Sun. Jun 16th, 2019

Facebook မှ ပိုက်ဆံရှာနည်း (5) နည်း

1 min read

မြန်မာနိုင်ငံမှာ လူသုံးအများဆုံးဖြစ်တဲ့ Facebook ပေါ်မှာ အသုံးပြုသူ သန်း (၂၀) နီးပါးခန့် ရှိတာဖြစ်တဲ့အတွက် မြန်မာနိုင်ငံလူဦးရေ (၃) ပုံ (၁) ပုံခန့် Facebook အသုံးပြုနေတယ်လို့ ပြောလို့ရပါတယ်။ အသုံးပြုသူ များပြားလှတဲ့ Facebook ကို အပျော်သက်သက် အသုံးပြုရုံတင်မကဘဲ Facebook ပေါ်မှ ပိုက်ဆံ ရှာနည်း (5) နည်းကို ရေးသားဖော်ပြလိုက်ပါတယ်။

(1) Freelance Facebook Manager
အရင်းအနှီး – 0 – 50000 ကျပ်
လိုအပ်ချက် – Facebook ကို ကျွမ်းကျင်စွာ အသုံးပြုတတ်ခြင်း၊ Page ထောင်ခြင်း၊ Boost လုပ်ခြင်း၊ စာရေးတတ်ခြင်း

စီးပွားရေးလုပ်ငန်းတွေအနေနဲ့ Facebook ပေါ်ကို တက်ဖို့ လိုအပ်လာချိန်မှာ Facebook ကို ကျွမ်းကျင်စွာအသုံးပြုတတ်သူရဲ့ အကူအညီ လိုအပ်လာမှာဖြစ်ပါတယ်။ Facebook Manager တစ်ယောက်အနေနဲ့ လုပ်ငန်းရှင်ကို ကူညီပြီး Page ထောင်ခြင်းမှ စတင်ပြီး Boost လုပ်ခြင်း၊ ဈေးရောင်းခြင်း၊ အရောင်းစာရေးတတ်ခြင်း စတဲ့ ဝန်ဆောင်မှုများပေးအပ်ပြီး ပိုက်ဆံရှာလို့ ရပါတယ်။

(2) Online အော်ဒါကောက်
အရင်းအနှီး – 0 – 100,000 ကျပ်
လိုအပ်ချက် – Facebook ကျွမ်းကျင်စွာ အသုံးပြုတတ်ခြင်း၊ Group များတွင် Post တင်ခြင်း၊ ဈေးရောင်းတတ်ခြင်း

Online မှ ပစ္စည်းများကို အော်ဒါကောက်ပြီး ပြန်လည်ရောင်းချပေးခြင်းဖြင့် ရောင်းချသောပစ္စည်းတန်ဖိုးအလိုက် ကော်မရှင် ရရှိမှာဖြစ်ပါတယ်။ Facebook Group များတွင် ပို့စ်များဝင်တင်ခြင်း၊ Account တွင်ပို့စ်တင်ခြင်း၊ စိတ်ဝင်စားသူများကို သွက်လက်စွာပြောဆိုရောင်းချတတ်ခြင်း စသည့် အရည်အချင်းများလိုအပ်ပါတယ်။

(3) Online Shop
အရင်းအနှီး – 200,000 အထက်
လိုအပ်ချက် – Page ထောင်တတ်ခြင်း၊ ဈေးရောင်းတတ်ခြင်း၊ Boost လုပ်ခြင်း၊ အရောင်းပို့စ်ရေးခြင်း

Alibaba ကဲ့သို့သော တရုတ်နိုင်ငံမှ လက်ကားအရောင်းဆိုင်များမှ လက်ကားပစ္စည်းများ မှာယူပြီး ပြန်လည်ရောင်းချခြင်းဖြင့် အကျိုးအမြတ် ရှာဖွေနိုင်ပါတယ်။ ယခင်က တော်တော်လုပ်ခဲ့ကြပြီး ယခုအခါ နည်းပါးသွားပေမယ့် သေချာစွာလုပ်နိုင်ရင် အကျိုးအမြတ်ကောင်းစွာ ရတဲ့အလုပ်ဖြစ်ပါတယ်။

(4) Video Creator
အရင်းအနှီး – 0 – 100,000 ကျပ်
လိုအပ်ချက် – Idea ထုတ်တတ်ခြင်း၊ Video ရိုက်ကူးတတ်ခြင်း၊ Boost လုပ်ခြင်း

မိမိကျွမ်းကျင်သော အပိုင်းများကို Video များဖြင့် ရိုက်ကူးပြီး ပြန်လည်မျှဝေခြင်းဖြင့် ပိုက်ဆံရှာနိုင်ပါတယ်။ ကြော်ငြာများလက်ခံခြင်း၊ အခြားသူတို့၏ ကုန်ပစ္စည်းများအကြောင်း ပြောပေးခြင်း၊ Facebook မှ ထည့်သွင်းသော ကြော်ငြာများမှ ဝင်ငွေရခြင်း စသည်ဖြင့် နည်းအမျိုးမျိုး ရှိပါတယ်။

(5) Live လွှင့်ပေးသူ
အရင်းအနှီး – 0 – 100,000 ကျပ်
လိုအပ်ချက် – Video ရိုက်ကူးတတ်ခြင်း၊ Boost ခြင်း

Live လွှင့်ပေးပြီး အခြားသူ၏ ကုန်ပစ္စည်း၊ သို့မဟုတ် မိမိထုတ်ကုန်ကို ရောင်းချနိုင်ပါတယ်။ Live အတွင်းဝယ်ယူပါက လျှော့ဈေးပေးခြင်း၊ လေလံပစ်နိုင်ခြင်း၊ ကြည့်ရှုသူများခြင်း စတဲ့ အကျိုးကျေးဇူးတွေရနိုင်ပြီး ရောင်းအားမြှင့်တင်နိုင်ပါတယ်။

ဒါလေးတွေကတော့ လတ်တလော အလွယ်တကူလုပ်လို့ရတဲ့ Facebook မှ ပိုက်ဆံ ရှာနည်းများပဲဖြစ်ပါတယ်။

Myanmar Leaders Page

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Copyright © All rights reserved. Newsphere by AF themes.