Thu. Jun 27th, 2019

ရှုံးနိမ့်ချိန်က ဖေးမပေးခဲ့တဲ့မိတ်ဆွေ ဘယ်တော့မှမမေ့ဘူး

ရှုံးနိမ့်ချိန်က ★
ဖေးမပေးခဲ့တဲ့မိတ်ဆွေကောင်းကိုမမေ့သလို
ရှုံးနိမ့်အောင် ချောက်ချခဲ့တဲ့သူကိုလည်းမမေ့ပါဘူး ။

စိတ်ဓာတ်ကျချိန်က★
နှစ်သိမ့်အားပေးခဲ့တဲ့မိတ်ဆွေကောင်းကိုမမေ့သလို
ခနဲ့တဲ့တဲ့ ဟားတိုက်ရယ်မောနေခဲ့တဲ့သူကိုလည်းမမေ့ပါဘူး ။

ဝမ်းနည်းနေရတဲ့အချိန်က ★
အပူမျှဝေခံစားပေးတဲ့မိတ်ဆွေကောင်းကိုမမေ့သလို
ကွယ်ရာမှာဝမ်းသာနေတဲ့သူကိုလည်းမမေ့ပါဘူး ။

နာကျင်ခံစားရတဲ့အချိန်က★
ဘေးမှာအတူရှိနေပေးတဲ့မိတ်ဆွေကောင်းကိုမမေ့သလို
နာကျင်အောင် တမင်လုပ်ခဲ့တဲ့သူကိုလည်းမမေ့ပါဘူး ။

လမ်းပျောက်နေတဲ့အချိန်က ★
လမ်းမှန်ကိုညွှန်ပြပေးတဲ့မိတ်ဆွေကောင်းကိုမမေ့သလို
ယုတ်မာတဲ့အကြံနဲ့အမှောင်ထဲကိုတွန်းပို့ခဲ့တဲ့သူကိုလည်းမမေ့ပါဘူး ။

ငွေကြေးအဆင်မပြေချိန်က★
စေတနာအရင်းခံနဲ့ကူညီပေးတဲ့မိတ်ဆွေကောင်းကိုမမေ့သလို
ချေး ငှား မှာကြောက်လို့ ပုန်းနေတဲ့သူကိုလည်းမမေ့ပါဘူး ။

အဆင့်နိမ့်နေတဲ့အချိန်က★
သာတူညီမျှဆက်ဆံပေးခဲ့တဲ့မိတ်ဆွေကောင်းကိုမမေ့သလို
မောက်မောက်မာမာ ဆက်ဆံခဲ့တဲ့သူကိုလည်းမမေ့ပါဘူး ။

တစ်ခရီးထဲသွားနေချိန်★
တိုင်ပင်ဖော်တိုင်ပင်ဖက် မိတ်ဆွေကောင်းကိုမမေ့သလို
ကောက်ကျစ်တဲ့ဉာဏ်နဲ့ခြေထိုးခံခဲ့တဲ့သူကိုလည်းမမေ့ပါဘူး ။

တစ်နေ့ တစ်ချိန်★
ကိုယ့်အလှည့်ရောက်တဲ့အခါ
မိတ်ဆွေကောင်းကို ကျေးဇူးဆပ်မယ်လို့ စိတ်ကူးရှိသလို
ကိုယ့်အပေါ် နည်းအမျိုးမျိုးနဲ့
အကြံပက်စက်ခဲ့တဲ့သူဆီ အရောက်သွားပြီး
သူ့ရဲ့အရှေ့မှာ ကျကျနနလှလှပပပြုံးပြဖို့အစီအစဉ်ရှိပါတယ် ။😌

 

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Copyright © All rights reserved. Newsphere by AF themes.