Oops! It appears that you have disabled your Javascript. In order for you to see this page as it is meant to appear, we ask that you please re-enable your Javascript!

ကြိုးစားရှာ ချွေတာသုံး မဖြုန်းနဲ့ စုစောင်းထား ဒီစကား အရွယ်အိုမှ သိလိမ့်မည်

လူတစ်ယောက် အိုဇာတာကောင်းဖို့ဆိုတာသန်တုန်းမြန်တုန်း အရွယ်ကောင်းတုန်းအချိန်ကတရားသောနည်းလမ်းဖြင့် မပျင်းမရိ အလုပ်တွေကြိုးစားလုပ်ကိုင်ပြီးပစ္စည်းဥစ္စာတွေ ရှာဖွေစုဆောင်းထားမှသာလျှင်နောင်ရေးအတွက် စိတ်အေးရမှာဖြစ်ပါတယ်။

ငယ်ရွယ်တုန်းမှာ ပစ္စည်းဥစ္စာမရှိတာ မသိသာပေမယ့်အိုမင်းမစွမ်းတဲ့အချိန်မှာ သိသာလာပါလိမ့်မယ်

အိုမင်းမစွမ်းတော့မှ ရှာဖွေစုဆောင်းထားတဲ့ ပစ္စည်းဥစ္စာမရှိတော့မှသန်တုန်းမြန်တုန်း အရွယ်ကောင်းတုန်းအချိန်က

ပျင်းရိမှု့တွေကို နောင်တရပြီးအလုပ်တွေကို ကြိုးစားလုပ်ကိုင်ချင်ပါသော်လည်းအသက်အရွယ်ကြီးပြီဖြစ်သောကြောင့်ဘယ်သူကမှ ခေါ်ပြီး မခိုင်းချင်။သနားလို့ ခေါ်ခိုင်းတယ်ဆိုရင်ဘဲထားစိတ်သွားတိုင်း ကိုယ်မပါတော့တဲ့ အရွယ်အိုဘဝ ရောက်သွားပြီလေ။

သားသမီးတိုင်းကလည်း မိဘကျေးဇူးကိုပြန်ဆပ်နိုင်ဖို့ဆိုတာ မသေချာပါဘူး။သူတို့မှာလည်း အခက်အခဲတွေ ရှိနေတတ်ပါတယ်။

ငယ်ရွယ်စဉ်မှာ ရှာဖွေစုစောင်းထားခြင်း မရှိလျှင်အားလုံးရဲ့အလယ်မှာ မျက်နှာငယ်ရမယ် ဒုက္ခရောက်ရမယ် အပယ်ခံဘဝနဲ့ အထီးကျန်ပြီးဘဝနေဝင်သွားရလိမ့်မယ်။

ထို့ကြောင့် ….အရွယ်မလွန်ခင် ကြိုးစားပါ မတွေဝေပါနှင့် ရိုးသားပါ မကောက်ကျစ်ပါနှင့် အလုပ်လုပ်ပါ မပျင်းပါနှင့် ချွေတာပါ မဖြုန်းပါနှင့်ဒါမှသာလျှင်အိုဇာတာကောင်းပြီးနောင်ရေးအတွက် စိတ်အေးချမ်းရမှာ ….

credit-Ma Pui

လေးစားစွာဖြင့်

A.M.Thu. (Shwe Thae Myay)

ဘဝသမားများအတွက် အားဆေးတစ်ခွက်

စာဖတ်ခြင်းဖြင့် မိမိကိုယ်ကို မြှင့်တင်၍အိပ်စက်ခြင်းဖြင့် မိမိကိုယ်ကို အနားယူပါ ။

အလုပ်လုပ်ခြင်းဖြင့် မိမိကိုယ်ကို ဂုဏ်ယူပြီး ပေးကမ်းစွန့်ကြဲခြင်းဖြင့် မိမိကိုယ်ကို ပီတိဝေဖြာပါ ။သည်းခံခြင်းဖြင့် မိမိကိုယ်ကို ရပ်တည်ကာ ရုန်းကန်ခြင်းဖြင့် မိမိကိုယ်ကို ထုဆစ်ပါ ။

ယုံကြည်မှုဖြင့် မိမိကိုယ်ကို လျှောက်လှမ်းပြီးတော့ ကြိုးစားမှုဖြင့် မိမိကိုယ်ကို ပန်းတိုင်ကို ဆွတ်ခူးပါ။

ဖေးမမှုဖြင့် မိမိကိုယ်ကို ပြုပြင်ပေးနေ၍ သွန်သင်မှုဖြင့် မိမိကိုယ်ကို ဆုံးမပါ ။

ပျော်ရွှင်ခြင်းဖြင့် မိမိကိုယ်ကို ချမ်းသာသုခရှာဖွေ၍ ဝမ်းနည်းခြင်းဖြင့် မိမိကိုယ်ကို မျှဝေခံစားပေးပါ ။

ရင့်ကျက်မှုဖြင့် မိမိကိုယ်ကို လူကြီးဖြစ်အောင်နေ၍အေးချမ်းမှုဖြင့် မိမိကိုယ်ကို ခေါင်းချထွက်ခွါသွားပါ ။ဒါဟာ လူ့ဘဝပါ အဲ့ဒါကြောင့် လူပီသဖို့တော့ လိုမယ်။

မိမိဟာ သူတစ်ပါးအပေါ် ရန်ငြိုးမထားရဘူး။

မိမိဟာ သူတစ်ပါးအပေါ် မယုတ်မာရဘူး။

မိမိဟာ သူတစ်ပါးအပေါ် မကောက်ကျစ်ရဘူး။

မိမိဟာ သူတစ်ပါးအပေါ် အမုန်းမပွားရဘူး။

မိမိဟာ သူတစ်ပါးအပေါ် မရိုင်းစိုင်းရဘူး။

မိမိဟာ သူတစ်ပါးအပေါ် မတိုက်ခိုက်ရဘူး။

မိမိဟာ သူတစ်ပါးအပေါ် မနာလိုစိတ်မမွေးရဘူး

မိမိဟာ သူတစ်ပါးအပေါ် အလိုမတူသလိုမဆက်ဆံရဘူး။

လူ့ဘဝမှာ လူတော်တစ်ယောက်ဖြစ်ဖို့ထက် လူကောင်းတစ်ယောက်အဖြစ် ရှင်သန်သွားမှာပါ ။

မိမိကို မလိုအပ်ဘူးထင်တဲ့သူတွေ စွန့်ပစ်သွားလည်းမိမိကို လိုအပ်လာမယ့်သူများအတွက်အကောင်းဆုံး နေထိုင်သွားမယ်။

ဘဝထဲက ဘဝသမားများအတွက် ဘဝစာပေတစ်ရပ်ပါပဲ ဖတ်မိသူတိုင်းမိမိဘဝကို မိမိနားလည်သဘောပေါက်ကြပါစေ။

Credit:နွေမိုးသား

လက်ရှိ မေတ္တာသုတ်ရွတ်နေသူများပိုပြီးအကျိုးသက်ရောက်မှုရှိစေရန် မေတ္တာပွားများပါ

လက်ရှိ မေတ္တာသုတ်ရွတ်နေသူများ”

“ပိုပြီးအကျိုးသက်ရောက်မှုရှိစေရန် မေတ္တာပွားများပါ”

မေတ္တာသုတ်ကို နေ့စဉ်ရွတ်လို့ရှိရင် အန္တရာယ်တွေကင်းတယ် လို့

ဒီမေတ္တသုတ်ထဲမှာ ပြဆိုထားတဲ့စကား တစ်လုံးမှမပါဘူး..

သို့သော် အများက ဒီအတိုင်းပဲ ယုံကြည်နေကြတယ်..

မိုးကုတ်ဆရာတော်ကြီးပြောတဲ့ စကားလုံးနဲ့ ပြောရမယ်ဆိုရင်

“တို့လူတွေက သောက်ဆေးကို လိမ်းဆေးလုပ်နေကြတယ်”တဲ့..

သောက်ရမှာကို မသောက်ပဲနဲ့ လိမ်းဆေးအဖြစ်အသုံးပြုနေလို့ရှိရင်

အကျိုးသက်ရောက်မှု အားနည်းမယ်..

သောက်ရမယ့်ဆေးက သောက်ကိုသောက်မှ အကျိုးသက်ရောက်မှာနော်..

ဒါကြောင့် မေတ္တာဆိုတာ ဘာဝနာတရားဖြစ်လို့ ပွားများကြရမယ်..

မေတ္တာဆိုတဲ့တရားက ရွတ်ဖတ်ရမယ့်တရားမဟုတ်ဘူး..

ပွားများရမယ့်တရားဖြစ်တယ်..

မေတ္တာဟာ ကမ္မဌာန်းပဲ..

များသောအားဖြင့် ဝိပဿနာတရားအားထုတ်တာမှ ကမ္မဌာန်းလို့

ယူဆနေကြတယ်..

မေတ္တာပို့နေတာ ပွားများတာဟာလည်း ကမ္မဌာန်းပါပဲ..

သမထကမ္မဌာန်းထဲမှာ ပါပါတယ်..

ဒါကြောင့် မေတ္တာသုတ်နဲ့ပတ်သက်လာလို့ရှိရင်

ရွတ်ရမှာသက်သက် မဟုတ်ဘူး..

နာရမှာသက်သက် မဟုတ်ဘူး..

ပွားများကြရမှာ ဖြစ်ပါတယ်..။

ပါချုပ်ဆရာတော်ဘုရားကြီး

စေတနာမေတ္တာအရင်းခံဖြင့် မျှဝေပူဇော်ပါသည်..။

Thanks: ohmarshin

ယောကျာ်းတွေကိုစိတ်နာ ဒီနေရာကို အတွဲလာ ကွဲစေ ဆိုတဲ့ကျိန်စာ (သို့ မဟုတ်) မိန်းမရဲ တောင်တော် သခင်မ သမိုင်းအကြောင်း

မိန်းမရဲတောင်ရဲ့  အလှ အပကိုစိတ်ဝင်စားလို့  သွားကြဘုရားဖူးကြFacebookမှာ ပုံတွေ ခဏခဏတွေ့  နေရပေမယ့်

အဲဒီတောင်ရဲ့ သမိုင်းကို သေချာရေရာအောင် သိတဲ့သူက ခပ်ရှားရှား . ကျနော်စပ်စု စုံစမ်း မေးမြန်းထားသလောက်က ဒီလိုဗျို့ 

နာမည်က နန်းဧကရီမွှေး ဘုရင့် သမီးတော် တစ်ပါးပေါ့ အချစ်ဆိုတာက ဆန်းကျယ်တယ်လေ သူချစ်မိတာက ကျေးတောသား

ကုမ္မာရ တဲ့ သူတို့ နှစ်ဦး ချစ်ကြည်နူးနေတာကိုဘုရင့် ရွေနားတော်ပေါက်ကြား အမျက်ပွားစေခဲ့တာမဟုတ်လား

မဲရိုးက ဟင်းအိုးကိုမှအားမနာ ကျေးတောသား ကုမ္မာရ လူငနွားကို သတ်စေတဲ့ တစ်ချက်လွှတ် အမိန့် 

ဒီသတင်း နန်းဧကရီမွှေးကြားတော့ ရင်ဝကို ဆယ်ပေါင်တူနဲ့ အထုခံရသလို ထင်ပါရဲ့  ချစ်သူမောင်ကို စိတ်ပူ နန်းတော်က

ခိုးထွက် အချစ်အတွက် ခြေလှမ်းသွက်ခဲ့တယ်ဆိုပါတော့

ကုမ္မာရကျေးတောသားကို လက်ဆွဲ ဘုရင်ကြီးနဲ့ ဝေးရာ ထွက်ပြေးရှာတယ်လေ

အခု မိန်းမရဲတောင်ရဲ အရှေ့  ဘက် ရွာအခွန်တွေကို ကောက်တဲ့ ကင်းတောင်ဆိုတဲ့ နေ ရာအဖြတ်

ဒီနေရာက ဖြတ်သန်းဖို့ အဖိုးခ ငွေတွေ တောင်းတော့ ပေးစရာငွေက နတ္ထိ ကုမ္မာရကျေးတော့သားလေး သွေးပျက်ပြီထင်ပါရဲ့ 

အချစ်ဆိုတာကို ယုံပြီး နန်းတော်က ထွက်ပြေး ဘုရင့်တပ်မတော်နဲ့  ဝေးရာကို ပြေးခဲ့တဲ့ ဘုရင့်သမီးတော် မျက်နှာကိုမှမထောက်

ကင်းခွန်တော် မဆောင်နိုင်လို့ ရာဇဝတ်ဘေးကြောက်ပြီး မင်းသမီးကို ချန်ထား သူ့ရွာလေးကို ပြန်သွားခဲ့တယ်လေ

ဘုရင့်သမီးတော် နန်းဧကရိမွှေးအတွက် အားကိုးစရာ မရှိ ဘုရင့်အမျက်တော်ထိမှာကိုသိပြီး မြင့်မားတဲ့

တောင်ကိုကုတ်တက် တောင်ရဲ့  အနောက်ဘက် ပေ၆၀ခန့် နက်တဲ့ ရေဝဲကြီးထဲ စိတ်ကိုဒုန်းဒုန်းချ အချစ်ကိုစိတ်နာ ခုန်ချလေရှာရဲ့ 

အချစ်ကို ဦးစားပေး ငါကမောင်တော်ကို ရွေးခဲ့တာတောင် ငါ့အချစ်ကို မထောက် ကင်းခွန်ကြောက်လို့  သစ္စာဖောက်ရက်တယ်တဲ့

အစိမ်းသေလို့ မကျွတ်တဲ့ဘဝ အချစ်ကိုစိတ်နာ သူပေးတဲ့ကျိန်စာက ဒီနေရာကို အတွဲလာ ကွဲစေတဲ့ဗျာ

အဲဒီတောင်ကို အရင်က မိန်းမဝဲ တောင်လို့ ခေါ်ဝေါ်ရာကနေ ကာလရွေးလျှား မိန်းမရဲတောင်အဖြစ်ထင်ရှားခဲ့တာလေ

ထူးဆန်းတာကရှိသေးတယ် ယောက်ကော် ဘရသေ့ကြီးပေါ့ သူ့ အိပ်မက်ပေးတဲ့ နန်းဧကရီမွှေးဆိုတဲ့ ရှမ်းမင်းသမီးလေက

မိန်းမရဲတောင်ဆိုတာကို မြန်ပြည်တစ်လွှားမှာရှာ သာသနာပြုပေးပါတဲ့ ယောက်ကော်ဘရသေ့ကြီးလည်း အိပ်မက်အရ

တောင်တော်ကို လိုက်ရှာရင်

တောင်တော်ရဲ့  အရှေ့ဘက် ရွာငံ အောင်ပန်းကားလမ်းမကြီးမှာ ကားကသူ့အလိုလို စက်ရပ်လို့ ကားပျက်သွားခဲ့တယ်ဆိုပဲ

ကားဆရာက ကြိုးစားပြုပြင်ပေမဲ့မရ ညနေညိုစောင်း ကားလမ်းဘေးချုံတောထဲမှ အစိမ်းရောင်ဝတ်

ရှမ်းမလေးတစ်ယောက်ထွက်လာတယ်

ဘရသေ့ ရှာနေတဲ့ မိန်းမရဲတောင်ဆိုတာ ဟောအခုမြင်နေရတဲ့ မြင့်မားတဲ့ေ တာင်ပေါ်ဒဲ့ စကားပြောပြီး ချုံတောထဲပြန်ဝင်

ပျောက်ကွယ်သွားလေရဲ့ 

ဆန်းကျယ်လှပါဘိ. ဒီစာကိုရေးနေရင်းတောင် ကျနော်ကြက်သီးမွှေးတွေတစ်ဖြန်းဖြန်းထ ကြောက်စိတ်တွေ ဝင်နေမိတယ်ဆိုတာ

သမိုင်းအကျဉ်ပြောပြပေးသောမိန်းမရဲတောင်တော် ဂေါပက အဖွဲ့ မှ ဘကြီးမှုံအားကျေးဇူးတင်ရှိပါတယ်

ဖိုးသူတော်

Credit-SaiNaungတောင်တန်းမြေမှမီးအိမ်ရှင်

အထူးခြားဆုံး သာသနာပြုပုဂ္ဂိုလ် (သို့မဟုတ်) မြိုင်ကြီးငူဆရာတော်

🔹အထူးခြားဆုံး သာသနာပြုပုဂ္ဂိုလ် (သို့မဟုတ်) မြိုင်ကြီးငူဆရာတော် (အပိုင်း-၁-)🔹

(ဖြစ်စဉ်-၁)
**“မှောင်ရိပ်ကြားက သေနပ်သမား”**

၁၉၉၄-ခုနှစ်၊ဒီဇင်ဘာလ၏ ချမ်းအေးမှုက မြိုင်ကြီးငူတောအုပ်ကိုဖုံးလွှ မ်းထားသည်။ ညဉ်းသန်းခေါင်ကျော် ၂း၀၀ နာရီအချိန်ဖြစ်သဖြင့် ချမ်းေ အးမှုနှင့်အတူ တိတ်ဆိတ်မှုကလည်း ကြီးစိုး၍နေသည်။ မြိုင်ကြီးငူ သည် ဧရိယာအလွန်ကျယ်ပြန့်သည့် တောကြီးမျက်မည်းဖြစ်သဖြင့် သစ်ပင်ဝါးပင်များဖြင့် စိမ်းစိုပိတ်မှောင်၍နေသည်။ လုံခြုံရေးတာဝန်ယူ ထားကြသူများမှအပ ၀န်းကျင်တခုလုံး လှုပ်ရှားမှုမရှိ ပကတိငြိမ် သက်နေသည်။

မြိုင်ကြီးငူဆရာတော်၏ ဘုန်းရိပ်ကံရိပ်တွင် ခိုလှုံရန်ရောက်ရှိလြာ ကသော K.N.U တို့၏ ဘာသာရေးခွဲခြား ဖိနှိပ်မှုကို မခံနိုင်သဖြင့် ထွက် ခွာလာကြသည့် ဗုဒ္ဓဘာသာဝင် လက်နက်ကိုင်တပ်ဖွဲ့များ။ တိုက်ပွဲများေ ကြာင့် တဖက်ထိုင်း နိုင်ငံသို့ တိမ်းရှောင်နေရာမှ ပြန်လည်ရော က်ရှိ လာကြသူများ နှင့် ကရင်ပြည်နယ် မြောက်ပိုင်းေ တာင်ပေါ်ရွာမှ ရောက် ရှိလာကြသူများဖြင့် မြိုင်ကြီးငူတွင် လူဝင်လူထွက်များပြားသည့်အချိန်ဖြ စ်သဖြင့် ရန်သူ၊မိတ်ဆွေ၊ သူ့လူ၊ကိုယ့်လူ၊ အစိမ်း၊အကျက် ခွဲခြားရန် အလွန်ခက်ခဲ့သည့်အနေအထားဖြစ်သည်။

ထိုအနေအထားကို အခွင့်ကောင်းယူ၍ ဆရာတော်ကိုလုပ်ကြံသတ်ဖြ တ်ရန် ချောင်းမြောင်းနေသူတ ဦးရှိ၏။ ထိုသူကား “စောပိ”ပင်ဖြစ်သည်။ စောပိသည် K.N.U မှ တပ်ဖွဲ့ဝင်တဦးဖြစ်ပြီး အထူးတာ ၀န်ပေးချက်ဖြင့် ဆရာတော်ကို လုပ်ကြံရန် မြိုင်ကြီးငူသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ မြိုင်ကြီးငူဆရာ တော်ထံ ရောက်ရှိခိုလှုံလာကြသူများနှင့် ရောနှောကာ ရောက်ရှိလာခဲ့သည်မှာ (၅)ရပ်တိတိပင်ရှိ ပြီဖြစ်သည်။

သူလိုလိုငါလိုလိုဖြင့် အများနှင့်ရောရောင်နေပြီး ဆရာတော်၏ လှုပ်ရှား မှုကို အသေးစိပ်လေ့ လာနေ၏။ ဆရာတော်သည် တရားထိုင်ပြီးသည့်အချိန်၂း၀၀ နာရီဝ န်းကျင်တွင် မယ်တော်ကြီးရှိရာ ဇရပ်သို့ ညစဉ် သွားတတ်သည်ကို တွေ့ရ၍ ထိုအချိန်သည် လုပ်ကြံရန်အကောင်းဆုံးအချိန်ဟု သတ်မှတ်ထားသည်။

စောပိသည် ဒီညတော့ မြိုင်ကြီးငူဆရာတော်ကို အပြီးလုပ်ကြံရန် ဆုံးဖြ တ်၍ ၀ါးရုံအတွင်းမှစောင့် ဆိုင်းနေ၏။ ဆရာတော်ကို လုပ်ကြံပြီးလျှင် ချီးမြှင့်မည့် ငွေးကြေးများကို မြင်ယောင် စိတ်ကူးရင်း လုပ်ကြံဖို့အရေးကို မစောင့်နိုင်အောင်ပင်ဖြစ်နေသည်။ စောပိ၏ စိတ်ကူးပင်မဆုံးသေး ခပ်လှန်းလှန်း ဆီမှ ခြေသံခပ်အုပ်အုပ်ကိုကြားရသဖြင့် ဆရာတော်ပင်ဖြ စ်မည်ဟု စောပိအတတ်သိလိုက်သည်။

ဆရာတော်သည် တရားထိုင်၊မေတ္တာပွားပြီးသည့်နောက် နောက်ပါသုံးေ လးဦးအတူ မယ်တော်ကြီးရှိရာ ဇရပ်သို့ကြွ၍ ခေတ္တမျှစကားပြောကာ ပြန်ကြွခဲ့သည်။ ဆရာတော်သီတင်းသုံးတော်မူရာ သိမ်းကျော င်းနှင့် မယ်တော်ကြီးနေထိုင်ရာ ဇရပ်သည် အနည်းငယ်လှမ်း၏။

လမ်းတွင်ရေမြောင်းကို ဖြတ်ဆော က်ထားသည့် တံတားငယ်လေးရှိ၏။ ထိုတံတားထိပ်တွင်ရှိသည့် ၀ါးရုံသည် အလွန်အုံကောင်းသည်။ စောပိ သည် ထိုဝါးရုံးမှ ဆရာတော်ကို အပြီလုပ်ကြံရန်စောင့်ဆိုင်း နေခြင်းဖြ စ်သည်။

ဆရာတော်တို့၏ခြေသံများတဖြည်းဖြည်း ကျယ်လောင်လာ၏။ ဆရာေ တ်ာတို့အဖွဲ့ဆီမှ ဓါတ်မီးအလင်း ရောင်သည် နီးသထက်နီးကပ်လာ သည်။ စောပိလည်း အေကေအမျိုးအစားသေနပ်ကို အဆင့်သင့် မောင်း တင်ထားလိုက်သည်။

ဆရာတော်တို့အဖွဲ့သည် တံတားအတိုင်းဖြတ်လျှောက်လာသည်။ စောပိနှင့် အနီးဆုံးနေရာ ပစ်မလွဲနေအရောက်တွင် ဓါတ်မီးရောင်အော က်မှ ထင်ထင်ရှားရှား တွေ့မြင်ရ သည့် ဆရာတော်ကို အသေအခြာချိန် ရွယ်၍ သေနပ်မောင်းကို အတွဲလိုက် ဆွဲညှစ်လိုက်သည်။

“ကလစ်” “ကလစ်”

သေနပ်အတွင်းမှ “ဒိန်း” “ဒိုင်း” ဆိုသည့်အသံအစား “ကလစ်” “ကလစ်” ဟူသော အသံသာထွက်လာသည်။ ကျည်ဆံဖင်ကို မောင်းရိုက်သည့် အသံပင်မထွက်။ ဆရာတော်တို့အဖွဲ့သည် ဓါတ်မီးတ၀င်းဝင်းဖြင့် သိမ်းေ ကျာင်းဆီသို့ ဆက်ကြွသွားကြသည်။

စောပိသည် သေနပ်ကိုအသေအခြာစစ်ကြည့်တော့ မောင်းထိန်းအုံတခု လုံး ပြုတ်ထွက်နေသည်ကို တွေ့ရသည်။ သူ့အရင်က လုပ်ကြံသူများလ ည်း ကျည်မထွက်၍ လုပ်ကြံမှု အထမမြောက် မအောင်မမြင်ဖြစ်သ ည်ကို သိထားသည့်အတွက် သူ့အလှည့်မှာ အောင်မြင်အောင်လုပ်မည် ဟုတွေးပြီး သေနပ်ကြောင့် လွဲချော်တာမျိုး၊သေနပ်ကြောင်တာမျိုးမဖြစ် ရအောင် အကောင်းဆုံး အသစ်လွင်ဆုံး သေနပ်ကိုသာရွေးယူလာ ခဲ့ခြင်းဖြစ်သည်။

မြိုင်ကြီးငူဆရာတော်က သေနပ်ပြီးတယ်ဆိုတဲ့သတင်းကို လူပြောသြူေ ပာအရ သူကြားထားပြီးဖြစ်သော်လည်း မယုံကြည်ခဲ့။ ယခုမူ ကိုယ်တွေ့ ကြုံ နေရပြီဖြစ်သည်။

စောပိစိတ်တွင် ဘယ်လိုဖြစ်သွားသည်မသိ ဆရာတော်မျက်နှာကို ကြ ည့်ချင်စိတ်များ တားမရအောင်ပေါ်ပေါက်လာသည်။ သွားကြည့်လို့ ကံမကောင်း အကြောင်းမလှလျှင် သူ့အသက်ပင် ဆုံးရှုံးရနိုင် သည်ကို စောပိသိပါ၏။ သို့သော် ဆရာတော်မျက်နှာကို ကြည့်လိုစိတ်က သူ့အသ က်သေမှာထက်ပင် အားကြီးနေသည်။ ထို့ကြောင့် ဖြစ်သမျှအကြောင်း အကောင်းဟုဆုံးဖြတ်၍ ဆရာတော်သီတင်းသုံးရာ သိမ်းကျောင်းကို သွားပြီး ဒူးထောက်ထိုင်၍ ဆရာတော်မျက်နှာကို အသေအခြာကြည့်နေ လေတော့၏။

ထိုအချိန်တွင် ဆရာတော်သည် D.K.B.A ဥက္ကဋ္ဌ ပဒိုသာထူးကျော်အပါ အ၀င် ဒကာအချို့နှင့် စကားပြောနေ၏။ အချိန်လည်းမတော် မူလည်း မမှန်သည့် စောပိကိုတွေ့တော့ ဒကာများက စောပိကို မေး၏။

“ဒီအချိန်ကြီး ဘာလာလုပ်တာလဲ”

“ဆရာတော်ကို ကြည့်ချင်လို့လာတာ”

“ဒါဆိုလည်း ဆရာတော်ကိုရှိခိုးလေ”

“ငါဗုဒ္ဓဘာသာမဟုတ်ဘူး၊ ရှိမခိုးတတ်ဘူး”

စောပိကို မှတ်မိသွားသည့် ရဲဘော်လေူတယောက်က “ဒီလူကို ဒီမြိုင်ြ ကီးငူမှာ တွေ့နေတာ လေး၊ငါးရက်ရှိပြီး၊ ဒီအချိန်ကြီးကျမှ ဆရာတော်ကို ကြည့်ချင်တယ်ဆိုတော့ အကြောင်းတော့ရှိရမယ်” ဟု ပဒိုသာထူးကျော် ကို ခပ်တိုးတိုးပြောလိုက်သည်။ ဒီတော့မှ ပဒိုသာထူးကျော်က စောပိကို မေးစစ်တော့၏။

”မင်း ဒီအချိန်ကြီးကျမှ လာတာ အကြောင်းတခုခုတော့ရှိရမယ်၊ မှန်မှ န်ဖြေပါ”

”ဟုတ်ပါတယ်၊ ကျနော်က K.N.U ကပါ ဆရာတော်ကို လုပ်ကြံဖို့ လွှတ် လိုက်တာပါ။ ခုနက ဆရာတော်ပြန်လာတော့ တံတားထိပ်က ၀ါးရုံ ထဲ ကနေ သေနပ်နဲ့ပြစ်တာ၊ ကျည်းဆံမထွက်လို့၊ စိတ်ထဲက ဆရာေ တ်ာကို ကြည့်ချင်စိတ်ပေါက်လို့လာခဲ့တာပါ။ အလင်းလဲ ၀င်ချင်ပါတယ်”

အလင်းဝင်သည်ဆိုသည်မှာ ခရစ်ယာန်ဖြစ်သဖြင့် မပြောတတ်ပြောတ တ်ဖြင့် သူနားလည်သလို ပြောလိုက်ခြင်းဖြစ်သည်။ အမှန်မှာ ဗုဒ္ဓဘာ သာအဖြစ်ကူးပြောင်း၍ မြိုင်ကြီးငူမှာပင် ဆရာတော်မေ တ္တာရိပ်တွင် နေလိုကြောင်း ပြောကြားခြင်းဖြစ်သည်။

ဒီတော့မှ စောပိပြောတဲ့ ၀ါးရုံထဲသွားကြည့်တော့ သေနပ်ကို အလုပ်လုပ် သည့် အဓိက မောင်းအုံတခုလုံး ပြုတ်ထွက်နေသည်ကို တွေ့ရသည်။

အကြောင်းစုံကို ဆရာတော်ကို ပြန်လျှောက်တော့

“အင်း သင်းတို့က ဘုန်းကြီးကို လုပ်ကြံသတ်ဖြတ် ချင်တာ အခုမှမဟုတ် တာဘဲ။ ဒီမြိုင်ကြီးငူကို တရားထိုင်ဖို့တောထွက်လာအပြီး သာသနာပြုခ ရီး စတော့မယ်ဆိုကတည်းက အကြိမ်ကြိမ် လုပ်ကြံခဲ့ကြတာ”ဟု တည်ြ ငိမ်စွာမိန့်တော်မူလိုက်ပါတော့ သည်။

{ဆက်လက်ဖော်ပြပါမည်}

➖သုခိတာ ဟောထ၊ ဒုက္ခာ မုစ္စထ➖

(ချမ်းသာဟူသမျှ ပြည်စုံကြပါစေ၊ ဆင်းရဲမှန်သမျှ ကင်းဝေကြပါစေ)

☸️ဓမ္မ၀ီရ ဒေါက်တာတေဇနိယ☸️

%d bloggers like this: