Thu. Jun 27th, 2019

စွန့်ထွင်လုပ်ငန်းရှင်တစ်ဦးဖြစ်ဖို့ ပေးဆပ်ရမယ့် အရာ ငါးခု။

1 min read

ကိုယ်ပိုင်လုပ်ငန်းတစ်ခု စတင်လိုက်ပြီဆိုတာနဲ့ ကိုယ့်အတွေးအခေါ်၊ ကိုယ့်အရည်အချင်း စတာတွေနဲ့ အရင်းပြုပြီး တိုးတက်လာအောင် ကြိုးစားရပါပြီ။ ကိုယ့်ကိုဘယ်သူကမှလာပြီး အမိန့်သြဇာပေးလို့ မရသလို ကိုယ်လိုချင်ရာကို ကိုယ့်ဟာကိုယ် လွတ်လွတ်လပ်လပ်လုပ်ရတာ ကိုယ်ပိုင်လုပ်ငန်းရှင်တွေရဲ့ အားသာချက်တစ်ခုပါပဲ။ ဒါတွေကတော့ ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်ခြင်းရဲ့ အားသားချက်ပြီးပါတယ်။ သို့သော် အမှောင်ဘက်အခြမ်းလည်းရှိပါသေးတယ်။ ကိုယ်ပိုင်လုပ်ငန်း စတင်လိုက်ပြီဆိုတာနဲ့ ကိုယ့်မှာ ပေးဆပ်ရမယ့်အရာတွေရှိပါတယ်။

၁။ အလုပ်အကိုင်တည်ငြိမ်မှုလူများ လုပ်ငန်းမှာ လုပ်ရင်တော့ ဒီလစာ ဒီနေရာဟာ ပုံသေဖြစ်နေလို့ ကိုယ်အလုပ်မရှိတော့မှာ ၀င်ငွေနည်းသွားမှား မစိုးရိမ်ရပါဘူး။ ဒါပေမဲ့ ကိုယ်ပိုင်လုပ်ငန်း စတင်လိုက်ပြီးဆိုရင် အစောပိုင်းလများ (တခါတရံ နှစ်များ) မှာတော့ အတော်ရုန်းကန်ရပါတယ်။ ၀င်ငွေမှာလည်း နည်းလိုက်များလိုက်နဲ့ တည်ငြိမ်မှုမရှိပါဘူး။ ဒါကြောင့် ရှေ့ဆက်ဖို့အတွက် သင့်မှာရှိတဲ့ တည်ငြိမ်မှုတွေကို ပေးဆပ်လိုက်ရတော့တာပါပဲ။

၂။ အလုပ်နဲ့ ကိုယ်ရေးကိုယ်တာ ခြားထားမှု ကိုယ်ပိုင်လုပ်ငန်းလုပ်လိုက်ရင်တော့ အလုပ်နဲ့ ကိုယ်ရေးကိုယ်တာကြားမှာရှိတဲ့ မျဉ်းကြောင်းလေး မှေးမှိန်သွားပါပြီ။ အိမ်မှာနေနေရင်တောင်မှ အလုပ်လုပ်နေရပါလိမ့်မယ်။ တခြားသူတွေ အိပ်နေချိန် အလုပ်အကြောင်းတွေ စဉ်းစားနေရပါလိမ့်မယ်။ အလုပ်နားချိန် ဖုန်းတွေ၊ အီးမေးလ်တွေ လက်ခံ ဖြေကြားနေရပါလိမ့်မယ်။

၃။ တည်ငြိမ်သော ၀င်ငွေအလုပ်အကိုင် ၀င်ငွေ တည်မြဲနေရာကနေ ကိုယ်ပိုင်လုပ်ငန်း စတင်တည်ထောင်လိုက်ပြီဆိုပါက တည်ငြိမ်တဲ့ ၀င်ငွေကို ထိခိုက်သွားပါပြီ။ ဒီတလ ဘယ်လောက်ရမယ်၊ နောက်လ ဘယ်လောက်ရမယ်ဆိုတာ မှန်းဆဖို့ ခဲယဉ်းပါတယ်။ စွန့်ထွင်လုပ်ငန်းရှင်တော်တော်များများကတော့ လုပ်ငန်း စတင်တည်ထောင်ချိန် လအတော်များများအထိ ၀င်ငွေမရဘဲ ရှိနေတာကို တွေ့ရပါတယ်။ အဲဒီအတွက်လည်း ကြိုတင်ပြင်ဆင်ထားဖို့လိုပါတယ်။

၎။ အိပ်ချိန်လူတစ်ယောက်အတွက် အိပ်ချိန်ဆိုတာ အလွန်အရေးကြီးပါတယ်။ သို့သော်လည်း ကိုယ်ပိုင်လုပ်ငန်းရှင် တစ်ယောက်အတွက် အိပ်ချိန်ကို ဦးစားမပေးနိုင်တဲ့ အခြေအနေတွေ ကြုံတွေ့လာရမှာပါ။ Deadline အမှီ မပြီးပြတ်သေးတဲ့ အလုပ်တွေ၊ ရံပုံငွေမြှင့်တင်ရေး အဆိုပြုလွှာရေးရတာတွေ၊ စသဖြင့် အရေးကြီးတဲ့ လုပ်ငန်းတွေကို ကိုယ့်အိပ်ချိန်ထဲကနေ ဖဲ့ပြီးလုပ်နေရမှာပါ။

၅။ သက်တောင့်သက်သာရှိမှုကိုယ်ပိုင်လုပ်ငန်းစတင် တည်ထောင်လိုက်ပြီဆိုတာနဲ့ ကိုယ်ဟာ သက်တောင့်သက်သာဇုန် (comfort zone) ထဲကနေ ခုန်ထွက်လိုက်တဲ့ အတူတူပါပဲ။ ၀န်ထမ်းတွေ အထင်မမှားရအောင် ကိုယ်ဝတ်ချင်တဲ့ အ၀တ်တွေမ၀တ်ရတာ၊ ကိုယ်မဆုံးဖြတ်ချင်တဲ့ ဆုံးဖြတ်ချက်တွေချရတာ၊ စသဖြင့် အတော်ကို ကသိကအောင့်နိုင်တဲ့ အခြေအနေတွေ အများကြီးရှိနေမှာပါ။ အလွန်အောင်မြင်တဲ့ စွန့်ထွင်လုပ်ငန်းရှင်တွေ ကတော့ အဲလိုမျိုး စိတ်မသက်မသာအခြေအနေတွေကို ယုံကြည်မှုရှိရှိ စိတ်ရှည်ရှည်နဲ့ ကျော်လွှားနိုင်ကြပါတယ်။ဘယ်လိုပဲပေးဆပ်နေရပေမယ့် စွန့်ထွင်လုပ်ငန်းရှင်တွေ အတွက် အဆိုတစ်ခုရှိပါတယ်။ အဲဒါက “စွန့်ထွင်လုပ်ငန်းရှင်ဆိုတာ အများစုမနေချင်တဲ့ ဘ၀မျိုးကို အစောပိုင်းနှစ်တွေမှာ နေခဲ့ပြီးတော့ အများစု မနေနိုင်တဲ့ ဘ၀မျိုးကို ရေရှည်မှာ နေသွားမယ့်သူတွေဖြစ်ပါတယ်” လို့ဆိုပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Copyright © All rights reserved. Newsphere by AF themes.