Sun. Jun 16th, 2019

ပိုင်းလုံးလေးတွေ အကြောင်း

1 min read

ဒီစာလေးကို မိန်းခလေးတွေ အတွက် ရည်ရွယ်ပြီးတော့ ရေးလိုက်ပါတယ် ။

မိန်းခလေးတွေ အတွက် အသိအမြင်လေး တခု ၊ အတွေးလေး တစ ၊ ဗဟုသုတ အကြောင်းအရာလေး ဖြစ်ခဲ့ရင် ဆိုတဲ့ စေတနာလေးနဲ့ ရေးတာပါ ။ မည်သူ့ကိုမှ နစ်နာစေလိုတဲ့စိတ် မရှိပါဘူး ။

အဲဒီလို လူတွေ ဘယ်သူတွေ ဆိုတာလည်း မသိပါဘူး ။ ဒီ အကြောင်းတွေကို ပြောပြတဲ့ ညီမလေးတွေက သူတို့လို အဖြစ်မျိုး တခြား မိန်းခလေးတွေ မကြုံတွေ့ရအောင် ဝေမျှပေးတဲ့ သဘောပါ ။

ပထမဆုံး တယောက်က ကျောင်းဆရာမလေးရဲ့ အဖြစ်ပါ ။ သူက ဗိုလ်လေးတယောက်နဲ့ ကြိုက်ခဲ့ ပါတယ် ။ သူ့ရဲ့ ရည်းစားဦးတော့ မဟုတ်ပါဘူးတဲ့ ။ သူအသက် ၂၅ နှစ်လောက်မှာ အဲဒီ ဗိုလ်လေးနဲ့ တွေ့ပါတယ် ။

သူ့ထက် ၁ နှစ်ကျော်ငယ်ပြီး အဝေးမှာ နေသူမို့ ဖုန်းနဲ့ဘဲ အဆက်အသွယ်လုပ်တာ များပါတယ် ။ ဘယ်လိုသိတာလဲ ဆိုတော့ သူငယ်ချင်းကတဆင့် ချိတ်ဆက်မိပြီး နောက်တော့ ရည်းစား ဖြစ်သွားတာပါတဲ့ ။ ဒါတောင် ချက်ခြင်း အဖြေပေးတာ မဟုတ်ပဲ သိပြီး ၂ နှစ်ကြာမှ ခေါင်းငြိမ့်ခဲ့တာ ပါတဲ့ ။

သူ့သူငယ်ချင်းက သိတော့ သဘော မတူပါဘူး ။ သူက ဇွတ်တိုးပြီးတော့ အဖြေပေး ခဲ့တယ် ။ အဲဒီ အချိန်အထိ အပြင်မှာ မတွေ့ဖူးသေးပဲ ဖုန်းနဲ့ဘဲ အဆက်သွယ် လုပ်ခဲ့ကြတယ် ။ အဖြေပေးပြီး သိပ်မကြာခင်မှာတော့ ဇာတိက ပြလာပါတယ် ။

ပထမ ဖုန်းငွေဖြည့်ကဒ်ပဲ တောင်းတာပါ ။ တခါ နှစ်ခါတော့ ပြန်ဆပ် ပါတယ် ။ နောက်ပိုင်း ငွေဖြည့်ကဒ်တင် မကဘူး ။ ငပိ ငါးခြောက် စားနပ် ရိက္ခာတွေကို တလ ၂ ခါ လောက် ပို့ပို့ပေးရပါတယ် ။ အဲဒါကိုပဲ သူ့မှာ ပါရမီဖြည့်ဘက်လို ကျေနပ်နေခဲ့တာတဲ့ ။

ချစ်သူတွေ ဖြစ်ပြီး ၆ လ လောက် ကြာတော့ ယူနီဖောင်းဘက်ကို ပြောင်းလာ ပါတယ်တဲ့ ။ အဲဒီအချိန်က သူတို့ ယူနီဖောင်းတွေ ကာလာ ချိန်းတဲ့ အချိန်ပါ ။ ဈေးထဲကို ဆရာမ ဝတ်စုံကြီး တကားကား နဲ့ ဝယ်ပြီး ကားဂိတ်ကို သွားဝယ် ပို့ပေး ခဲ့ရပါတယ် ။ နောက်တော့ ဘုန်းကြီး ဝတ်ချင်တယ် ဆိုပြန်တော့ ပရိက္ခရာ ၈ပါး တခါ ဝယ်ပို့ရသေးသတဲ့ ။

အဲဒီလို အချိန်တွေမှာ သူ ဘယ်လို ချွေတာပြီး ချစ်သူကို ပေးခဲ့ရလဲဆိုတာ ပြောပြခဲ့ သေးပါတယ်။ ဒီကြားထဲ တပတ် ၂ ခါလောက်က ၅၀၀၀ တန် ဖုန်းကဒ် ဝယ် ဝယ် ပေးရတာ ပုံမှန်ပါပဲတဲ့ ။

မူလတန်း ကျောင်းဆရာမလေး တယောက်ရဲ့အချစ်ကို လိမ်ညာ ယူရက်တာတင် မကဘူး။ မိန်းခလေး တယောက်ရဲ့ အင်အားလေးနဲ့ ရှာဖွေရတဲ့ ငွေကြေးကို နည်းမျိုးစုံ ယုတ်မာ လှည့်ဖျား ယူရက်တာ အင်မတန်ကို အောက်တန်းကျတဲ့ စိတ်ပါ ။

နောက်ကျတော့ အဲဒီလူက ရန်ကုန် ဆင်းလာပါတယ် ။ အဲဒီ အခါမှာလည်း တက္ကဆီနဲ့ သွားခေါ်ပြီး ကျွေးရ မွေးရ သူပဲ အကုန်ခံရတယ်လို့ ရေးပြီး ဘာပြောလဲ ဆိုတော့ အဲဒီအချိန်မှာ ဘာမှ သိပ်မတွေးမိဘူး ချစ်နေတာပဲ သိတယ်တဲ့ ။ ကျမ သနားလိုက်တာလေ ။

ရန်ကုန်မှာ ၂ ရက်လောက် နေပြီး ပြန်ခါနီးတော့ shoe ဖိနပ် လိုချင်တယ်လို့ ပူဆာသတဲ့ ။ ဘယ်လောက်လဲလို့ မေးတော့ လေးသောင်းခွဲတဲ့ ။ ဝယ်ပေးလိုက်ပါတယ် ။ ကိုယ်က အကြီးဘဲ မဟုတ်လားလို့ သူမကaရးတော့ ကျမပြုံးနေမိတယ် ။

တချို့ မိန်းခလေးတွေဟာ သူ့ချစ်သူကို မိခင် တယောက်လို ချစ်တတ်တဲ့ သူတွေ ရှိတယ် ။ အဲဒါက တကယ်ပါ ။ မကြည့်ရက်ဘူး ။ မထားရက်ဘူး ။ ဖြည့်ဆည်းပေး ချင်တယ် ။ ကိုယ်တယောက်ထဲ မသုံး ရက်ဘူး ။ ပြီးတော့ သိပ်ချစ်ရသူ မဟုတ်လား ။

ဘာပဲဖြစ်ဖြစ် ဒီလို လုပ်ပေးရင် အချစ်တွေ ပိုတိုးလာမယ်လို့ မျှော်လင့်မိသေးတာ ။ ဒါတွေဟာ မိန်းမတွေ နှာဘူး ထတာ မဟုတ်ပါဘူး ။ သနား ကြင်နာတတ်တဲ့ စိတ်ကို တဖက်က အပိုင် ကိုင်ထားနိုင်လို့ လည်စင်းပေး ရတဲ့ အဖြစ်ပါ ။

ဒီနေရာမှာ အိမ်ထောင်သည် မိန်းမတွေ တဏှာ ရူးပြီး သူငယ်တွေကို လင်ကြီး မသိအောင် ခိုးခိုးပေးတာမျိုးနဲ့ မတူပါဘူး ။ သူငယ်လေးတွေဆီက အပြုအစုကို ငွေနဲ့ ပေးယူတဲ့ အပေးအယူ မျိုးက အိပ်ယာပေါ်က အစွဲအလန်းပါ ။ အချစ် မဟုတ်ပါဘူး။

နောက်ပိုင်းမှာတော့ အဲဒီကောင်က အချိုးတွေ ပြောင်းပြီး သူ့ကို အော်ချင်aငါက်ချင် လုပ်လာပြီး တဖြေးဖြေး အနိုင်ယူတဲ့ဘက်ကို ပြောင်းလာပါတယ် ။ နောက်တော့ အဲ့ကောင်က သူ့ မှာ အကြွေး ဆယ်သိန်း ရှိတယ် ။ အဲဒါ ဆပ်ပြီးရင် မင်္ဂလာဆောင်မယ်လို့ စကား စလာတယ် ။

ဒါပေမဲ့ ဆယ်ကျော်သက် ကောင်မလေး တယောက်နဲ့ ဇတ်လမ်းတွေ ပေါ်လာပြီး သူ့ကို ဝန်ခံလိုက်တဲ့ အချိန်မှာ လုံးဝစိတ်ကုန်သွားပြီး သူ့ဘက်က ဖြတ်လိုက်ပါတယ် ။

အဲဒီလူနဲ့လည်း ပြတ်သွားရော သူ့ခေါင်းပေါ်က အထုပ်ကြီး ပစ်ချလိုက်သလို ပေါ့သွားတာပဲလို့ ပြောခဲ့တယ်။ သူ့ဝဋ်ကြွေး ကုန်သွားပြီ လို့ဘဲ ပြောရမယ် ထင်ပါတယ် ။ သူမဆီက တော်တော်များများလည်း ပါသွား ပါတယ် ။

ဒီလိုမျိုး ဖြစ်တာက ဒီကျောင်းဆရာမလေး တယောက်ထဲ မဟုတ်ပါဘူး ။ တချို့ကတော့ ငွေရှာနိုင်တဲ့ ကိုင်းကြီးကြီးကိုပဲ ချိုင်တာပါ ။ များသောအားဖြင့် မမတွေက ပိုကျ ပါတယ် ။

နိုင်ငံခြားမှာနေတဲ့ မမ တယောက်ဆို အိုင်ဖုန်းအသစ် ပေါ်တာနဲ့ ဝယ်ပေးရတာမျိုး ။ မဝယ်ပေးရင် စိတ်ကောက် ခံရတာမျိုး ။ ပါးပါးလေး တလွှာချင်း ခွာတာမျိုးပါ ။

ဟိုက စိတ်ကောက်ပြီး ဖုန်းမဆက်ရင် ရူးနေအောင် ခံစားရ ပါသေးတယ် ။ လိုချင်တာရမှ စိတ်ကောက်ပြေ တာပါ ။ အဆိုးဆုံးကတော့ မယ်သီလရင်ကို ချူစားတဲ့ သူပါ ။ အသက် ၅၀ လောက် ရှိတဲ့ သီလရင်ကို အသက် ၂၀ လောက်တွေက ဘယ်လို ချူစားသလဲလို့ မပြောပြတော့ပါဘူး ။

မယ်သီလရင်ရဲ့ ဘဝများစွာက သားတွေအဖြစ် ခံယူပြီး တပူးပူး တတွဲတွဲ ဖက်လဲတကင်း ပေါင်းသင်းနေကြတဲ့ အဖြစ်ပါ ။ သီလရင် ကိုယ်တိုင်က ဝါသနာပါတော့ ပိုဆိုး ပါတယ် ။ ဒါတောင် အဟောအပြော ညက်လို့ ဗေဒင်မေးသူတွေဆိုတာ မနဲပါဘူး ။

ရိုသေတဲ့ သူတွေက မယ်မယ်လို့တောင် ခေါ်သတဲ့ ။ သူငယ် ထောင်နေတာ သိရင် ဘယ်လို နေပါ့မလဲ တွေးမိပါတယ် ။

နောက်ပြီး သင်တန်းဆင်းခါစ တယောက်ကလည်း အသက် ၃၆ နှစ်လောက်ရှိတဲ့ အခြောက်ကို ပေါ်တင် ပေါင်းတာ အံ့သြစွာ မြင်ရပါသေးတယ် ။ အဲဒီ အခြောက်နဲ့ ကျမတို့ကသိတော့ အခြောက်က သူ့လင်လေးအကြောင်း ကြွားသမျှ မျက်လုံး ကလယ် ကလယ်နဲ့ နားထောင်ရ ပါသေးတယ် ။ ဟိုတယ် တက်ပြီး အိပ်တဲ့ အကြောင်း ပြောခန်း ရောက်တော့ တော်ပါတော့ဆိုပြီး ထပြန်ရတဲ့ အဖြစ်ပါ ။

နောက်ပိုင်းတော့ အခြောက်ဆီက တော်တော် များများ ပါသွားပြီးမှ ကောင်မလေး တယောက်နဲ့ အိမ်ထောင် ကျပါတယ် ။ အဲ့ ကလေးမလေးအစား ကျွန်မ ကြားထဲက ၂ ရက်လောက် အိပ်မပျော်ခဲ့ ပါဘူး ။

ဒီတော့ မိန်းခလေးတွေ သတိထားရမှာက ကိုယ့်ချစ်သူဟာ ဘယ်လိုလူ ဖြစ်ဖြစ် အမြဲ ပိုက်ဆံလိုနေရင် အမြဲ ကိုယ်ကပဲ ပေးနေရတဲ့ အခြေအနေ ကြုံနေရင် ၊ သူ့ကိုယ်သူ သနားစရာ ကောင်းအောင် ချို့တဲ့သလို ပြောနေရင် ၊ အားငယ်တဲ့ စကားပြောပြီး ဘယ်လို အောက်ကျနေတာမျိုး ဆိုတာနဲ့ မသိမသာ မျက်ရည် ချူနေရင် ၊

ကိုယ့်ဆီက ၅ သိန်းဖိုး ယူပြီး တသောင်းတန်လောက် ပြန်ပေးရင် ၊ အချေးအငှား သိပ်များရင် ၊ ကိုယ့်ဆီက ပိုက်ဆံထွက်ဖို့ နှပ်ကြောင်းတွေ သိပ်ပေးနေရင် ၊ ယောက်ကျားတန်မဲ့ ဟိုဟာလိုချင် ဒီဟာလိုချင် ပူဆာရင် ၊ ပေးရင်တမျိုး မပေးရင်တမျိုး လေသံပြောင်းရင် ၊ ဘယ်ကို သွားသွား ဘာစားစား ကိုယ်ကပဲ ရှင်းရရင် အဲဒါ သတိထားသင့် ပါတယ် ။

နောက်မကျသေးရင် ရှေ့ဆက် မတိုးပါနဲ့ ။ ပိုင်းလုံး တယောက်ရဲ့ ပိုက်ဆံ အတောင်းဆုံး အချိန်ဟာ ရည်းစားဖြစ်ပြီး ၂ နှစ် အတွင်းပါ ။ မွှန်နေတဲ့ အချိန်တွေပါ ။ ၂ နှစ်ကျော်တဲ့အထိ အချိန် ဆွဲထားနိုင် သေးရင် အမြဲ မတွေ့ရတဲ့ သူမျိုးပါ ။

တလတခါ တနှစ်၂ ခါလောက်သာ တွေ့ရပြီး ကြားထဲက အချိန်တွေမှာ ကိုယ့်ဘက်ကသာ ထောက်ပံ့နေရတယ်ဆိုရင် သူက ကိုယ့်ကို စွဲလန်းအောင် လုပ်ထားပြီး ကိုယ့်ကို ချူစားနေတာ သေချာပါတယ် ။

ဒီ့ထက်ပိုပြီး သေချာတာကတော့ ပိုက်ဆံ လိုချင်တာ တခုဘဲ ကိုယ့်အပေါ် ဆက်ဆံတာ ဖြစ်လို့ ပိုက်ဆံများ မရရင် ကိုယ့်အပေါ် အနွံတာ ဘယ်တော့မှ မခံပါဘူး ။

သူတို့မှာ မေတ္တာ မပါတဲ့အတွက် အရေးကြုံရင် ကိုယ့်ကို ထားသွားဖို့ အဆင်သင့် ပါဘဲ ။ နောက်ကျရင် သဘောင်္သား ပိုင်းလုံးတယောက် အကြောင်း ညီမလေး တယောက်ရဲ့ ဇာတ်လမ်းလေး ပြောပါမယ် ။ ဒါလေးက အစလေးပဲ ရှိပါသေးတယ် ။

Credit to Myat Yee Mon

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Copyright © All rights reserved. Newsphere by AF themes.