Tag Archives: Cele Articles

တောင်ကိုရီးယား တွင် လူဦးရေနည်းနေ၍ တက္ကသိုလ်ကျောင်းသား ကျောင်းသူများ မဖြစ်မနေ ရည်းစားထားနေရ

ဆိုးလ်ရှိ ဒေါင်ဂွတ်နှင့် ကွမ်ဟီတက္ကသိုလ်တို့က ချစ်မှုရေးရာဘာသာရပ်များ ပို့ချနေပြီး ယနေ့ခေတ်လူငယ်တို့သည် မိသားစုဘ၀ မထူထောင်လိုကြတော့သည့်အတွက် ၎င်းတို့ကို အဓိကရည်ရွယ်ကာ ယင်းဘာသာရပ်ကို ပို့ချနေခြင်းဖြစ်သည်။

အိမ်ခြံမြေဈေးနှုန်းမြင့်မားခြင်း၊ အလုပ်အကိုင်ရရန် မလွယ်ကူခြင်းနှင့် ပညာသင်စရိတ်ကြီးမြင့်ခြင်းတို့ကြောင့် ယနေ့ခေတ်လူငယ်အများစုသည် သမီးရည်းစားထားခြင်း၊ အိမ်ထောင်ပြုသားမွေးခြင်းဆိုသည့် ကိစ္စရပ်များကိုစိတ်မဝင်စားကြတော့ပေ။ ထို့ကြောင့် အိမ်ထောင်ပြုသည့်နှုန်းထားတောင်ကိုရီးယားတွင် သိသိသာသာကျဆင်းလာတော့သည်။

ယင်းအတွက် ပါမောက္ခ ဂျန်ဂျီဆွတ်ခ်က ဒန်ဂွတ်တက္ကသိုလ်တွင် ယင်း ဘာသာရပ်ကိုစတင်ပို့ချခြင်းဖြစ်သည်။ ယင်းဘာသာရပ်သည် ကျောင်းသား ကျောင်းသူများကို လက်တွဲဖော်မှန်မှန်ကန် ကန်ရွေးချယ်နည်းနှင့် ယင်းလက်တွဲဖော်နှင့် ကြာရှည်စွာ ချစ်ခင်သင့်မြတ်နည်းတို့ ကို ပို့ချပေးသည်။ ကျောင်းသားကျောင်းသူ များသည် အတန်းဖော်သုံးဦးနှင့် တွဲရန်လိုပြီး တစ်ဦးကိုတစ်လတွဲရမည်ဟု ဘာ သာရပ်တွင် ထည့်သွင်းပြဋ္ဌာန်းထားသည်။

Related image

ရည်းစားနှင့်ချိန်းတွေ့ခြင်း၊ မနာလိုဖြစ်ခြင်းနှင့် ရန်ဖြစ်ခြင်းတို့ကို ကိုင်တွယ် ဖြေ ရှင်းပုံတို့မှာ ၎င်းတို့လုပ်ရမည့် အိမ်စာများ ဖြစ်သည်။ စာတွေ့ထက်လက်တွေ့မှနေ၍ သင်ခန်းစာများ ပိုရနိုင်သည်ဟု ယုံကြည်သဖြင့်လက်တွေ့ ရည်းစားထားခိုင်းခြင်း ဖြစ်သည်ဟုပါမောက္ခကဆိုသည်။

နောက်ပိုင်းတွင် ကွမ်ဟီတက္ကသိုလ်ကပါ ယင်းဘာသာရပ်ကို ပို့ချလာခြင်းဖြစ်သည်။ တောင်ကိုရီးယားတွင် အိမ်ထောင်ပြုနှုန်း၊ ကလေးမွေးဖွားနှုန်း တစ်နှစ်ထက်တစ်နှစ်ကျဆင်းလာနေသဖြင့် နိုင်ငံသားများ အိမ် ထောင်ပြုသားမွေးရန် အစိုးရက နည်းပေါင်းစုံသုံးဆွဲဆောင်နေရသည်။ ကလေးမွေးဖွားနှုန်းတက်လာရန်အလို့ငှာ တောင်ကိုရီးယားအစိုးရသည် ဒေါ်လာ ဘီလျံ ၆၀ ခန့်သုံးစွဲထားသည်။

 

Credit – Burmese.asia

အောင်ရင် သူ့သားအတွက်ဆိုထားတဲ့ သီချင်းလေး ” အဖေ့စကား” တဲ့ နားထောင်ပီး မျက်ရည်ကျမိတယ် (ရုပ်သံ)

မူးယစ်ဆေးဝါးကို လမ်းထိပ်ကွမ်းယာဆိုင်မှာတောင် ဝယ်ရနိုင်တဲ့တိုင်းပြည်

မူးယစ်ဆေးဝါးကို ကွန်တိန်နာနဲ့ မိတာတောင် ပိုင်ရှင်မပေါ်တဲ့ တိုင်းပြည်မှာ

မိုးအောင်ရင်လို လူငယ်လေးတွေကို မူးယစ်ဆေး သုံးစွဲလို့ လက်ဝယ်တွေ့ရှိလို့ ဆိုပီး ထောင် ၁၇ နှစ်ထိ ချလိုက်တာဟာ သူတို့ဘဝကိုသတ်လိုက်တာလို့ပဲ မြင်ပါတယ်

အောင်ရင် သူ့သားအတွက်ဆိုထားတဲ့ သီချင်းလေး ” အဖေ့စကား” တဲ့ နားထောင်ပီး မျက်ရည်ကျမိတယ်

ကံကောင်းကြပါစေ . . .

ရုပ်သံဖိုင်အား ကြည့်ရှုရန် နှိပ်ပါ

 

ညီအစ်မနှစ်ယောက်တည်းသာ ဖခင်ရဲ့အုတ်ဂူလေးကို သွားရောက်ကန်တော့ခဲ့ရတဲ့ လင်းဇာနည်ဇော်တို့ညီအစ်မ

နိုင်ငံကျော် ရုပ်ရှင်ဒါရိုက်တာ ဒါရိုက်တာမိုက်တီး ၊ချစ်ချစ်ဇော် ၊ လင်းဇာနည်ဇော်တို့ရဲ့ ဖခင် ကြီးဘုရားဒါယိကာ ၊ သိမ်ကျောင်းဒါယိကာ ရုပ်ရှင်ဒါရိုက်တာ ဦးခင်ဇော်(ကေသီပန်ရုပ်ရှင်) အသက်(၉၁)နှစ် ဟာဆိုရင် (၃.၁၂.၂၀၁၈)ရက်နေ့ ည (၁၁း၅၅)နာရီ နေအိမ်မှာ ကွယ်လွန်ခဲ့တာပဲ ဖြစ်ပါတယ်။ မွေးသဖခင်ကျေးဇူးရှင်ကို အရိပ်တစ်ကြည့်ကြည့် နဲ့ ပြုစုစောင့်ရှောက်ခဲ့ ကြတဲ့ ချစ်ချစ်ဇော်တို့ ညီအစ်မကတော့ ဖခင်ကြီးရဲ့ အုတ်ဂူကို ကြည့်ရင်း ပူဆွေးနေကြတာပဲဖြစ်ပါတယ်

ဒါရိုက်တာမိုက်တီး ၊ချစ်ချစ်ဇော် ၊ လင်းဇာနည်ဇော်တို့ရဲ့ ဖခင် ကြီးကွယ်လွန်ချိန်တွင် ညီအစ်မနှစ်ယောက်က ပိုးကောင်လေးလိုတယုတယ ပြုစုလာရင်း တစ်ချိန်မှာ ခွဲခွာရမှာသိပေမယ့် ရုပ်တရက် ကွယ်လွန်သွားတာကြောင့် မယုံကြည်နိုင်လောက်အောင် ဖြစ်နေကြတာပါ။ ဖခင်ကြီးကွယ်လွန်ချိန်မှာ အစ်ကိုကြီးဖြစ်သူ ဒါရိုက်တာ မိုက်တီးကလည်း အနားမှာ မရှိတာကြောင့် ညီအစ်မနှစ်ယောက်က ပိုပြီးပူဆွေးနေရတာပဲဖြစ်ပါတယ်

ရုပ်ရှင်ဒါရိုက်တာ ဦးခင်ဇော်(ကေသီပန်ရုပ်ရှင်)ဟာ ကွယ်လွန်သွားတာ တစ်ပတ်ကျော်သွားပြီဖြစ်ပေမယ့် ကျန်ရစ်ခဲ့တဲ့သူတွေကတော့ မေ့မရနိုင်သေးပဲ ဝမ်းနည်းပူဆွေးနေရပါသေးတယ်။ လင်းဇာနည်ဇော်နဲ့ ချစ်ချစ်ဇော်တို့ ညီအစ်မနှစ်ယောက်ဟာ ဖခင်ကြီးလဲလျောင်းရာ အုတ်ဂူလေးကို သွားရောက်ဂါရဝပြုခဲ့ကြပါတယ်။

လင်းဇာနည်ဇော်က သူမရဲ့ ဖေ့စ်ဘုတ်မှာ “ဖေဖေ…လောဘ ဒေါသ ကင်းစွာခရီးထွက်သွားတာမို့ ကောင်းတဲ့နေရာကိုရောက်ပြီး ဖေဖေအေးအေးချမ်းချမ်းရှိနေပြီလို့ သမီးတို့စိတ်ကအလိုလိုသိနေပေမဲ့လည်း ဖေဖေ့ခန္ဓာလေးရှိတဲ့ ဒီနေရာလေးကိုတော့…” ဆိုပြီး ကြေကွဲဖွယ်ရေးသားထားပါတယ်။

တစ်သက်လုံးပြုစုပြီး အတူတကွ နေထိုင်ခဲ့တဲ့ ဖခင်ကြီး ရုတ်တရက်ကွယ်လွန်သွားတာမို့ ညီအစ်မနှစ်ယောက်က ဖြေမဆည်နိုင်အောင် ရှိနေခဲ့ရပါတယ်။

ဒါရိုက်တာမိုက်တီး ၊ချစ်ချစ်ဇော် ၊ လင်းဇာနည်ဇော်တို့ရဲ့ ဖခင် ကြီးကွယ်လွန်သွားတာကြောင့် မိုမိုလေး မိသားစုမှလည်း မိသားစုနဲ့ ထပ်တူ ဝမ်းနည်းပူဆွေးရပါတယ်။ ဦးခင်ဇော်(ကေသီပန်ရုပ်ရှင်)လဲ ကောင်းရာမွန်ရာဘုံဘဝမှာ အေးချမ်းစွာ အနားယူနေမယ်လို့လဲ မျှော်လင့်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကိုကျေးဇူးအထူးတင်ရှိပါတယ်

Credit. .Burmese.Asian

အခု​ခေတ်​ ( ၁၅ ) ၊ ( ၁၆ ) ၀န်းကျင်​ မိန်း​က​လေး​တစ်​ချို့ … ။ ရိုင်းတာကို ​ဂေါ်တယ်​ထင်​​နေကြတယ်​ ။

အ​ပြောအဆို​တွေက ထဘီထဲကမထွက်​ဘူး ။

ကိုယ့်​နှုတ်​ထွက်စကား ​ညစ်​ညမ်းမှ အထာကျတယ်​ထင်​​နေကြတယ်​ ။

ကိုယ့်​ကိုယ်​ကိုတောင်​ တန်​ဖိုးမထားတာ ဘယ်​​ယောက်ျား​မှလဲ ကိုယ့်​ကိုတန်​ဖိုးထားမှာမဟုတ်​ဘူး ။

အနားမှာ အား​ပေးတဲ့သူ ရှိ​ကောင်းရှိလိမ့်​မယ်​ ။ ၀ိုင်းပီး ​မြှောက်​ပေး​နေတဲ့သူ ရှိ​ကောင်းရှိလိမ့်​မယ်​ ။

ကိုယ်​​ပေါင်းတဲ့တစ်​​ခြားသူ​တွေကလည်း အဲ့ဒီလို အသုံးအနှုန်း​လောက်​ကို အရမ်း​ဂေါ်တယ်​လို့ တစ်​လွဲ​တွေး​နေတဲ့သူ​တွေ ဖြစ်​လိမ့်​မယ်​ ။

ဒီလို ​​အောက်​လုံး​တွေပြော​နေတဲ့ မိန်းက​လေးက အလွယ်​ရမယ်​ဆိုတာ ​ယောက်ျား​တိုင်း သိတယ်​ ။

ဘာရရ စားမယ်​ ဆိုတဲ့​ကောင်​​တွေ​လောက်​ဘဲ ရလိမ့်​မယ် ။ ဒါကို ဆရာကြတယ်​ထင်​ရင်​ ​ညီ​​လေးတို့ မှားလိမ့်​မယ်​ ။

သုတ်​​ကြောင်​​တွေကလွဲရင်​ နှုတ်​ရိုင်းတဲ့မိန်းက​လေး ဘယ်​သူမှ အထင်​မကြီးပါ ။

ဆရာ ကြတယ်​လား ? ( Sorry ) ပါ ။

သနားစရာက​လေးေ​တွလို့ဘဲ မြင်​တယ်​ ။ ရုပ်​က​လေး​တွေနဲ့မှမလိုက်​ ​ပေါက်​ကရ ​အသူံးအနှုန်း​တွေနဲ့

ကိုယ့်​သိက္ခာကို ချနင်း​နေတာ မမြင်​ကြဘူး ။

အထာကျတယ်​လား ? ( Sorry ) ပါ ။

လမ်း​ဘေးမှာ ပန်း​ရောင်းတဲ့က​လေး​တောင်​ ယဉ်​​ကျေးမှုဆိုတာ နားလည်​တယ်​ ။ ကိုယ့်​တန်းဖိုးကိုယ်​သိပါ ။

လမ်း​ဘေးအဆင့်​​တောင်​ မရှိဘူးဆိုတာ ! အရမ်း​​တွေ ကိုယ့်​ကိုယ်​ကို အထင်​ကြီး​နေတယ်​ ။

ကိုယ့်​အ​ဖေ ၊ ကိုယ့်​အ​မေ သိက္ခာ ပြန်​စဉ်းစားတတ်​ရင်​ ဒီက​လေးဟာ … ။

( Facebook ) မှာ ရိုင်းစိုင်းတဲ့စကား​တွေနဲ့​ ဂေါ်လီလုပ်​မှာမဟုတ်​ဘူး ။ အ​ဖြေက ရှင်းရှင်း​လေး … ။

တန်​ဖိုးဆိုတာ ရှင်းပြလဲနားလည်​မှာမဟုတ်​ဘူး ။ တန်​ဖိုးဆိုတာ မသိရင်​ … ။

သိမ်​​မွေ့ တဲ့ မိန်းက​လေးတစ်​​ယောက်​ကိုကြည့်​ပါ ။ သူ့ရဲ့ ပတ်​၀န်းကျင်​ကိုကြည့်​ပါ ။

သူ့ကိုပိုင်​ဆိုင်​ထားတဲ့​ကောင်​​လေးရဲ့ ဆက်​ဆံပုံကိုကြည့်​ပါ ။ သူ့အ​ပြောအဆို ၊ သူ့​နေထိုင်​ပုံ ကိုယ်​နဲ့ယှဉ်ကြည့်​ပါ ။ မင်းကိုယ်​မင်း သိမ်​ငယ်​လာလိမ့်​မယ်​ ။

အတုယူမှားရင်​ ပြင်​ပါ ။ ကိုယ်​ထက်​ရင့်​ကျက်​တဲ့သူ​တွေနဲ့ ​ပေါင်းပါ ။ အရိုင်းအစိုင်း​တောထဲက​နေ အပြင်​ အလင်းကိုထွက်​ကြည့်​ပါ ။

ကိုယ့်​တန်​ဖိုးကိုယ်​ နားလည်​တတ်​ပါ​စေ ။ ​နောင်​တဆိုတာ ​နောက်​ကျသွားရင်​ … ။

” ဒီ​စော်​ကလွယ်​လွယ်​​လေးပါ ” ဆိုတဲ့စကား … ။ တစ်​သက်​လုံး မင်းနာမည်​ ​နောက်​တွဲလုံးဖြစ်​သွားလိမ့်​မယ်​ ။

မုန်းလည်း မတတ်​နိုင်​ဘူး ။ ပြင်​​စေချင်​တာ အမှန်​ပဲ ။

#PHK

နှစ်မကုန်ခင်မှာ အစွံထုတ်သွားတဲ့ လူပျိုကြီး သူထူးစံ

လူပျိုကြီး သူထူးစံက ဒီဇင်ဘာ(၉)ရက်နေ့ မနက်မှာ ချစ်သူကောင်မလေးနဲ့အတူ မင်္ဂလာဦးဆွမ်းကပ်အလှူကို တပ်ကုန်းမြို့ရှိ ငွေတောင်တောရ စာသင်တိုက်မှာ ပြုလုပ်သွားမှာပါ။

သရုပ်ဆောင် သူထူးစံတစ်ယောက် ၂၀၁၈ ခုနှစ်မကုန်ခင် အချိန်ကာလလေးမှာ ပရိသတ်တွေကို Surprise လုပ်လိုက်ပါတယ်။ ဒီနေ့ ဖေ့စ်ဘွတ် မှာ ပြန်နေ့တဲ့ သူထူးစံရဲ့ မင်္ဂလာဦးဆွမ်းကပ် အလှူဖိတ်စာကြောင့် ပရိသတ်တွေ အားလုံး အံ့သြခဲ့ရပါတယ်။

သူထူးစံဟာ ဒီဇင်ဘာ(၉) ရက်နေ့မှာ ချစ်သူကောင်မလေးနဲ့ မင်္ဂလာဦးဆွမ်းကပ်အလှူကို တပ်ကုန်မြို့ရှိ ငွေတောင်တောရ စာသင်တိုက်မှာ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

သူ့ရဲ့ လက်တွဲဖော်ဇနီးလောင်းကလည်း အနုပညာလောကထဲက ဖြစ်ပါတယ်။ အကယ်ဒမီ ပန်းကိုင်တစ်ဦးဖြစ်သလို သရုပ်ဆောင် ဟောင်းတစ်ယောက်ဖြစ်တဲ့ ထိုက်ဆုဝင်းပါ။

သူတို့နှစ်ဦးရဲ့ မင်္ဂလာဦးဆွမ်းကပ်အလှူကို နှစ်ဖက်မိဘများနဲ့အတူ နေပြည်တော် ၊ တပ်ကုန်းမှာ ရှိတဲ့ “ငွေတောင်တောရစာသင်တိုက်”တွင် နံနက်(၇း၀၀)နာရီကနေ (၁၁း၀၀)နာရီအထိ ကျင်းပပြုလုပ်တော့မှာ ဖြစ်ပါတယ်။

သူထူးစံဟာ အချစ်ရေးနဲ့ ပတ်သက်ပြီး ပရိသတ်တွေကို သိပ်အသိမပေးခဲ့ပါဘူး။အခုလိုမျိုး မင်္ဂလာသတင်းကြောင့် သူ့ကို ချစ်တဲ့ ပရိသတ် တွေကလည်း ဝမ်းသာနေကြပါတယ်။

၂၀၁၈ခုနှစ်မကုန်ခင်မှာ အစွံထုတ်သွားတဲ့ သူထူးစံရဲ့ မင်္ဂလာပွဲက ဘယ်တော့လဲဆိုပြီး စိတ်ဝင်စားနေကြတာလည်းတွေ့ရပါတယ်။

အနုပညာအလုပ်တွေနဲ့ ခဏအကြာအလှမ်းဝေးနေခဲ့တဲ့ သရုပ်ဆောင်သူထူးစံကတော့ ၂၀၁၇ ခုနှစ်ကနေစပြီး ရုပ်ရှင်ဇာတ်ကားကြီး တွေ ဆက်တိုက်ရိုက်ကူးလာခဲ့တာဖြစ်ပါတယ်။ သူဟာ အနုပညာလောကနဲ့ ခဏအကြာဝေးကွာနေချိန်မှာလည်း ဇာတ်ကားကောင်း ကောင်း

ကာရိုက်တာကောင်းကောင်းတွေနဲ့ လာကမ်းလှမ်းမလားဆိုတာကို စောင့်မျှော်နေပေမယ့်လည်း လာရောက်ကမ်း လှမ်းသူမရှိခဲ့ဘူး လို့ဆိုပါတယ်။ သူဟာ ဒါရိုက်တာ ဝင်းထွန်းထွန်းရိုက်ကူးတဲ့ ဗီဇ ရုပ်ရှင်ဇာတ်ကားကြီးကနေ စပြီး အနုပညာလောက ထဲကို ပြန်လည် ဝင်ရောက်လာတာဖြစ်ပါတယ်။

myominn htet
Burmese asia