Thu. Jun 27th, 2019

ဘာသာရေးအကြောင်းပြပြီး အလှူခံနေတာတွေနှင့်ပတ်သတ်၍ ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး၏ မိန့် ကြားချက်

ဘုန်းကြီး တလောကစင်္ကာပူက အဘိဓမ္မာသင်တန်းပို့ချဖို့ပင့်လို့ သွားတယ်။ဒါကို အလှူခံကြတယ်။

ဘုန်းကြီး ကျန်းမာရေးမကောင်းလို့ ဆေးကုဖို့”လို့ပြောပြီးအလှူခံကြတာ..သိပ်ဝမ်းနည်းစရာကောင်းတယ်….

တစ်ခါ ဒကာတစ်ယောက်ကလည်း လျှောက်ပြန်တယ်..ဘုန်းကြီးကျောင်း ဆောက်ဖို့လိုရင်

အလှူခံဖြတ်ပိုင်းရိုက်ပေးပါအလှူခံပေးပါ့မယ်”တဲ့..

ဒါတွေက တော်တော်မကောင်းတဲ့ ကိစ္စတွေပဲ..

ဘုန်းကြီး ငယ်ငယ်တုန်းကရဟန်း ဒါယကာတွေက “လိုတာပြောပါ”

ဆိုပြီးပြောလွန်းလို့ (၂)ခါလောက်ပဲ တောင်းဖူးတယ်..

နောက်တစ်ခု…တရားပွဲတွေမှာ အလှူခံဖလားတွေ ချထားတယ်..တရားလာနာတဲ့ လူတစ်ယောက်ဟာ ဒါကိုမြင်ပြီး သူ မလှူနိုင်တဲ့အခါ…

သူ့ စိတ်ထဲ စနိုးစနောင့်ဖြစ်သွားတယ်ဆိုရင် ဒါဟာ မကောင်းတော့ဘူး..

ပိုက်ဆံပေးပြီးမှ တရားနာရတယ်ဆိုရင်…ဘုန်းကြီးတို့က တရားကို ရောင်းနေသလိုဖြစ်နေမယ်..

ရောင်းရအောင်ကလည်း ကိုယ့်တရားမဟုတ်ဘူး..

ဘုရား တရားတော်တွေ…တချို့နေရာတွေမှာဆို…လမ်းကိုပိတ်ပြီးတော့တောင် အလှူခံတာတွေ့ရတယ်..

သဒ္ဓါရှိတဲ့သူက လာ လှူတာမျိုးမဟုတ်ဘဲ…ကြိုနေစောင့်နေပြောဆို အလှူခံနေရင် ဒါတောင်းနေတာနဲ့ အတူတူပဲ…

ဒါကို လက်ခံရင်…ဘုန်းကြီးတို့ သူတောင်းစားဖြစ်သွားမယ်…ဒါကြောင့် ဘုန်းကြီးတို့ တရားပွဲတွေမှာ စာအုပ်တို့ အခွေတို့ အရောင်းမခံဘူး…

ဘုန်းကြီးက ရောင်းတယ် ရောင်းခိုင်းတယ်ထင်မှာကို သိပ်စိုးရိမ်တယ်…ဘုန်းကြီးတို့ ဆရာသမားမထေရ်ကြီး တစ်ပါးဆို သူ့ ဒါယကာတွေက “ဘာလိုလဲဘုရား”လို့မေးတော့…

သဒ္ဓါရှိသလောက်ကြည့်လှူ” ဘာလိုလဲ နောက်မမေးနဲ့”လို့ ပြောတာ တွေ့ဖူးတယ်..တမင်ကြီး အလှူပေးချင်အောင် ပြောနေစရာမလိုဘူး..

သဒ္ဓါရှိတဲ့ သူက လိုက်ရှာပြီးတောင်လှူတယ်…တရားကို ဟောတဲ့နေရာမှာလည်း ဘုန်းကြီးတို့ ဘုရားညွှန်ကြားချက်အတိုင်း ဒေသနာစဉ် အတိုင်းဟောတယ်..

အကြောင်းပြချက်ခိုင်လုံတဲ့ တရားပဲ ဟောတယ်.. တရားနာသူတွေအပေါ်မေတ္တာနဲ့ ဟောတယ်..မသိကြသေးတာ သိကြပါစေ ဆိုတဲ့ စေတနာနဲ့ ဟောတယ်.. ကိုယ့်ဂုဏ်ကိုမြှောက် သူများကိုနှိမ်တဲ့ တရားမျိုး မဟောဘူး..

မြတ်စွာဘုရားက တပည့် သံဃာတွေကိုလည်း ဒီလို တရားတွေဟောဖို့ တိုက်တွန်းခဲ့တာပါ..ဒါကို လိုက်နာဖို့အရေးကြီးပါတယ်…

ပါချုပ်ဆရာတော်ကြီး စေတနာမေတ္တာအရင်းခံဖြင့် မျှဝေပူဇော်ပါသည်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Copyright © All rights reserved. Newsphere by AF themes.