Oops! It appears that you have disabled your Javascript. In order for you to see this page as it is meant to appear, we ask that you please re-enable your Javascript!

မိဘတွေမရှိတော့လို့ မောင်လေးနှစ်ယောက်ကို ဦးဆောင်ဦးရွက်ပြုနေတဲ့ (၁၀) နှစ်အရွယ်ကောင်မလေး

ငယ်ရွယ်ချိန် ကလေးဘ၀မှာ အားလုံး လိုလိုဟာ ဆော့ကစားရင်း ကိုယ့်ရဲ့ အနာဂတ်ရေး အတွက် သူငယ်ချင်းများ နဲ့ပျော်ရွှင်စွာ စာသင်ယူရင်း ဘ၀ကို အပူအပန်မ ရှိဖြတ်သန်းလို သူချည်းပါပဲ ။ ဒါပေမယ့် Nantang ဆိုတဲ့ရွာငယ်လေးက 10 နှစ်အရွယ် Xiao Ying အတွက်တော့ အခွင့်မသာခဲ့ ပါဘူး ။

ဖခင်ဆုံးပါးသွား တဲ့နောက် တာဝန်ဆက် မယူလိုတဲ့မိခင် ရဲ့ချန်ရစ်ခံခဲ့ရတဲ့နောက် တာဝန်မှန်သမျှ မိမိခေါင်းပေါ်ပုံကျ လာချိန် မိမိရဲ့အရာ အားလုံးထက် မောင်နှစ်ယောက်ဖြစ်သူက ဦးစားပေးနေရာကိုရောက် လာပါတယ် ။

မောင်နှစ်ယောက်ဖြစ်သူ အတွက် ချက်ပြုတ်ပေး၊ အ၀တ်တွေလျှော်ပေး ၊ကျောင်းပို့ပေး၊ အိမ်ရောက်ရင်လည်း နွေးနွေးထွေးထွေး အချိန်ယူ၊ အိမ်မှုကိစ္စမှန်သမျှကို မိဘတွေကိုယ် စားနေရာယူလုပ်ကိုင်ရင်း မအားမလပ်ဖြစ်နေတဲ့ သူမဟာ ဦးလေးဖြစ်သူမှ မောင်နှစ်ယောက်အား မွေးစားမယ့်သူတွေ ဆီပေးလိုက်ဖို့ တောင်းဆိုသော်လည်း လက်မခံခဲ့ချေ။

သူမရဲ့မောင်လေးများကို အဝေးကိုခေါ်ယူသွားဖို့ ဘသူ့ကိုမှခွင့် မပြုသလို သူတို့လေးတွေအတွက် ဖခင်အနေနဲ့ရော မိခင်အနေနဲ့ရော သူမပဲဖြစ်စေရမယ်ဟု ကြုံးဝါးလေ့ရှိသူပါ ။ သူမရဲ့မောင်နှစ်ယောက်နဲ့ ဘ၀ကို ခက်ခဲစွာရုန်းကန်နေ ရသည့်တိုင် သူမဘ၀ကိုရော သူမမောင်လေးတွေ အပေါ်ရော အရှုံးပေးဖို့ ဘယ်တုန်းကမှ မတွေးဖူးပါဘူး ။

သွားဘလိုတိုက်ဖို့ကအစ ကျောင်းစာကို အသေကြိုးစားဖို့အပါအ၀င် သိသင့် သိထိုက်တဲ့ အရာမှန်သမျှကို မောင်နှစ်ယောက်အား ဆုံးမသင်ကြားပေးနေတဲ့ အစ်မတစ်ယောက် လည်းဖြစ်ပါတယ် ။နေ့စဉ်နဲ့အမျှ ချက်ပြုတ်ဖို့ ရေဆွဲတာကအစ၊အ၀တ်လျှော်၊ အိမ်မှုကိစ္စမှန်သမျှကို အရွယ်နဲ့မမျှအောင် လုပ်နေရသည့်တိုင် အမှတ်ကောင်း ရဆဲကျောင်းသူတစ်ယောက်ဖြစ်သလို ကျောင်းရဲ့စံပြကျောင်းသူ တစ်ယောက်လည်းဖြစ် ပါတယ် ။

ဒီလိုကြေကွဲစရာ သူမရဲ့ဖြစ်ရပ်ကိုကြား သိရတဲ့နောက် သူမရဲ့ကျောင်း ကနေပြီးတော့ သူမအတွက်ဦး တည်ပြီး အလှူခံခဲ့ပါတယ်။ သူမရဲ့အခြေအနေကို သိတဲ့ချိန် များစွာသောစေတနာ ထက်သန်သူတွေဟာ ငွေကြေးနဲ့နေ့စဉ် လိုအပ်တဲ့ပစ္စည်းအသုံး အဆောင်တွေကို လှူဒါန်းခဲ့ကြ ပါတယ်…။ ။

ယုံကြည်မှုကိုတန်ဖိုးထားရင် အဲ့ယုံကြည်မှုကပဲ ကိုယ့်ကိုအောင်မြင်မှုဆီခေါ်ဆောင်ပေးတတ်တယ်

ကိုယ်ပိုင်အရင်းအနှီး

စတီးမစ် ဒေါ်လာလမ်းမကြီးထက်က ရွှေမြန်မာအားလုံး မင်္ဂလာပါဗျာဒီနေ့အတွက် ပို့စ်တစ်ပုဒ်ရေးဖို့ပြင်ဆင်ရင်း အရင်းအနှီးဆိုတဲ့ စကားလုံးလေးကို မှတ်သလောက် ခံစားမိသလောက်
အနည်းငယ် ချရေးကြည့်ပါရစေဗျာ။ အချိန်တန်အရွယ်ရောက်လို့ မိဘတွေရဲ့နွေးထွေးလုံခြုံတဲ့ အသိုက်အမြုံလေးကနေ
စတင်စွန့်ခွာလာပါပြီ ဆိုကတည်းက စားဝတ်နေရေးအတွက် အလုပ်တစ်ခုတော့ မလွဲမသွေလုပ်ကြရပါလိမ့်မယ်။
အသိပညာ အတက်ပညာရှင်များကလည်း မိမိတို့ရဲ့ဆိုင်ရာအလုပ် သင့်တော်ရာနေရာ မှာဝင်ရောက်လုပ်ကိုင်ကြပါမယ်။
အတက်ပညာနဲ့ မဟုတ်ဘဲ အရောင်းအ၀ယ်အလုပ်လုပ်ကြမယ်ဆိုရင်လည်း ငွေရင်းငွေစလေးတော့ ရှိဖို့လိုအပ်ပါလိမ့်မယ်။
ဒီလိုမှမဟုတ် ရင်းနှီးစရာငွေစ ကြေးစမရှိဘဲ အလုပ်တစ်ခုရင်းနှီးလုပ်ကိုင်ချင်တယ်ဆိုရင်တော့ သူတစ်ပါးဆီက ငှားရမ်းအ
ကူအညီတောင်းကာ လုပ်ကြရပေမည်ပေါ့။

မျက်စိရှေ့မှာတင် အရောင်တဖိတ်ဖိတ်တောက်သွားသည့် ကျောက်တစ်ပွင်လို့ လူစွမ်းကောင်းပေါ့ဗျာ။သူ့ကဒီလိုလူပါ…….
ဒီမြို့ပေါ်ကိုတက်လာတုန်းကတော့ အ၀တ်တစ်ထည် ကိုယ်တစ်ခုနဲ့ပါဘဲ။ အရင်းအနှီးဆိုလို့ လျှာနဲ့သွားဘဲပါတယ်။ လွန်ခဲ့တဲ့
နှစ်အနည်းငယ်ကပေါ့။ သိပ်မကြာပါဘူး အလုပ်တွေကြိုးစားလုပ်ကိုင်ရင်း စည်းကမ်းတကျနဲ့ နေထိုင်စုဆောင်း လိုက်သည်မှာ
ကိုယ်ပိုင်လုပ်ငန်း ကိုယ်ပိုင်တိုက် ကိုယ်ပိုင်ကား ဒါတွေအပြင် ချစ်စရာကောင်းတဲ့ရင်နှစ်သည်းခြာ သားသမီးလေးတွေနဲ့
အောင်မြင်တဲ့မိသားစုတစ်ခုကိုပါ တည်ဆောက်ယူပြ လုပ်ပြသွားတဲ့ မိတ်ဆွေတစ်ယောက်လဲ ဟိုတလောကမှ သူ့ရပ်ဌာနေကို
အောင်မြင်စွာနဲ့ ပြန်လို့သွားခဲ့ပါတယ်။သူအမြဲတမ်း ဂုဏ်ယူပြောတက်တာကတော့ ငါ ဒီမြို့ကိုတက်လာတုန်းက လက်ထဲပိုက်
ဆံဆိုလို့ တစ်ပြားမှမပါဘူး အ၀တ်တစ်ထည်ကိုယ်တစ်ခုနဲ့တက်လာတာ အရင်းအနှီးဆိုလို လျှာနဲ့သွားဘဲပါတယ်။ အဲ့သလိုအမြဲ
ပြောတက်ပါတယ်။တကယ်လဲ တော်တဲ့လူပါ။ တကယ်ကံကောင်းတဲ့လူပါ။အများတကာ ငေးမောအားကျစရာကောင်းအောင်ကို
အောင်မြင်တဲ့ လူတစ်ယောက်ပေါ့ဗျာ။ သူ့ရဲ့ထူးခြားမှုအရည်အသွေးကတော့ ရိုးရိုးလေးပါဘဲ ။သူပေးပြီးသားဂတိကို တည်ပါတယ်။
ဘာအကြောင်းနဲ့မှ ဂတိမပျက်ဖူးပါဘူး။သူနဲ့ပါတ်သက်ဆက်ဆံသူမှန်သမျှ မည်သူကမဆို သူပြောသမျှယုံပါတယ် သူနာမည်တစ်
လုံးနဲ့တင်ကိုဘဲ အလုပ်များစွာလုပ်လို့ရပါတယ်။အဲ့ဒီလိုလူစားပါ။ယုံကြည်မှု တစ်ခုကိုအခိုင်အမာတည်ဆောက်ပြီး ဂတိမတည်သော
လူလည်ကျတက်သူတွေကြားမှာ နာမည်တစ်လုံးနဲ့ ချမ်းသာသွားသူလို့ အများကလက်ခံရတဲ့အထိပါဘဲ။ယုံကြည်မှုက စီးပွားဖြစ်
စေနိုင်တယ်လို့ ဆိုရမလိုပါဘဲ။

ဒီနေ့ကြုံရတဲ့ လူငယ်လေးကတော့ တစ်မျိုးပါ။ မိတ်ဆွေတစ်ယောက်ရဲ့ ကားကိုသူက ငှားမောင်းပါတယ် အုံနာကြေးကို ငါးရက်
တစ်ခါပြည့်မှ ရှင်းရပါတယ်။ စပေါ်ငွေလဲမတင်ရပါဘူး။ ကြိုငွေလဲမသွင်းရပါဘူး။ ငါးရက်ပြည့်မှ တစ်ခါအုံနာကြေးသွားပေးရုံပါ
ဘဲ။အဲ့ဒီကောင်လေးကို ရင်းနှီးချစ်ခင်သောကြောင့် ထုံးစံအတိုင်း မိတ်ဆွေရဲ့ကားလေးငှားနိုင်အောင် အာမခံပေးထားသည်ပေါ့။
အခုတလော ဘယ်လိုဖြစ်သည်မသိပါဘူး ဒီကောင်လေးက ကားပိုင်ရှင်ထံ အုံနာကြေးမပေးတာ ရက်နှစ်ဆယ်လောက်ရှိပြီပေါ့။
လူလဲမလာ ကားလဲမလာ အုံနာကြေးလဲမမြင်ရတော့ မိတ်ဆွေက ဖုန်းဆက်လို့တိုင်ပါရော။ ကိုယ်လဲမနေသာသည်မို့ ကောင်လေး
ရဲ့အိမ်ကို လိုက်သွားကြည့်ရပါတယ်။ ထုံးစံအတိုင်းပါဘဲ အဆင်မပြေလို့ပါ မပေးနိုင်သေးပါ ဒုတိယမြောက် ကလေးငယ်လေး
မွေးနေလို့ မွေးစားရိတ် စားစရိတ် အိမ်ခန်းခ ……. ကုန်ကျငွေတွေများနေလို့ အဆင်မပြေဖြစ်နေတာသိရပါတယ်။ ကားပိုင်ရှင်
ကတော့ သဘောကောင်းပါတယ်။မိမိလည်း တက်နိုင်သမျှ ညှိနှီုင်းပေးရသည်ပေါ့။ အရင်က လက်ကျန်ငွေတွေ မပေးနိုင်တာ
ခဏစောင့်ပေးပါ။ အဆင်ပြေတဲ့အခါ ဆပ်ပါ့မယ်။ အခုတော့ ကားကိုပြန်မသိမ်းပါနဲ့ဦး။ သူလဲ ကလေးနှစ်ယောက်နဲ့ စားဝတ်နေ
ရေးဒုတ်ခဖြစ်လိမ့်မယ်။ နောက်ရက်ကစပြီး တစ်ရက်တစ်ခါ အုံနာကြေးလာသွင်းခိုင်းမယ် ဒီလိုဆို နှစ်ယောက်လုံးအဆင်ပြေပေါ့။
ကားပိုင်ရှင်က သဘောတူ ကောင်လေးလဲ အဆင်ပြေသွားသည်။

နောက်ထပ် ဆယ်ရက်လောက်အကြာမှာတော့ ကားပိုင်ရှင်မိတ်ဆွေဖုန်းဆက်လာပါတယ်။ သူ့ကားလေးကို ပြန်သိမ်းလိုက်ပါပြီ
တဲ့။ နေ့စဉ်အုံနာကြေးလဲ လာမသွင်းသလို အဆင်မပြေတဲ့အကြောင်းလေးတောင် စကားအဖြစ်လာပြောဖေါ်မရလို့ စိတ်ထဲမခံ
မရပ်နိုင်ဖြစ်လို့ပါတဲ့။ ကောင်းရောပေါ့ဗျာ…….. ကိုယ်ကတော့ သူ့ကိုအဆင်ပြေအောင် အာမခံအထပ်ထပ်ပေးထားရသည်။သူ
က အလုပ်ကို သေချာမလုပ် ။ အဆင်မပြေလဲ မပြေတဲ့အကြောင်းလေးကို တောင်းပန်စကားဆိုဖို့တောင် မတက်ဘူးဆိုတော့လဲ
မတက်နိုင်ပြီလေ။ တော်ပါသေးသည် အဆင်မပြေလို့ဆိုပြီး ကားကို ပေါင်တာနှံတာတွေများ လုပ်မသွားတာကို တောင် ကျေးဇူး
တင်ရပေဦးမည်။ နေရင်းထိုင်ရင်း အာမခံကောင်းလို့ အိပ်ရာအောက်ရေ၀င်မည့်ကိန်းပါလေ။

ယုံကြည်စိတ်ချရခြင်းသည် တန်ဖိုးမဖြတ်နိုင်သော အရင်းအနှီးကောင်းဖြစ်ပါလေသည်။ ကျသင့်တန်ဖိုးကို ပေးဝယ်လျှင် ပေးသည့်
ငွေနှင့်ထိုက်တန်သမျှကိုသာရပါလိမ့်မည်။ လူဆိုသည့်သဘောကား …..ယုံကြည်ပြီဆိုလျှင်ရှိသမျှကိုပုံလို့ပေးတက်ကြပါသည်။
ယုံကြည်မှုနှင့်အလုပ်လုပ်ကြရသည်။ ယုံကြည်မှုသည် အလုပ်များစွာဖြစ်စေသည်။ဘာအရင်းအနှီးမှမရှိလျှင်လည်း ယုံကြည်ရသည်
ဆိုသည့် အရင်းအနှီးကောင်းလေးတစ်ခုတော့ မိမိတွင်ရှိနေအောင် အစဉ်အားထုတ်သင့်ပေသည်။

စတီးမစ် ဒေါ်လာလမ်းမကြီးပေါ်က ရွှေမြန်မာအားလုံး ချမ်းသာကြပါစေဗျာ
steemit
Author : @bobokyaw

အဖိုးတန်တဲ့လူသား

တစ်ခါတုန်းက ဆရာတစ်ယောက်ဟာ စာသင်ခန်းထဲသို့ ပိုက်ဆံတစ်သောင်းတန်ကို ကိုင်ပြီး ဝင်လာပါတယ်။
ကျောင်းသားတွေကို မေးလိုက်တယ်။
“ဒီ ပိုက်ဆံတစ်သောင်းကို ဘယ်သူတွေလိုချင်ပါသလဲ လက်ထောင်ကြပါ” ။ လက်တွေအားလုံး လေထဲကို မြောက်တက်သွားကြတယ်။

ဆရာက ဆက်ပြောတယ်။
“မင်းတို့အားလုံးထဲက တစ်ယောက်ကို ပေးမလို့ပါပဲ ဒါပေမယ့် စောင့်ပါဦး” လို့ဆိုပြီး ပိုက်ဆံတစ်သောင်းတန်ကို တွန့်ခြေလိုက်တယ်။ ပြီးတော့ ကျောင်းသားတွေကို ဆက်မေးလိုက်တယ်။
“ဒီ ပိုက်ဆံတစ်သောင်းကို ဘယ်သူတွေ ဆက်လိုချင်ပါသလဲ” ။ လက်တွေအားလုံး လေထဲကို မြောက်သွားတုန်းပါပဲ။
ဆရာဆက်ပြောပြန်တယ်။ “ကောင်းပြီ” လို့ဆိုပြီး ပိုက်ဆံတစ်သောင်းတန်ကို ဖိနပ်နဲ့နင်းခြေလိုက်တယ်။ ပိုက်ဆံဟာ အတော်ညစ်ပေပြီး ရုပ်ဆိုးသွားတယ်။ ပြီးမှ သူပြန်ကောက်လိုက်တယ်။
“ကဲ အခုရော ပိုက်ဆံတစ်သောင်း လိုချင်သေးလား ကလေးတို့” ။ စကားသံဆုံးဆုံးချင်းမှာပဲ လက်တွေတော်တော်များများ လေထဲကို မြောက်သွားတုန်းပါပဲ။ ဆရာက အဓိပ္ပာယ်ရှိလှတဲ့ ဆုံးမစကားတစ်ခွန်း ကျောင်းသားတွေကို ပြောလိုက်တယ်။
“ကဲ . . . ကျောင်းသားတွေ အားလုံး အရမ်းကို တန်ဖိုးရှိတဲ့သင်ခန်းစာတစ်ခုကို ရသွားကြပါပြီ။
ဆရာ ပိုက်ဆံတစ်သောင်းတန်ကို ဘယ်လိုပဲလုပ်လုပ် မင်းတို့တွေ လိုချင်ကြတုန်း။ ဘာကြောင့်လဲဆိုတော့ ငွေစက္ကူရဲ့တန်ဖိုး ပြောင်းမသွားလို့ပါ ပိုက်ဆံတစ်သောင်းတန်က သုံးလို့ရနေသေးတယ်လေ”

ကဲ . . . . . ပုံပြင်လေးကတော့ ဒါပါပဲ။ ကျွန်တော်တို့တွေအားလုံး ဘဝမှာ
ကျရှုံးခြင်း၊ နင်းချေခံရခြင်းနှင့် ကျွန်တော်တို့ဆုံးဖြတ်ချက်အမှားတွေကြောင့် စိတ်ဓာတ်နဲ့ဘဝတန်ဖိုးတွေဟာ ပိုက်ဆံတစ်သောင်းတန်လို ညစ်ပတ်နေခဲ့တယ်။ တစ်ခါတစ်ရံ ကိုယ်ဟာ ဘယ်နေရာမှ အသုံးမဝင်ပါဘူး၊ တန်ဖိုးမရှိပါဘူးလို့ တွေးနေတတ်ကြတယ်။ ဘယ်လိုပဲမှားခဲ့ပါစေ၊ ဘာတွေပဲဖြစ်ခဲ့ပါစေ၊ ကိုယ့်ရဲ့တန်ဖိုးကို ဘယ်တော့မှ မဆုံးရှုံးပါစေနဲ့ ။ အဖိုးတန်တဲ့လူသားဖြစ်အောင် ကြိုးစားသင့်ပါတယ်။

ကျော်စိုးအောင် (အခရာ)

အသက်၂၀ကျော်လူငယ်များအတွက်

အသက် (၂၀)ကျော်အရွယ်ဟာ ဘ၀မှာ အကောင်းဆုံးအချိန် ဖြစ်ပါတယ်။

ခန္ဓာကိုယ်မှာအပြောင်းအလဲတွေဖြစ်လာသလို မိဘတွေကလည်း အရွယ်ရောက်လာသူတစ်ယောက်အနေနဲ့ ဆက်ဆံလာချိန်ဖြစ်ပါတယ်။ ပြီးတော့ ဒီအရွယ်မှာ ငွေရှာဖို့အတွက်ကိုလည်း အရမ်းကိုစိတ်အားထက်သန်နေပြီ ဖြစ်ပါတယ်။

ဒီအရွယ်မှာ သင့်အနေနဲ့ ဘွဲ့တစ်ခုခုရပြီးသည်ဖြစ်စေ မရသေးဘူးဖြစ်စေ၊

(၂၀)ကျော်အရွယ်နဲ့ နောက်ပိုင်းမှာ အောင်မြင်ဖို့အတွက် စတင်ပြင်ဆင်တတ်ဖို့အရေးကြီးပါတယ်။

အများစုကတော့ ဒီအချိန်မှာ ထူးထူးခြားခြားပြောင်းလဲမှုတွေကိုလုပ်ဆောင်ဖို့နဲ့ ကြီးကြီးမားမားအောင်မြင်မှုကို ရယူဖို့က အရမ်းငယ်သေးတယ်လို့ ယူဆတတ်ကြပါတယ်။

တကယ်တော့ အသက်(၂၀)ကျော်အရွယ်ဆိုတာ သင့်ရဲ့ဘ၀ တလျှောက်လုံးမှာ

အောင်မြင်မှုတွေဆွတ်ခူးရယူနိုင်ဖို့အတွက် အလေ့အကျင့်ကောင်းတွေကို စတင်ပျိုးထောင် မွေးမြူသင့်တဲ့အချိန်ပဲဖြစ်ပါတယ်။

ဒါ့ကြောင့် (၂၀)ကျော်တွေအတွက် ဒီနေ့လုပ် မနက်ဖြန်မှာ ထူးခြားချက်တွေ ခံစားရမယ့် လုပ်ဆောင်စရာ(၇)ခုကို ဖော်ပြလိုက်ပါတယ်။

၁။ လေ့လာသင်ယူပါ။

သင့်ရဲ့ပညာရေးကိုဆုံးခန်းတိုင်ပြီလို့ မသတ်မှတ်လိုက်ပါနဲ့။

ဆက်လက်လေ့လာသင်ယူနေဖို့လိုပါတယ်။ ဒီလိုပြောလို့ အလုပ်ထွက်ပြီး MBA ဘွဲ့သွားယူဖို့ ဆိုလိုတာမဟုတ်ပါဘူး။

သင်တတ်နိုင်သမျှ အရာအားလုံးကို သင်ယူတတ်ဖို့ပဲဖြစ်ပါတယ်။

ဘာမဟုတ်တဲ့အရေးကိစ္စအတွက် အချိန်တွေအလဟဿကုန်ဆုံးနေမယ့်အစား

အခမဲ့တက်ရောက်နိုင်တဲ့ သင်တန်းကျောင်းတွေမှာ လေ့လာသင်ယူပါ။

အချိန်မရှိဘူးဆိုရင်လည်း အွန်လိုင်ကနေ အခမဲ့သင်ကြားပေးနေတာတွေရှိပါတယ်။ ကြိုးစားရှာဖွေ လေ့လာပါ။

၂။ အမှားလုပ်မိဖို့ မကြောက်ပါနဲ့။

အမြန်လှုပ်ရှားရင် မတော်တဆမှုတွေဖြစ်တတ်ပါတယ်။ ဒါပေမယ့် မတော်တဆမှုကိုကြောက်နေရင် မြန်မြန်လှုပ်ရှားနိုင်မှာမဟုတ်ပါဘူး။

လူအများစုက အလုပ်ပြောင်းတာလိုမျိုး ထူးခြားတဲ့ပြောင်းလဲမှုတွေ လုပ်ရမှာကို မှားသွားမလား စိုးရိမ်ကြောက်လန့်တတ်ကြပါတယ်။

သင့်အတွက် တစ်ခုခုအဆင်မပြေဘူးခံစားရရင် ရုန်းထွက်ဖို့အတွက် ကြောက်နေလို့ မဖြစ်ပါဘူး။

နယ်ပယ်သစ်မှာ သင်အခက်တွေ့ချင်တွေ့နိုင်ပါတယ်။

ဒါပေမယ့် ဒီလိုရုန်းထွက်လိုက်မှသာ သင်နဲ့ကိုက်ညီမှုကို ရှာဖွေတွေ့ရှိနိုင်မှာဖြစ်ပါတယ်။

တစ်ခုမှတ်ထားရမှာက သင်ဘယ်ကြိမ်ရှုံးနိမ့်လဲဆိုတာထက် သင်ဘယ်လောက်အောင်မြင်လဲဆိုတာကိုပဲ

လူတွေက အရေးစိုက်ကြတာပါ။

၃။ အသုံးစရိတ်၊ စုဆောင်းမှု နဲ့ ရင်းနှီးမြုပ်နှံမှု

ဒီတစ်ခုကို သင်စိတ်ဝင်စားမှာပါ။ သင့်ရဲ့ငွေကြေးနဲ့ ပတ်သက်ပြီးဘယ်လို စီမံရမယ်ဆိုတာက အရမ်းကိုအရေးကြီးပါတယ်။

ကဲ တွက်ကြည့်ရအောင်။

အသက်(၂၅)နှစ်မှာ စတင်ပြီး တစ်လမှာ ဒေါ်လာ(၂၀၀) စုဆောင်းတယ် ဒါမှမဟုတ် ရင်းနှီးမြုပ်နှံမှုလုပ်တယ် ဆိုကြပါစို့။

သင့်အနေနဲ့ စုဆောင်းရင်းနှီးမြုပ်နှံငွေရဲ့ တစ်နှစ်ကို (၅)ရာခိုင်နှုန်းပဲ ပြန်ရမယ်ဆိုရင်တောင်

အသက်(၆၅)နှစ်အရွယ်ရောက်တဲ့အခါမှ စုစုပေါင်း ဒေါ်လာ (၃၀၅၂၀၄) အထိပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

ဒီလိုမဟုတ်ပဲ (၂၀)ကျော်အရွယ်နဲ့ (၃၀)အစောပိုင်းကို လစ်လျူရူပြီး (၃၅)နှစ်မှ စတင်စုဆောင်းရင်းနှီးမယ်ဆိုရင်တော့

အသက်(၆၅)နှစ်မှာ ဒေါ်လာ (၁၆၆၄၅၁) လောက်ပဲ ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

၎။ စာရေးပါ။

ရည်မှန်းချက်ပန်းတိုင်တွေ ချရေးပါ။ မှတ်စု စာအုပ်မှာ စာရေးပါ။

စာအုပ်တစ်အုပ် ဒါမှမဟုတ် စီးပွားရေးစိတ်ကူးတွေ၊ စီမံချက်တွေ၊ လုပ်ချင်တာတွေ အားလုံးကို ချရေးထားပါ။

ဒီလို ချရေးထားတာဟာ သင့်ရဲ့စိတ်ကူးတွေ အတွေးတွေကိုဖော်ပြဖို့အတွက် အကောင်းဆုံးနည်းလမ်းဖြစ်ပြီး

သင့်ဦးနှောက်ကိုလည်း ဆန်းသစ်တီထွင်ဉာဏ်တွေ ဖွံ့ဖြိုးလာစေမှာဖြစ်ပါတယ်။

ပိုပြီး မိုက်တာမျိုးလုပ်ချင်လား? သင်စိတ်ဝင်စားတဲ့ အကြောင်းအရာတစ်ခုနဲ့ပတ်သက်ပြီး မှတ်တမ်း တစ်ခုရေးပါ။

၅။ လေ့ကျင့်ခန်းလုပ်ပါ။ တရားမှတ်ပါ။

ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်ဖို့အတွက် လူတိုင်းလေ့ကျင့်ခန်းလုပ်သင့်ပါတယ်။

လေ့ကျင့်ခန်းလုပ်ဆောင်ခြင်းကြောင့် တစ်နေ့လုံးနေလို့ကောင်းနေမှာဖြစ်ပြီး အခက်အခဲတွေကို ကျော်ဖြတ်ဖို့ ယုံကြည်မှုတွေလည်း ပိုရှိလာစေမှာဖြစ်ပါတယ်။

သင့်ရဲ့ဦးနှောက် ကျန်းမာဖို့အတွက်ကတော့ တရားထိုင်ပေးရမှာ ဖြစ်ပါတယ်။

တရားထိုင်တာက သင့်ရဲ့စိတ်ကို ကြည်လင်လန်းဆန်းစေပြီး မှန်ကန်တဲ့ အတွေးတွေနဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်နိုင်မှာဖြစ်ပါတယ်။

နောက်ထပ်နည်းလမ်းတစ်ခုအနေနဲ့ ယောဂ လေ့ကျင့်မယ်ဆိုရင်လည်း ဖြစ်ပါတယ်။

၆။ မိမိကိုယ်ကို အခြားလူတွေနဲ့ မနှိုင်းယှဉ်ပဲ ကိုယ်ပိုင်စိတ်ကူးအိပ်မက်တွေကို အာရုံစိုက်ပါ။

သင့်ရဲ့သူငယ်ချင်းတွေ မိတ်ဆွေတွေ ဘယ်လိုအလုပ်အကိုင်ကောင်းတွေ လုပ်နေတယ်၊

ဘယ်လိုဝင်ငွေကောင်းနေတယ်ဆိုတာတွေ လိုက်ကြည့်ပြီး ကိုယ့်ကိုယ်ကို စိတ်ပျက်မနေပါနဲ့။

ကိုယ်ပိုင် ရည်မှန်းချက်တွေ၊ စိတ်ကူးအိပ်မက်တွေကိုပဲ အာရုံစိုက်ပါ။

ရည်မှန်းချက်ပန်းတိုင်ဆီကိုရောက်ဖို့ သင်တတ်နိုင်သမျှအရာအားလုံးကို သင်ယူလေ့လာနိုင်ဖို့ လှုပ်ရှားပါ။

၇။ ပေးကမ်းပါ။

အကျိုးကျေးဇူးတစ်စုံတစ်ရာပြန်မရနိုင်တာကြောင့် အပေးအကမ်းမရှိတာမျိုး မဖြစ်ပါစေနဲ့။

ပြန်ရဖို့ကို မျှော်လင့်မနေသင့်ပါဘူး။ လူမှုအဖွဲ့အစည်းကောင်းကျိုးအတွက် ပေးဆပ်ဖို့ကို တစ်စက္ကန့်မှ နှောင့်နှေ့မနေပါစေနဲ့။

ကူညီနိုင်မယ့်နည်းလမ်းတွေအများကြီးရှိပါတယ်။

ငွေကြေးဥစ္စာပေးကမ်းတာမှ မဟုတ်ပါဘူး။ သင်တတ်ထားတဲ့ ပညာတွေကို ဝေမျှသင်ကြားပေးတာမျိုးလည်း လုပ်နိုင်ပါတယ်။

အသက်(၂၀)ကျော်အရွယ် လူငယ်လူရွယ်တွေဟာ အရာအားလုံးကို စွမ်းဆောင်အောင်မြင်နိုင်တယ်လို့ ယုံကြည်ထားပြီး အလေ့အကျင့်ကောင်းတွေကို မွေးမြူတတ်ဖို့အရေးကြီးကြောင်း တိုက်တွန်းလိုက်ပါတယ်။
💵💵💵💵💵💵💵💵💵💵💵💵
နှလုံးသားနှင့်ဦးနှောက်အာဟာရပြည့်ဝစေမယ့်အကြောင်းအရာ
များကို တင်ဆက်ပေးနေပါမည်။ လူငယ်များတိုးတက်တဲ့အ
မြင်ရှိပြီးစိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ကြံ့ခိုင်မှု နှင့် လူငယ်များ
အတွေးအမြင်ကျယ်ပြန့်နက်ရှိုင်းပြီး မိမိဘ၀ကိုမိမိဦးဆောင်
ပဲ့ကိုင်နိုင်သူများဖြစ်ဖို့ရည်မှန်းပါသည်။
စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်သန်စွမ်းပြီး ဖွံ့ဖြိုးတိုးတက်ကာ
မိမိအနာဂတ်ကို အကောင်းမွန်ဆုံးတည်ဆောက်နိုင်ကြပြီး အကျင့်စရိုက်လူ့ကိုယ်ကျင့်တရားနှင့်ပြည့်စုံကာအောင်မြင်ထွန်း
တောက်တိုးတက်ကြီးပွား ငွေကြေးဓနဥစ္စာနှင့် ချမ်းသာသုခ
များ ရရှိကြပါစေ။

ကြိုက်ရင်မိမိသူငယ်ချင်းများပါဖတ်ရန်…….
(Share)ပေးသွားကြပါ။ ကျေးဇူးတင်ပါသည်။

အောင်မြင်သော လုပ်ငန်းရှင်များ ရှောင်ရှားသည့် စကားလုံးများ

စကားလုံးများသည် အလွန်အစွမ်းထက်ပါသည်။ အချို့စကားလုံး အသုံးအနှုန်းမှားတဲ့အခါ ကိုယ့်ပေးချင်တဲ့ messssge နဲ့ ရည်ရွယ်ချက်ကိုမရပဲဖြစ်တတ်ပါသည်။ အောင်မြင်သူများသည် ဘယ်လိုစကားအသုံးအနှုန်းများ ကိုရှောင်ရှားပြီး၊ ဘယ်လို လွှမ်းမိုးမှုရှိအောင်

ပြောရမလဲဆိုတာ နားလည်ပါသည်။

ခုလေးတင် (Just)
ဒီစကားလုံးသည် ကိုယ့်ကိုကာကွယ်သည် စကားလုံးမျိုးဖြစ်ပြီး၊ ကိစ္စတစ်ခုအရေးပါမှုကို လျော့ကျစေသည်။ အကယ်လို့ ကိုယ်ဟာ E-mail မစစ်ရသေးဘဲ၊ ဒီ E-mail ဟာ အချိန်နဲ့ အခြားအရာ ဆောင်ရွက်စရာတွေလိုရင်၊ အရေးမကြီးသလို ပုံစံမျိုးမလုပ်ပြသင့်ပါဘူး။ ဒီလိုလုပ်ဆောင်ခြင်းသည် စိတ်ထဲမှာ အခြားသူအတွက် ရန်လို မှုတွေဖြစ်ပေါ်စေပြီး၊ မကျေနပ်မှုနဲ့ မိမိရဲ့လုပ်ပိုင်ခွင့်ကို လျော့ကျစေပါသည်။

ကျွန်တော်ထင်တာကတော့
ဘာတွေလုပ်လုပ်၊ တွေးတွေး အရာအားလုံးက အတွေးထဲက စတင်တာပါ။ ဒါပေမယ့် စကားလုံးတိုင်းမှာ ကျွန် တော်ထင်တာကတော့ ဆိုတာကိုတော့ မသုံးသင့်ပါသည်။ ဒီစကားလုံးရဲ့နောက်ကွယ်ရဲ့အဓိပ္ပါယ်က မင်းထင်တာမှားချင်ရင် မှားလိမ့်မယ်၊ ဒါပေမယ့် ကျွန်တော်ထင်တာကတော့လို့ ပြောတဲ့အတွက် မှားလည်း အဆင်ပြေတယ်လို့ ဆိုလိုချင်တာဖြစ်သွားပါသည်။ ပြီးတော့ကိုယ့်ကို ကာကွယ်တဲ့ပုံစံလည်း ဖြစ်ပါသည်။ဒီလိုအသုံးပြုခြင်းဟာ ကိုယ့်စကားလုံးရဲ့ Power ကိုကျစေပြီး၊ ကိုယ့်ရဲ့အမြင်ကို အခြားလူသဘောမတူသော် လည်းရဲရဲဝံ့ဝံ့ထုတ်ပြောဖို့လိုပြီး၊ ယင်းမှသာ လေးစားမှုပိုလာမှာဖြစ်ပါသည်။

အရမ်း သေချာလွန်းသောပုံစံ
ကိုယ်ပြောလိုတဲ့စကားမှာ အရမ်း၊ လုံးဝသေချာတယ် စတဲ့စကားလုံးတွေသုံးခြင်းအားဖြင့် မိမိပြောလိုတဲ့ Message ကိုပိုကောင်းလာစေမှာမဟုတ်ပါဘူး။ ကျွန်တော်အရမ်းစိတ်လှုပ်ရှားတယ်ဆိုတဲ့စကားထက်၊ ကျွန်တော် စိတ်လှုပ်ရှားစေတယ်ဆိုတဲ့ စကားက ပိုမိုကောင်းမွန်ပါသည်။ ဒီလိုသုံးနှုန်းခြင်းအားဖြင့် Drama ဖြစ်စေပြီး၊ စကားလုံးနည်းနည်းက ပိုမိုထိရောက်ပါသည်။

စိတ်မပူနဲ့ ၊ ကျွန်တော်ကြိုးစားမယ်
ကျွန်တော်ကြိုးစားမယ်ဆိုတဲ့ စကားလုံးဟာ ကိုယ့်အရည်အချင်းကိုမယုံကြည်တဲ့သဘောမျိုးဖြစ်သွားစေပါသည်။ ကိစ္စတစ်ခုကိုလုပ်ဖို့ ကြိုးစားကြည့်မယ်ဆိုတဲ့ စကားဟာ၊ ကြားရသူအတွက် စိတ်ရှုပ်ကာ၊ ကိုယ့်မန်နေဂျာ ကလည်း သင်ဟာ ကြိုးစားဖို့တောင် ယုံကြည်မှုမရှိသူလို့ ထင်မှတ်စေပါသည်။နောက်တစ်ချက် စိတ်မပူနဲ့ ဆိုတဲ့စကားဟာ မိမိကိုယ်ယုံကြည်မှုလွန်ကဲသူအဖြစ်ထင်စေပြီး၊ ကိုယ့်လူတွေကို ကိုယ်ဘာလုပ်နေတယ်ဆိုတာကို မသိစေဘဲ၊ အခြားလူတွေက မလုပ်နိုင်သလိုဖြစ်စေပါသည်။ ခေါင်းဆောင် သူဆိုတာ ကိုယ့်လူတွေကို အားပေးဖို့ဖြစ်ပြီ၊ သူတို့ power မရှိသလိုမထင်စေသင့်ပါဘူး။

Source: Forbes

%d bloggers like this: