်တောင် နှိပ်စက်တတ်ပါတယ်။ Doherty ဟာ သားသမီးရှိပြီး သားသမီးတွေရဲ့ရှေ့မှာလည်း အကန်အကြောက်ခံခဲ့ရပါတယ်။

တစ်ခါတုန်းကဆိုရင် Anwaar ဟာ Doherty ရဲ့လည်ပင်းကို ဓားနဲ့ထောက်ပြီး “နင်ငါ့ကိုသတ်စေချင်လား၊ငါတစ်သက်တစ်ကျွန်းကျရမှာလည်း မကြောက်ဘူး”လို့ ခြိမ်းခြောက်ခဲ့ပါတယ်။

ထိုအချိန်က Dohertyရဲ့ကလေး၃ယောက်ဟာကုတင်အောက်မှာပုန်းနေခဲ့ကြပါတယ်။

ဒီလိုများပြားလှတဲ့ အမှုတွေကြောင့် အလိုမတူပဲ အတင်းအဓမ္မလေ့ကျင့်ခန်း လုပ်စေမှု နိုင့်ထက်စီးနင်းလုပ်မှု လူ့အခွင့်အရေးချိုးဖောက်မှုတို့ဖြင့် အရေးယူပြီး ထောင်ဒဏ်၂နှစ်ခွဲကျခံခဲ့ရပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.