Sun. Jun 16th, 2019

စီးပွားရေး‬ လုပ်ချင်တဲ့ လူငယ်တွေ မှာ ရှိသင့်တဲ့ အရည်အချင်း ၁၀ ချက်

1 min read

၁။ စိတ်ကူး စိတ်သန်းကောင်းတွေ ရှိရမယ် …

တီထွင်တတ်ရမယ် …
ဖန်တီးတတ်ရမယ်..

၂။ စီးပွားစီမံကိန်း ဆွဲတတ်ရမယ် ( Business Plan OR Business Model )
( ဒါမှမဟုတ် ) လုပ်ရင်းကိုင်ရင်း ရေရှည်ကြိုတွက်တတ်ရမယ် …

၃။ ဈေးကွက် ထိုးဖောက်တတ်ရမယ် …
ကိုယ့်ကို /ကိုယ့်ထုတ်ကုန်/ ဝန်ဆောင်မှုကို လူသိအောင် လုပ်တတ်ရမယ် …

၎။ ကိုယ့် ထုတ်ကုန်/ ဝန်ဆောင်မှုအကြောင်းကို သေချာ ပြောပြနိုင်ရမယ် …
ရောင်း တတ်ရမယ် …

၅။ စီမံ ခန့်ခွဲနိုင်ရမယ် ( လူ / အချိန် / ငွေ / အရင်းမြစ် စတာတွေကို )
လူနဲ့ ပတ်သတ်လို့ အသင်းအဖွဲ့ စိတ်ဓာတ်ရှိရမယ်..
ခေါင်းဆောင်မှု နိုင်ရမယ် …

၆။ ဇွဲ ရှိရမယ် …
အရှုံးက သင်ခန်းစာယူပြီး ပြန်ထ တတ်ရမယ်…

၇။ စိတ် ရှည်ရမယ် …
တစ်ချိန်တည်းမှာပဲ လိုအပ်ရင် စိတ်မြန်ရမယ် … ( လိုအပ်တာကို သွက်သွက်လက်လက် ထလုပ်နိုင်ရမယ် )

၈။ အနာဂတ် ကို လှမ်းမျှော်ကြည့်နိုင်တဲ့အမြင်

( ဒါမှ မဟုတ် ) အနာဂတ် ဖန်တီးချင်တဲ့ အမြင် ရှိရမယ် …

၉။ ဘာကြောင့် စီးပွားရေး လုပ်ချင်တာလဲ ဆိုတဲ့
အကြောင်းပြချက် ခိုင်ခိုင်မာမာရှိရမယ် …
အောင်မြင်တဲ့ စီးပွားရေးသမားတစ်ယောက် အဖြစ်ကိုရောက်ဖို့ဘာတွေ ပေးဆပ်နိုင်မလဲ ဆိုတာ ကြိုတင် တွေးထားရမယ် …

၁၀။ ကိုယ်က အထက်ပါ အချက်တွေကို မလုပ်နိုင်ရင် လုပ်နိုင်သူတွေကို ရှာဖွေစည်းရုံးနိုင်ရမယ် …
သူတို့နဲ့ ကိုယ်တို့ကြားမှာ သူလည်း အဆင်ပြေ ကိုယ်လည်း အဆင်ပြေတဲ့ အခြေအနေတစ်ခု တည်ဆောက်နိုင်ရမယ်…

ဒီ အချက်တွေဟာ ကျွန်တော် ဖတ်ခဲ့သမျှ စိမ့်ဝင်နေခဲ့တဲ့ စာတွေ ရှိစုမဲ့စု အတွေ့အကြုံတွေ ကနေ တွေးထုတ်လိုက်မိတဲ့ အချက်တွေပါ …
ကျွန်တော် ကိုယ်ပိုင် အတွေးအခေါ်မဟုတ်ပါဘူး…
ကျွန်တော် စုစည်းပေးလိုက်တဲ့ အတွေးအခေါ်သာ ဖြစ်ပါလိမ့်မယ် …

လူငယ်တွေ အတွက် ( စိတ်ကို ဖွင့်ထားဆဲ လူလတ်ပိုင်းနဲ့ လူကြီးပိုင်း အချို့ အတွက် ) ရည်ရွယ်ပြီး ဒီ စာစုကို ရေးဖြစ်ပါတယ် …
တိကျ သေချာတဲ့ အကျိုးကျေးဇူး တစ်ခုခု ရဖို့ မျှော်လင့်မိပါတယ် …
လက်ဆင့်ကမ်း ဖတ်စေချင်သူများရှိရင် လွတ်လပ်စွာ တဆင့် ( Share ) မျှဝေနိုင်ပါတယ် …

“အားလုံးပဲ ပန်းတိုင်တွေ့ပြီး တွေ့သော ပန်းတိုင် အရောက်လှမ်းနိုင်ကြပါစေဗျာ ”

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Copyright © All rights reserved. Newsphere by AF themes.