Oops! It appears that you have disabled your Javascript. In order for you to see this page as it is meant to appear, we ask that you please re-enable your Javascript!

ရှေ့ ကိုကြိုပြီးစောစောရောက်ချင်ရင် စောစောစတင်ပါ

တစ်ခါတစ်ရံမှာ သင်ဘယ်လောက်ဘဲအကောင်းမြင်တဲ့စိတ်ရှိနေပါစေ သင်ဘယ်လိုဘဲအရာရာကိုစီမံနေနိုင်ပါစေ သင်ဘဝကြီးဟာ သင်နဲ့ ဆန့် ကျင်နေတတ်တယ်။သင်စီစဉ်ထားသလိုဖြစ်မလာဘူး။ သင်မျှော်လင့်ချက်တွေကမှေးမှိန်သွားတယ်။သင့်ရည်မှန်းချက်တွေပြည့်ဝဖို့ အိမ်မက်တွေအကောင်အထည်ဖော်ဖို့ ကြိုးစားတဲ့နေရာမှာမအောင်မြင်ဖြစ်နေတတ်ပါတယ်။ကျွန်တော်တို့ ဒီလိုကံကြမ္မာဆိုးတွေကျရောက်လာပြီဆိုရင်တော့ မိမိကိုအောင်မြင်မှုရစေမယ့် အခြေအနေတွေကိုဖန်တီးပြီး အခက်အခဲတွေ အတားအဆီးတွေကိုကျော်ဖြတ်ဖို့ အရမ်းအရေးကြီးပါတယ်။ သင်မြစ်ကူးဖို့ တံတားကိုမမြင်ဘူးဆိုရင် ကိုယ်တိုင်တံတားဆောက်ရမှာပါဘဲ။သင်သွားမယ့်လမ်းတစ်လျှောက်က ပြဿနာတွေ အတားအဆီးတွေကို စဉ်းစားပြီး အချိန်ဖြုံးမယ့်အစား အဖြေတွေကိုရှာရမယ်။သင့်ရဲ့အတွေးကို ဘယ်နေရာမှားနေလဲဆိုတာထက် ဘယ်လိုအခြေအနေမှာပိုကောင်းအောင်လုပ်နိုင်မလဲဆိုတဲ့အချက်ကိုပြောင်းလဲပြီးအာရုံစိုက်နိုင်ရင် သင့်ဘဝကြီးလည်းပြောင်းလဲလာမှာအသေအချာပါဘဲ။ သင်တကယ်စိတ်ဝင်စားတဲ့ သင်တကယ်ဖြစ်ချင်တဲ့အရာတွေကိုသိရမယ်။သင်စတင်တဲ့အခါမှာ ကြီးကြီးမားမားကြီးစတင်ဖို့ မလိုပေမယ့် တစမချိန်မှာကြီးကြီးမားမားဖြစ်ဖို့ ရည်မှန်းချက်ထားပြီး စတင်လုပ်ဆောင်ရမှာလဲဖြစ်ပါတယ်။မိုင်တစ်ထောင်ခရီးကိုခြေတစ်လှမ်းကနေစတင်ရပါတယ်။သင်လုပ်ရမှာက ပထမဆုံးခြေလှမ်းကိုစတင်ဖို့ ပါဘဲ။ပြီး ရှေ့ ကိုတစ်လှမ်းပြီးတစ်လှမ်းဆက်သွားရမယ်။သင့်ရည်မှန်းချက်တွေအကောင်အထည်ဖော်ဖို့ နောက်ကျတယ်ဆိုတာ အမြဲတမ်းမရှိပါဘူး။သင့်ဘယ်နေရာဘဲရောက်ရောက် သင့်မှာရှိတဲ့အရာတွေနဲ့ အကောင်းဆုံးလုပ်ဆောင်ရမယ်။ သင်အောင်မြင်ချင်လား? စိတ်ကူးယဉ်တတ်ရမယ်။အမြဲတမ်း အသစ်အသစ်သော စိတ်ကူးစိတ်သန်း( idea)တွေကိုစဉ်းစားပြီး အစီအစဉ်တွေချမှတ်နိုင်တယ်။လက်တွေ့ ဖြစ်မလာသေးတဲ့အရာတစ်ခုကို စိတ်ကူးထဲမှာ အရင်အကောင်အထည်ဖော်ရတာပါ။သင့်စိတ်ကူးစိတ်သန်းတွေကိုလူတွေကမလှောင်ပြောင်ကြသေးဘူးဆိုရင် သင့်စိတ်ကူးတွေက သိပ်မကြီးမားသေးလို့ ဘဲ။ကျွန်တော်တို့ ကြီးကြီးမားမားတွေးတောရမယ်။အိမ်မက်တွေထားရှိရမယ်။ဘာလို …

ရှေ့ ကိုကြိုပြီးစောစောရောက်ချင်ရင် စောစောစတင်ပါ Read More »

208 total views, 6 views today

မိမိကိုယ်ကိုယ်တိုးတက်စေဖို့အိုင်ဒီယာ ၁၀ မျိုး

၁။ “ခဏကျမှ” ဆိုတာကနေ “ခုချက်ချင်း ” လို့ပြောင်းလိုက်ပါ ဘာကြောင့်လည်းဆိုတော့ စောင့် နေ စောင့်နေ စောင့်နေ ဦးမယ်ဆိုရင် တစ်သက်တာလုံး အချိန်ကိုစောင့်နေတတ်တဲ့ အကျင့်နဲ့ ပဲ အဲ့လို ဖြစ်သွားနေတတ်ပါတယ် ဒါကြောင့် လက်တွေ့ အရေးကြီးတဲ့ အရာတွေ ကို ခုချက်ချင်း လုပ်ပစ်လိုက်ပါ ၂။ အရာရာဖြစ်နိုင်တယ် လို့ ယုံကြည်ပါ ဘာကြောင့်လည်းဆိုတော့ ကိုယ် မယုံကြည်ရင် ကိုယ်ဘာပဲလုပ်လုပ် အဆုံးစွန်းထိ မလုပ်မိ ပဲနေတတ်ပါတယ် လူတိုင်းဟာ သုညကနေစတာ ချင်းအတူတူပါ သူတစ်ပါးလုပ်နိုင်ရင် ကိုယ် လည်း လုပ်နိုင်ရပါမယ် ၃။ “စမ်းလျှောက် ကြည့်ပါ ” ဘာကြောင့်လည်းဆိုတော့ ကျွန်တော် တို့ စမ်း မလျှောက်ကြတဲ့ အခါ ( လဲကျ …

မိမိကိုယ်ကိုယ်တိုးတက်စေဖို့အိုင်ဒီယာ ၁၀ မျိုး Read More »

537 total views, 11 views today

အသည်းကွဲတဲ့အချိန်မှာ အချစ်ကြောင့်မဟုတ်ဘဲ အတ္တစိတ်ကြောင့်ဖြစ်တဲ့ ခံစားချက်(၅)မျိုး

အသည်းကွဲတဲ့အချိန်မှာ အချစ်ကြောင့်မဟုတ်ဘဲ အတ္တစိတ်ကြောင့်ဖြစ်တဲ့ ခံစားချက်(၅)မျိုး ကိုယ်ချစ်တဲ့သူနဲ့လမ်းခွဲလိုက်ရတဲ့အခါ ဖြစ်လာတဲ့ နာကျင်ကြေကွဲမှုတွေက တခြားဘယ်အရာနဲ့မှကိုမတူတာပါ။ အဲ့ဒါကို အသည်းကွဲတယ်လို့ပြောကြပြီး အသည်းမကွဲဖူးတဲ့သူတွေကတော့ ဒီနာကျင်ကြေကွဲရခြင်းတွေကို နားလည်နိုင်မှာမဟုတ်ပါဘူး။ အသည်းကွဲတဲ့ဝေဒနာက တခြားဘာနဲ့မှမတူအောင် ခံစားရတာလဲဆိုတာကို ပညာရှင်တွေက လေ့လာခဲ့တဲ့အခါ အချစ်ကြောင့်နာကျင်ရတာအပြင် တခြားအကြောင်းပြချက်တွေကြောင့်လည်းပါနေတာကို သိခဲ့ကြပါတယ်။ အသည်းကွဲတဲ့အခါဘာနဲ့မှမတူအောင် နာကျင်ခံစားရတာ အချစ်ကြောင့်အပြင် ဒီအကြောင်းအရာတွေကြောင့်ပါ။ (၁) ကိုယ့်အနာဂတ်အတွက်စိတ်ပူတယ် သူနဲ့ပြတ်သွားတဲ့အခါ ကိုယ့်ကိုချစ်တဲ့သူနောက်တစ်ယောက်ထပ်ရှိပါဦးမလား ဆိုတာကို တွေးပူနေမိတာပါ။လူတော်တော်များများက အရင်လူထက်ပိုချစ်တဲ့သူတစ်ယောက်ယောက်နဲ့ ဆုံစည်းရတဲ့အခါ ရည်းစားဟောင်းဆိုတာကို လွယ်လွယ်လေးမေ့နိုင်ကြပါတယ်တဲ့။ (၂) ရှုံးနိမ့်တယ်လို့ခံစားရတယ် လူတိုင်းလူတိုင်းက ငြင်းပယ်ခံရတာကိုမကြိုက်ကြပါဘူး။ ပြီးတော့ ရည်းစားနဲ့ပြတ်တာကလည်း ငြင်းပယ်ခံရတာနဲ့အတူတူပါပဲ။ သူနဲ့ရှေ့လျှောက်အတူတူရှိခွင့်မရတော့ဘူး ဆိုတာမျိုးပေါ့။ ဒါကြောင့်အသည်းကွဲတာရဲ့နောက်မှာငြင်းပယ်ခံရခြင်းတွေပါလာလို့ ရှုံးနိမ့်တဲ့ခံစားချက်ဖြစ်လာရပါတယ်တဲ့။ (၃) ကိုယ့်ကိုယ်ကိုယုံကြည်မှုလျော့နည်းသွားတယ် မိသားစု၊ သူငယ်ချင်း နဲ့ ချစ်သူက သည်းသည်းလှုပ်ချစ်တာခံရတဲ့ သူတွေက တခြားသူတွေထက် …

အသည်းကွဲတဲ့အချိန်မှာ အချစ်ကြောင့်မဟုတ်ဘဲ အတ္တစိတ်ကြောင့်ဖြစ်တဲ့ ခံစားချက်(၅)မျိုး Read More »

149 total views, 3 views today

အင်တာနက်မသုံးဘဲ ငွေဖြတ်ခံနေရပါသလား ၊ မဖြစ်အောင် ဒါတွေလုပ်ပါ

၁။အလိုအလျောက် update ပြုလုပ် ခြင်းကို ပိတ်ထားပါ။ ဖုန်းအတွင်းမှ အလိုအလျောက် update ပြုလုပ်ခြင်းကို ပိတ်ထားရန် လို အပ်ပြီး ၄င်းက သင့်ဖုန်းအတွင်းမှ ဒေတာ တွေကို သင်သတ်မှတ်ထားသကဲ့သို့ မဟုတ်ဘဲ လိုအပ်သည်ထက်ပို၍ အသုံး ပြုလိုက်နိုင်သည်ကို သတိပြုပါ။ ၂။ အပလီကေးရှင်းများကို WiFi ဖြင့် သာ update လုပ်ပါ။ များစွာသော မိုဘိုင်းလ်အသုံးပြုသူ များက၄င်းတို့ရဲ့ အပလီကေးရှင်းများကို မိုဘိုင်းလ်ဖုန်းဒေတာဖြင့် update ပြု လုပ်ရန်အဆင်ပြေသော်လည်း ထိုသို့ပြု လုပ်ခြင်းက ဖုန်းအတွင်းရှိ အပလီကေး ရှင်းများကို အလိုအလျောက် update ပြု လုပ်ခြင်းများဖြစ်တတ်ပြီး ဖုန်းအတွင်းမှ ဒေတာပမာဏများစွာကို အသုံးပြုလိုက် နိုင်ပါတယ်။ ၃။ Background  ဒေတာများကို ကန့် သတ်ထားပါ။ အချို့သော အပလီကေးရှင်းများ သည် ဖုန်းအသုံးမပြုသည့်အချိန်များ၌ပင် …

အင်တာနက်မသုံးဘဲ ငွေဖြတ်ခံနေရပါသလား ၊ မဖြစ်အောင် ဒါတွေလုပ်ပါ Read More »

433 total views, 14 views today

ကွန်ဖြူးရှပ်၏ မှတ်သားဖွယ် စကားတစ်ခွန်း

တစ်နေ့မှာ တရုတ်အတွေးအခေါ်ပညာရှင်ကြီး ကွန်ဖြူးရှပ် ဟာ လမ်းသွားနေရင်း လူတစ်ယောက်နဲ့ တွေ့တယ်။ အဲဒီလူက မေးတယ်။ “ခင်ဗျားက ကွန်ဖြူးရှပ်ကြီး မဟုတ်လားဗျ။ဝမ်းသာ လိုက်တာဗျာ။ကျနော်ကဒီလိုပညာရှိကြီးကိုတွေ့ချင်တာ ကြာပြီ။ခင်ဗျားရဲ့ တန်ဖိုးကြီးလှတဲ့ အတွေးအခေါ် အမြော်အမြင်တွေက ကမ္ဘာကြီးကိုတောင်ပြောင်းလဲ စေခဲ့ပြီလေ။ကျွန်ုပ်ကဖြင့်ခင်ဗျားလောက်တော်တဲ့သူ၊ တတ်တဲ့သူ ဒီကမ္ဘာကြီးမှာ မတွေ့ဖူးသေးဘူးဗျ။ လေးစားတယ်ဗျာ။ ” ကွန်ဖြူးရှပ်ကြီးက အဲဒီလူကို တစ်ချက်ကြည့်ပြီး ကိုယ့်လမ်းကို ဆက်လျှောက်သွားပါတယ်။ နောက်တစ်နေရာရောက်တော့ လူတစ်ယောက် က မေးပြန်တယ်။ ” ကွန်ဖြူးရှပ်ဆိုတာ ခင်ဗျားလားဗျ။နာမည်ကြီးဆိုလို့ ဘာများလဲအောက်မေ့တယ်။ ဘာမှမဟုတ်ပါလားဗျာ။ တကယ်တော့ခင်ဗျားမှာ ဘာအရည်အချင်း မှ မရှိပါဘူးဗျာ။ ” ကွန်ဖြူးရှပ်ကြီးကအဲဒီလူကိုလည်းတစ်ချက်ကြည့်ပြီး ကိုယ့်လမ်းကို ဆက်လျှောက်သွားပြန်တယ်။ အဲဒီအဖြစ်အပျက်ကို မြင်တွေ့နေတဲ့ လူတစ်ဦး က သိချင်လွန်းလို့ မေးလိုက်တယ်။ ” ကွန်ဖြူးရှပ်ကြီးခင်ဗျာ။ ပထမလူက …

ကွန်ဖြူးရှပ်၏ မှတ်သားဖွယ် စကားတစ်ခွန်း Read More »

432 total views, 13 views today

%d bloggers like this: