Tag Archives: Knowlage Articles

အီရတ်မှာ ကျဆုံးခဲ့ မြန်မာနိုင်ငံသား အမေရိကန်တပ်သား ဝေဖြိုးလွင်

အရင်ရေးဖူးပြီးသားပါ။ ၂၀၀၅ ခုနှစ် မတ်လ၂ ရက်နေ့က အီရတ်စစ်ပွဲမှာ ကျဆုံးခဲ့တဲ့ မြန်မာနွယ်ဖွား အမေရိကန်ကြည်းတပ်က ရိုးရိုးတပ်သားဝေဖြိုးလွင်ပါ။

အဲဒီနေ့က သူတို့စီးလာတဲ့ ဟမ်းဗီးယာဉ်မိုင်းထိပြီး ကျဆုံးခဲ့တာပါ။ သူနဲ့အတူကျဆုံးခဲ့တဲ့သူက မွတ်ဆလင်ဘာသာဝင် အဇာအလီဆိုတဲ့ တပ်သားပါ။ သူတို့ဟမ်းဗီးယာဉ်ဟာ လေဆိပ်နဲ့ Green Zone ကြားထဲမှာ အတိုက်ခံလိုက်ရတာပါ။ နှစ်ယောက်စလုံး အသက် ၂၇ နှစ်ရှိပြီး အိမ်ထောင်မရှိသူများဖြစ်ပါတယ်။

အွန်လိုင်းပေါ်မှာသိပ်မတွေ့ရပေမဲ့ လွန်ခဲ့တဲ့ ၇ နှစ်လောက်က ဖတ်ခဲ့ဖူးတဲ့Trader Hotel ကထုတ်တဲ့ မဂ္ဂဇင်းတစ်စောင်မှာတော့ ဂစ်တာနိုင်ဇော်ကဝေဖြိုးလွင်အမေနဲ့တွေ့ဆုံမေးမြန်းပြီး ဆောင်းပါးပြန်ရေးခဲ့တာရှိပါတယ်။

ရိုးရိုးတပ်သားလေးများသာဖြစ်တဲ့ သူတို့အလောင်းတွေကို အမေရိကန်အထိပြန်သယ်လာပြီး တိုက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေပါတဲ့ ဂုဏ်ပြုတပ်ဖွဲ့န့ ဗိုလ်ချုပ်ကြီးတွေကိုယ်တိုင် အလေးပြုပါတယ်။

ကိုဝေဖြိုးလွင်အိမ်မှာ အသုဘအခမ်းအနားကျင်းပတဲ့အချိန်ကနေစပြီး ၂လပြည့်တဲ့အထိ လိုအပ်တဲ့အကူအညီပေးနိုင်အောင်ဆိုပြီး အမေရိကန်တပ်မတော်က အရာရှိနှစ်ယောက်ဟာ ဘဏ်အစောင့်တွေလို အိမ်တံခါးပေါက်မှာ လာစောင့်ပေးပါသတဲ့။ နေ့စဉ် အလှည့်ကျပေါ့။ နှစ်ယောက်ပြီးရင် နောက်ထပ် တခြားနှစ်ယောက်ပေါ့။ ကိုဝေဖြိုးလွင်မိခင် ဒေါ်မေသီခကအားနာလွန်းလို့ ပြန်ပါတော့ ရပါပြီဆိုတာတောင် အားမနာပါနဲ့ ဒါ ကျွန်တော်တို့ လုပ်ကိုလုပ်ရမယ့်တာဝန်လို့ ပြောပါသတဲ့။


ကျွန်တော်တော့ စဖတ်ခါစက အတော်လေးအံ့အားသင့်သွားမိပါတယ်။အော် … ဒါ့ကြောင့်လည်း အမေရိကန်လူငယ်တွေ စစ်ထဲဝင်ကြတာကိုးလို့ သဘောပေါက်လိုက်မိပါတယ်။ ဝေဖြိုးလွင်ဆိုတာ သာမန်တပ်သားလေးတစ်ယောက်ပါခင်ဗျား …… ။

စစ်အကြောင်း မရေးရရင် မနေနိုင်လို့ရေးလိုက်တာပါ။ မြန်မာပြည်ကအကြောင်း မဟုတ်ဘူးနော်။ သူများနိုင်ငံအကြောင်းပါ။ ဘယ့်နှယ် ကြံကြံဖန်ဖန် ရဲဘော်သေတာ အရာရှိနှစ်ယောက်က နှစ်လလောက် အသုဘအိမ်လာစောင့်ပေးရတယ်လို့၊ ကြားကြားဖူးပေါင် …. ။ ။

Source –Ye Kyaw Thura

တကယ်ဖူးမြော်ရခက် ပြီးအင်မတန်တန်ခိုးကြီးတဲ့  ဝဋ်ကြွေးတော်ပြည့်ဘုရား

မင်္ဂလာအပေါင်းနှင့်ပြည့်ဆုံပါစေ

ဒီဘုရားသမိုင်းအကြောင်းလေးအချိန်တမိနစ်လောက်ပေးဖတ်ကျိပေးပါ ပရိသတ်ကြီး သိပီးရင်လည်းကျော်သွားနိင်ပါတယ် မသိသေးတဲ့သူတွေတွက်ဖတ်ပေးပါဒီဘုရားကို ကျောက်ပိ ဘုရားလို့ခေါ်ပါတယ်ဘီးလင်းမြို့မှာတည်ရှိတာလည်းဖြစ်ပါတယ်။

ဘုရားကိုဖူးမြော်မယ်ဆို တောင်အထွတ်ထိပ်ထိတက်ရပါတယ်အရင်ကသူပုန်နယ်မြေမို့ဘုရားကိုဖူးရန်မလွယ်လှပါဘူးဘုရားရဲ့သမိုင်းကိုနည်းနည်းလေးရှင်းပြပါရစေ ဘုရားပေါ်မှာပိနေတဲ့ကျောက်တုံးကြီးက ရိုးရိုးကျောက်တုံးမဟုတ်ပါဘူး ဖားပုံစံ ရှိတဲ့ဖားကျောက်တုံးကြီးပိနေတာပါ။

တာဝန်ရှိလူကြီးတွေကို မေးမြန်းကြည့်တဲ့အခါ ဝဋ်ကြွေးတော်ပြည့်ဘုရားလို့ လည်းပြောကြပါတယ်။ဘုရားဟာရဟန်းဏာဘဝက ဖားတကောင်အပေါ် အမှတ်မထင်အနာတရဖြစ်စေမှုကြောင့် ဝဋ်ကြွေးပြန်ခံရတာလို့ရှင်းပြပေးပါတယ်။ထို့ကြောင့် ဘုရားတောင်မှ မနေရ တို့ကဘာမို့လဲ ဆိုတဲ့စကားပေါ်ခဲ့သလိုမျိုးပေါ့ ဒီဘုရားဟာ တမင်တည်တာမျိုးမဟုတ်ပဲ ကျောက်တုံးအောက်က သူ့အလိုလို ဖြစ်တည်လာတာကို ရွှေချထားတာပဲဖြစ်ပါတယ်။

အင်မတန်တန်ခိုးကြီးပါတယ် ကျမကိုယ်တိုင် သထုံကတာဝန်ရှိလူကြီးတွေကိုယ်တိုင် လိုက်ပို့လို့ ဖူးမြော်ခွင့်ရခဲ့တာပါကျောက်တုံးဟာတဖြည်းဖြည်းနဲ့ ဘုရားခြေတော်လွတ်တဲ့ထိဖြစ်လာပါပီ ဆိုလိုချင်တာက ဝဋ်ကြွေးကြေပီလို့ပါအင်မတန်လေးလံဖားပုံစံကျောက်တုံးပိတဲ့ ဝေဒနာကိုခံစားပီး ရဟန်းတပါးဟာ ပျံလွန်ပီး နှစ်အတော်ကြာတော့ ဘုရားပေါ်လာတာဖြစ်ပါတယ်လို့ တာဝန်ရှိလူကြီးတွေကပြောပါတယ်။

တကယ်ဖူးမြော်ရခက်ပါတယ် ယခုအခါလူတွေသိလာကြပီမို့ ဘုရား ပတ်လည်ကို ဘောင်ခတ်လိုက်ပါပီ အနီးကပ်ဖူးမြော်ရန်မလွယ်လှတော့ပါဘူး သူငယ်ချင်းတို့ဖူးခွင့်ရအောင်တင်ပေးလိုက်ပါတယ်

စာရှည်သွားရင်ခွင့်လွှတ်ပါနားမလည်မာဆိုးလို့သေချာပြောပေးတာပါ Share ပီးယုံယုံကြည်ကြည်ဆုတောင်းလိုက်ပါကျမဒီဘုရားကိုဖူးခွင့်ရပီး နောက်ပိုင်းကံတွေအရမ်းတက်ခဲ့တယ်တကယ်ထူးခြားပါတယ် သထုံနယ်အစွန်ဖျားမို့လူတွေအရင်ကသိပ်မသိခဲ့တာပါ။ယခုကျိုက်ထီးရိုးဘုရားလိုနမာည်ကြီးတန်ခိုးကြီးဘုရားတစ်ဆူဖြစ်လာပါပီရှင့်ကျမကိုယ်တိုင်အနီးကပ်ဖူးမြော်ခွင့်ရခဲ့တာပါသင်လိုရာဆုတောင်းပါတော့ဖူးမြော်ပါလော့

ဘုရားတောင်မှ တမင်ဆိုတဲ့စိတ်နဲ့ မဟုတ်ပါပဲ ဖားလေးအပေါ် ရဟန်းဘဝက အနာတရဖြစ်စေခဲ့မိလို့ ယခုဘုရားဘဝမာ တောင်ဝဋ်ခံရရင် ကျမတို့လို့ပုထုစဉ်တွေ ဆိုရင်တော့ ဘယ်ပြောကောင်းမလဲရှင် အားလုံး စိတ်ထားသဘောထား ပြည့်ဝဖြူစင်စွာလေးထားနိင်ကြပါစေရှင့် cmt မှာသင်လိုရာဆုတောင်းပီး လွတ်လပ်စွာ Shareပါ

Credit #ChitThawKhin

နွားဘဝဖြင့် အကြွေးလာဆပ်သူ

လွန်ခဲ့သော နှစ်ပေါင်း( ၃၀ )ခန့်က ဖြစ်ရပ်မှန်ပါ

လူတို့သည် သံသရာကြွေးကို ပေါ့ပေါ့လေးထားပြီး မကြောက်တတ်ကြ။ မိမိတို့ယူထားသော အကြွေးမှန်သမျှ ကျင်လည်ရသည့် ဘဝအဆက်ဆက်၌ နွားခြေရာနောက်ကို လှည်းဘီးပါသလို တကောက်ကောက် လိုက်ပါသွားသည်ကို မေ့လျော့နေကြ၏။

လွန်ခဲ့သောနှစ်ပေါင်း ၃၀ ကျော်ခန့်က ကိုသာမောင်သည် သူငယ်ချင်းတစ်ယောက်နှင့် အင်းတစ်ခုကို လေလံဆွဲရန်အတွက် ဘကြီးဘိုးထွန်းထံမှ ငွေနှစ်ထောင်ချေးငှားခဲ့ပါတယ်။

ဘကြီးက အတိုးပင်မယူပဲ ချေးပေးခဲ့ရာ အင်းပေါ်ခါနီး ဗွေဖောက်ပြီး လောင်းကစား ဖက်လာရာက မရှုံးသင့်ပဲ ရှုံးခဲ့တဲ့အတွက် အကြွေးကိစ္စကို စိတ်ပူပြီး သာမောင်တစ်ယောက် အိပ်ယာထဲဘုံးဘုံးလဲပါတော့တယ်။

ဘကြီးဘိုးထွန်းက အကြွေးကိုဖြေးဖြေးခြင်းဆပ်ဖို့နဲ့ ကျန်းမာရေးကိုသာ ဂရုစိုက်ရန်ပြောပီး ဆေးဖိုးကိုပင် ထုတ်ပေးခဲ့ပါသေးတယ်။

ကိုသာမောင့်စိတ်ထဲမှာ ဒီအကြွေးကို သူဘယ်လိုမှ မဆပ်နိုင်တော့ဟု ယူဆပြီး စိတ်လျော့လိုက်တဲ့နောက်မှာ ဘဝတစ်ပါး ကူးပြောင်းသွားပါတယ်။

(ထိုခေတ်က ငွေနှစ်ထောင်သည် အလွန်တန်ဖိုးရှိပါသည်)

ကိုသာမောင်မှာ သားသမီးလေးဦးကျန်ခဲ့ပြီး ဇနီးဖြစ်သူမှာလည်း စိတ်ထောင်း ကိုယ်ကြေဖြစ်ကာ သေဆုံးသွားခဲ့ပြန်ပါတယ်။

သားအကြီးဆုံးကိုစိုးနှင့် ညီဖြစ်သူတို့ဟာ ညီမလေးနှစ်ယောက်ကို ဆက်လက် စောင့်ရှောက်ခဲ့ရာက မောင်နှမများ အသီးသီးအိမ်ထောင်ကျပြီး စီးပွါးရေး တိုးတက်ကောင်းမွန် လာခဲ့ပါတယ်။

တစ်နေ့မှာတော့ ကိုစိုးနှင့်မောင်နှမများဟာ ဘကြီးဘိုးထွန်းကို အလွန်ဒေါသဖြစ်စရာပေါ်ပေါက်ခဲ့ပါတယ်။ ဘကြီးဘိုးထွန်းဟာ သူ့အိမ်ကနွားလေးကို သာမောင်လို့ ခေါ်ဆိုတာကြောင့် ဖြစ်ပါတယ်။

မောင်နှမတွေမကျေနပ်တာနဲ့ ဘကြီးဘိုးထွန်းအိမ်သွားပြီး မေးမြန်းကြတဲ့ခါ …

အေးကွာ… ငါလည်း စိတ်မကောင်းတာ အမှန်ပဲ။ ဒီနွားပေါက်လေးကို ပန်းဘဲစုမှာကြွေးသွားတောင်းရင်း ကြိုက်လို့ ငါ့ညီဆီကနေ ဝယ်ခဲ့တာ။ ဝယ်ပြီး ငါ့သူငယ်ချင်းအိမ်မှာ နွားလေးကိုချည်ထားခဲ့တယ်။

ငါ ပြန်လာတော့ ချည်တိုင်မှာမရှိတော့ဘူး လိုက်ရှာတော့လည်း မတွေ့တာနဲ့ အိမ်ကိုပြန်လာခဲ့တယ်။

အံ့သြစရာကောင်းတာက ငါအိမ်ကိုရောက်တော့ နွားလေးက နွားတင်းကုပ်မှာ ရောက်နေတယ်။

စဝယ်ကတည်းက ငါ့ကိုလည်းတွေ့ရော ပယောပရီလုပ်နေတာ။ ငါလည်း မင်းတို့အဖေများ ဝင်စားသလားဆိုပြီး ဟေ့ကောင် သာမောင်ကြီးလို့လည်းဆိုရော ငါ့ဆီကို တန်းပြေးလာတာပဲ။

ဟာဗျာ…ဘိုးလေးကလဲ… မဖြစ်နိုင်တာဗျာ အဖေက နွားဘဝရောက်မလားဗျ …

အေးပါကွာ ငါကလည်း အဖြစ်ကို ပြောပြတာပါ။ ငါလည်းစိတ်မကောင်းပါဘူး။ မင်းတို့အဖေက သိပ်ရိုးတာ ဒါကြောင့် သူပိုက်ဆံလာချေးတော့ လွယ်လွယ်ကူကူ ငါ ချေးပေးခဲ့တာပေါ့။

ဟုတ်သော်ရှိ မဟုတ်သော်ရှိ ဘိုးလေးရာ…ဒီနွားကို အဖေ့နာမည် မခေါ်ပါနဲ့ဗျာ …

အေး… ငါလည်း တခြားနာမည်ပေးပြီး ခေါ်ပါတယ် မလှုပ်ဘူးကွ။ သာမောင်လို့ ခေါ်လိုက်လို့ကတော့ ကြားတဲ့နေရာက ပြေးလာတာပဲ။

ဆက်ပြောလျှင် မောင်နှမတွေ ဒေါသပါလာတော့မှာသိတဲ့တွက် စကားဖြတ်ပြီး ပြန်လာခဲ့ကြပါတယ် ။

ညီမဖြစ်သူကတော့ လုံးဝမကျေနပ် အဖေ့နာမည် နွားကို ပေးထားတာ ဒါအဖေ့သိက္ခာကို ချနေတာ သမီးအနေနဲ့ အဖေ့ဂုဏ်သိက္ခာကိုပြန်ဆယ်ရမှာပဲ

ကဲ… ဒါဆို နင်တို့ ဒီလောက်တောင် ဖြစ်နေကြတာ ကျေးရွာ တရားသူကြီးအဖွဲ့ကို တိုင်ကြရအောင်

ကျေးရွာလူကြီးနှင့်အဖွဲ့ဟာ ကိုသာမောင့်ကိစ္စကိုအမျိုးမျိုး တိုင်ပင်ပီးတဲ့ခါ လယ်ထဲသွားပီး ကိုစိုးတို့မောင်နှမတွေ ဘကြီးဘိုးထွန်းနဲ့ ကိုသာမောင်ဝင်စားတဲ့ နွားလေးကိုပါခေါ်ပြီး ဖြေရှင်းပါတယ် ။

နှစ်ဦးနှစ်ဖက် ကျေးရွာလူကြီးများ၏ အဆုံးအဖြတ်ကို နာခံပါမယ်လို့ ကတိပြုပီးတဲ့ခါမှာ ဦးဘိုးထွန်းကို ပထမဆုံး နွားလေးကို ခေါ်ခိုင်းစေပါတယ် ။

အထူးစိတ်ဝင်စားကြတဲ့အတွက် လာကြည့်တဲ့လူတွေကလည်း အနီးနားကရွာတွေပါ အုံးအုံးထနေအောင်ပါပဲ …

ဦးဘိုးထွန်းက ရွှေနီရေ လာလာ … ထိပ်ကွက်ရေ လာခဲ့ လာခဲ့ စသဖြင့် နွားနာမည်တွေကို ဘယ်လိုပဲ ခေါ်ခေါ် နွားလေးက တုပ်တုပ်မျှ မလှုပ်။

သာမောင်ရေလို့ခေါ်လိုက်တာနဲ့ ချက်ချင်း အပြေးအလွှားရောက်လာတာကို ကြည့်နေတဲ့သူတွေအားလုံး အံ့သြစွာ မြင်တွေ့ကြရပါတယ် ။

သည့်နောက် ကိုသာမောင်ရဲ့သားသမီး မောင်နှမလေးယောက်ကို အပြင်လူ( ၂၀ )နဲ့ရောပြီး တန်းစီ ခိုင်းထားလိုက်ပါတယ် ။

ကဲ မင်း သာမောင်ကြီး ဝင်စားတာမှန်လျှင် တန်းစီထားတဲ့အထဲက မင်းရဲ့သားကြီးဆီ သွားနမ်းစမ်းလို့ပြောလိုက်တဲ့ခါမှာ နွားလေးဟာ သူ့သား ကိုစိုးရှေ့ တည့်တည့်သွားပီး နမ်းပါတော့တယ် ။ သားကိုတရှုံ့ရှုံ့နမ်းရင်း မျက်ရည်တွေပါ တဖြိုင်ဖြိုင် စီးကျလာပါတယ် ။

လာကြည့်ကြတဲ့ ပရိသတ်ကြီးလည်း ကိုသာမောင့် အဖြစ်ကိုမြင်ပီး ဝမ်းနည်းလွန်းလို့ မျက်ရည်ကျတဲ့လူကကျ ငိုတဲ့လူက ငို …

အဲသည်နောက် နွားလေးဟာ လူအများကြီး ကြားထဲက သမီးဖြစ်သူထံကို စိုက်စိုက်မတ်မတ်သွားပီး နမ်းရှုံ့လိုက်တဲ့ အခါမှာတော့ …

အောင်မလေး အဖေရဲ့… သမီး ရင်ကွဲပါပြီ ဖြစ်မှဖြစ်ရလေအဖေရယ်ဆိုပီး ချုံးပွဲချ ငိုပါတော့တယ်

နွားလေးကိုဖက်ပြီး ငိုကြွေးလိုက်တဲ့ အသံဟာမြင်ရသူအပေါင်းရဲ့ ရင်ထဲမှာ ဆို့တက်သွားပြီးယောကျာ်းရင့်မာကြီးတွေတောင် မျက်ရည်တွေစီးကျ လာစေခဲ့ပါတယ် ။

~~~

ဤအဖြစ်အပျက်ဟာ သံဝေဂယူစရာကောင်းသလို ကိုသာမောင်ဟာ ဖခင်တစ်ဦးအနေဖြင့် မိသားစုရဲ့ စားဝတ်နေရေးအတွက် ရုန်းကန်ရင်း အကြွေးမပေးနိုင်တဲ့တွက် အပါယ်ဘုံသို့ ကျရောက်ရခြင်း။

အကုသိုလ်ကံ ပေးဆပ်ရတဲ့ခါ ပြုလုပ်သူသာလျှင်ပေးဆပ်ရခြင်း။

အဆိုပါ အတိတ်က အကုသိုလ်ကံသည် ဘဝပေါင်း မည်မျှထိ လိုက်လံ အကျိုးပေးမည်ကို မသိခြင်း။

ဒါကြောင့်… သူတစ်ပါးအကြွေးယူပြီး ပြန်မဆပ်သူ သူများအနေနဲ့ သံဝေဂနဲ့ ဆင်ခြင်နိုင်စေဖို့အတွက် တင်ပြလိုက်ပါတယ် ။

Like ရခြင်း မရခြင်းထက် တစ်ယောက်ဖတ်ရင် တစ်ခါမြတ်လို့ ကျေနပ်ပါတယ် ။

®နှင်းဆီ

Credit to-တရား ရတနာ

=========

ဦးကျော်သူ သယ်ယူလိုက်နိုင်ခဲ့တဲ့ ထူးဆန်းတဲ့ ကျောက်လိပ်ကြီးသမိုင်းကြောင်း

ကျောက်လိပ်ကြီး၏သမိုင်းကြောင်း။

ယခုအခါ ပြည်မြို့တစ်ဖက်ကမ်းရှိရွှေဘုံသာမုနိဘုရားအနီးရှိပရဟိတစေတီတော်တောင်ကုန်းတွင်တည်ရှိနေပါသည် အလှူရှင် (ကျော်လွင်ဦး)လိပ်ဘိုးဘိုးတစ်ယောက်သောကင်းဝေးငြိမ်းချမ်းသာယာဝပြောပါစေဟု မေတ္တာပို့ဆုတောင်းလျက် (ကျော်သူ) ကျ နော် ၂၀၁၄ ခုနှစ်ကသင်္ကြန် ပခုက္ကူ ပြန် ပြီး ဘုန်းကြီးဝတ် ပါတယ် ဘုန်းကြီးထွက် လို့  သူငယ်ချင်း နဲ့ ကော်ဖီသောက်ရင်း စကားစပ်မိပြီး ကျောက် ဖြစ် ရုပ်ကြွင်းလိပ် ကြီးတွေထားတယ် မင်း လိုက် ကြည့်မလားစိတ်ဝင် စားလားလို့ ပြော လို့  ပခုက္ကူနဲ့မိုင် ၄၀ ဝေးတဲ့ နေရာတစ် ခု က လျှိုကြီးတစ် ခု ထဲကို အညာနေ ပူ ပူမှာ ကျ နော်လိုက် ကြည့် မိတယ် ကျနော် မှာ မရှိ မဲ့ရှိမဲ့ ငွေလေးနဲ့ တစ်ခါ တည်း တွေ့ တဲ့သူ ဆီက ဝယ် လိုက်မိတယ်

အရမ်းကို ရိုးသားတဲ့ ရွာ လေးတစ်ရွာက ပါကျနော် ပခုက္ကူနဲ့ လိပ်ကြီးရှိ တဲ့ နေ ရာကို နေ့ ချင်းပြန်ကိုးရက် တိတိ ဆိုင်ကယ်စီး သွားပြီးခဲရ ခဲဆစ် အခက် အခဲပေါင်းများစွာနဲ့ ပခုက္ကူ နဲ့၁၂ မိုင် ဝေးတဲ့ ကျနော်ရွာကိုအောင်မြင်စွာသယ် ဆောင် နိုင် ခဲ့ပါ တယ် ကျောက် လိပ် ကြီးကို စပြီးသယ် ဖို့ လုပ် တော့ သုံးရက်တိတိလှုပ် ယုံပဲလှုပ်တယ် ဘယ်လို မှကို သယ်မရဖြစ်လို့ ကျနော် လက် လျှော့ရမလို ဖြစ် ခဲ့ရပါတယ် ရန်ကုန်က အမ တစ်ယောက်ကနင့် ကိုယ်ကျင့်တရားသီလ နဲ့ သယ်မရ ဖူးပြောတော့ကျနော် ပြန် ပြောလိုက်တယ် ရအောင် သယ်မယ် ကျနော်ကိုယ် ကျနော်ယုံတယ် သုံးရက် မြောက်နေ့မှာကျနော် ပွဲပေးရပါတော့တယ် သစ္စာ ဆို တယ် ကျနော်ရွာကိုတစ် နှစ် ထားခွင့်ပြုပါထိုက် တန် တဲ့ နေရာကိုပို့ခွင့်ပြုပါလို့ သစ္စာဆိုတယ် တောင် စောင့်နတ် တောစောင့်နတ်တွေ ဆိုင် ရာပိုင်ရာတွေကို မေတ္တာပို့ တယ် သယ်ခွင့်ပြုပါ လို့  ပြောတယ် တစ် မိုင် နီးနီးလောက်ကျနော် တစ်ယောက်တည်းလမ်းလျှောက် ဘုရားစာရွတ်မေတ္တာပို့ရင်း လျှို တစ်ခုအ ရောက် မှာ ကျောတွေချမ်းပြီးကြက်သီး တွေထပြီး ရှေ့ မတိုး ရဲ လို့  နှောက်ဆုတ်ပြီးလိပ် ကြီး ရှိတဲ့ နေရာ ကိုပြန် ခဲ့ရပါ တယ် ကိုးရက်မြောက်နေ့ မှာတော့ အောင်မြင်စွာသယ်ယူ နိုင် ခဲ့ပါ တယ် ကျနော် ရွာ ဆိုတာက ပခုက္ကူနဲ့ ၁၂ မိုင် ဝေးတဲ့ လှည်းချောင်းပေါက် ကြီးကျေးရွာဖြစ်ပါ တယ် မြစ် ရေ ဝင် တဲ့ ရွာပါ ရေ မဝင် တာ လေးနှစ်တိတိရှိပါပြီကျောက် လိပ် ကြီးရောက် မှလိပ်ကြီး အနား အထိ မြစ် ရေ ရောက် ပါ တယ်

ထူးခြား မှု ပေါ့ တစ်နေ့ မှာ ကျနော် ဦးကျော်သူ ကိုပဲမျက် စိ ထဲ ရေ ချိုး နေရင်းနဲ့ ခဏ ခဏ မြင် ရောင် နေ မိတယ် ဘာလဲဟပေါ့ ကျနော် စဉ်စားမိပြီးဦးကျော်သူ ဖုန်းနံပါတ်ကိုအမ တစ် ယောက် ဆီကရပါ တယ် ဦးကျော်သူနဲ့ ဖုန်းပြော ပြီး ဦးကျော်သူဦး စီး တည်ထား ကိုးကွယ်တော်မူသောပြည် ဖိုးဦးတောင် မဟာပဏီတ ပရဟိတအောင် တော် မူ မြတ်စွာဘုရားမှာ လှူလိုက် ပါ တယ် လှူဖို့ ကတိ ပေးပြီးမှ လိုက်ဝယ် ကြ ပါတယ် အရင် ကလဲဝယ် ကြ ပါတယ်

ကျ နော် မ ရောင်းခဲ့တာပါကျ နော် စဉ်စားပါတယ် အခု လို လှူရ တာအရမ်းကို ပျော် ပါတယ် နောင် နှစ် ပေါင်းများစွာအထိကျန် ရစ် ခဲ့မှာပါ ဝယ် တဲ့ သူကို ကျနော်ပြောလိုက် မိပါတယ် ငါ ဦးကျော် သူကို လှူဖို့ ကတိ ပေးထားပြီးပြီ ငါ အရမ်းလေးစားပြီး တန် ဖိုးထားတဲ့ သူ တစ် ယောက်ကို ကတိမဖျက် ချင် ဖူး ဘယ် ဈေးပေးပေး မ ရောင်း တော့တာ ပါ ကတိသစ္စာ တည်ရင်နွယ် မျက် သစ်ပင် တောင်ဆေးဖက် ဝင် တယ် လို့ ရယ် ပြီး ပြော လိုက် မိတယ် ကျနော် ပိုက် ဆံချမ်းသာတဲ့ လူတန်းစား မဟုတ် ပါဖူးအခု အလှူ ကလဲခု နှစ် ရက် သားသမီးနဲ့ အားလုံးကို ကိုယ်စားပြု ပါတယ် ဘယ်အရာမှ မပိုင် ကြပါဖူး သေ ရင် ကိုယ့် နောက် ဘာ မှ မပါ ပါ သေ ရင် ကိုယ့်နောက်ပါ မှာက ကုသိုလ် နဲ့ ဘာဝနာပါ သေ သောချိန်ခါကိုယ့်နောက်ပါ ပစ္စည်း ဉစ္စာမဟုတ်ပါ သေ သော ချိန်ခါကိုယ့် နောက်ပါ ကုသိုလ် ဘာဝနာ ပါ

အခု လို မျိုး ကျနော်ပုံ တင် ပြီး စာ ရေးမိ တာက ရောင်းမရ လို့  လှူ တာလို့ ပြော လို့  စိတ်မ ကောင်းဖြစ်မိတယ် နောက် တစ်ခုကကျနော် နာမည် ကို အွန် လိုင်းမှာ လိုက် ဖျက်နေ ကြ လို့ ပါ ကျ နော်က ခွင့်လွှတ်တယ် ကိုယ် မဟုတ်တာမလုပ်ဖူးသီလ လုံတယ် အ မေဆု ပြောသလို ကိုယ့် လိပ်ပြာ ခုံရုံးမှာကိုယ့် ကိုယ် ကို မားမားမတ် မတ်အစစ် ခံဝံတယ်လှူ တာက လည်း နောင် လာ နှောက်သားတွေ က လေးတွေ အားလုံး အားလုံးကြည့်ဖို့ တခြား နိုင် ငံ မ ရောက် ဖို့ ဘုရား မှာ လှူ တာ ပါ

ဦးကျော်သူ နှင့် ပြည် သုခနားရေးကူ ညီမှု အသင်းမှအတွင်းရေးမှူးဦးညီညီအောင်ကျောက်လိပ်ကြီး သယ် တုန်းကအမြဲတမ်း မ မောအပန်းလိုက် ပေးတဲ့ ဦးလေးဝိုင်းဝန်းပြီး ကူ ညီ ကြ တဲ့ရွာ သူ ရွာသားများကိုအများကြီး ကျေးဇူးတင် ပါတယ်။

(ကျော်လွင်ဦး)

Credit – Kyaw Thu

မိသားစု ​ခြောက်​​ယောက်​ကို ကယ်​တင်​ခဲ့​သော ဗုဒ္ဓရုပ်​ပွား​တော်

မိသားစုလိုက် ခရီးသွားကြရာ ကားဘီးပေါက်လို့ဆင်းကြည်လိုက်တော့ဗုဒ္ဓရုပ်ပွားတော်လေး တစ်ဆူကိုတွေ့လိုက်ရပါတယ်

ထိုရုပ်ပွားတော်လေးကပဲမိသားစုခြောက်ယောက်အသက်ကိုကယ်တင်လိုက်ပါတယ်

ဘာကြောင်လဲဆိုတော့

သူတို့တတွေ ကားဘီးပေါက်လို့သွားလို့မရဖြစ်နေတုန်းမှာ အခြားကျော်တက်သွားခဲ့သော ကားတစ်စီးက ရှေ့မှာ တောင်ပြိုပိမိပြီး ချောက်ထဲကိုပြုပ်ကျသွားခဲ့လို့ပါပဲ….

ထိုရုပ် ပွားတော်လေးသာ ကားဘီးပေါက်အောင် မလုပ်ပေးခဲ့ဘူးဆိုရင်သူတို့မိသားစုဟာ မတွေးဝံ စရာပါ

ဘုရားပေးတဲ့အသက်ဆိုတာ ဒါမျိုးဖြစ်မှာပါ

မိတ်ဆွေများလည်း ဘုရားသိ တရားရှိသူများ ဖြစ်ကြပါစေခင်ဗျာ

Myo zaw