Tag Archives: Successful Articles

ရှိတာနဲ့ ဖြစ်အောင်လုပ်ခြင်းနှင့် ရင်းနှီးမြုပ်နှံသူဘက်က ရင်းနှီးမြုပ်နှံသင့် မသင့်စဉ်းစားပုံ

ဝင်ငွေရပြီးရင် ထိုဝင်ငွေကို မသုံးခင်
အရင် ၃ ခုအတွက်စဉ်းစားပါ
ကိုယ်ပိုင်စီးပွားရေးစဖို့ အတွက် စုပါ
ရင်းနှီးမြုပ်နှံဖို့ အတွက် စုပါ
ရေရှည်မှာသုံးဖို့ အတွက်စုပါ

ထိုကဲ့သို့ စုပြီးမှသုံးပါ
ကိုယ်ပိုင်စီးပွားရေးစချင်တယ်။ ငါ့မှာအရင်းအနှီးမရှိဘူး။
ထိုအရင်းအနှီးကို ကိုယ်ကဖန်တီးမှရမှာ။
တစ်ခြားသူဆီက ရင်းနှီးမြုပ်နှံမှုလိုချင်တယ်။ စဉ်းစားကြည့်ပါ။
ဘာမှမစရသေးဘဲ လေထဲမှာတိုက်ဆောက်နေတဲ့လူရဲ့ လုပ်ငန်းမှာရင်းနှီးမြုပ်နှံမှာလား။
ရင်းနှီးမြုပ်နှံမှုလိုချင်ရင် ရှိတာနဲ့ စပါ။
လက်တွေ့ အကောင်အထည်ဖော်ပါ။

အမေရိကားမှာဆို 30 second pitch ဆိုတာရှိသည်။
ကိုယ့်စီးပွားရေးကို ရင်းနှီးမြုပ်နှံလာအောင် အရင် ၃၀ စက္ကန့် အတွင်းမှာ ရင်းနှီးမြုပ်နှံသူကို ပြောရတာ။

ကျွန်တော်လေ့လာမိသလောက်က
ရင်းနှီးမြုပ်နှံတဲ့သူတွေက တကယ့်စီးပွားရေးစနေပြီ။ အမြတ်ရစရာမလိုဘူး။
တကယ့်ကိုစနေပြီး။
အစိတ်အပိုင်းတစ်ခုထိ တကယ်အကောင်အထည်ဖော်ပြီးပြီ။
အမြတ်ကလည်းရနေပြီ။

ဒီလိုစီးပွားရေးလုပ်ငန်းကို သူဌေးတစ်ယောက်က ရင်းနှီးမြုပ်နှံချင်တယ်။
လက်ဖက်ရည်ရောင်းတယ်။
ဆိုင်ခန်းမငှားနိုင်လို့ အရင်လမ်းဘေးမှာရောင်းတယ်။
လက်ဖက်ရည်က အရသာမျိုးစုံရတယ်။ Bubble Tea လိုပာာမျိုးကိုစဉ်းစားပါ။
လမ်းဘေးမှာရောင်းတယ်။ အရမ်းကောင်းလို့ လူတွေကကြိုက်တယ်။
တစ်နေ့ ကို ခွက်ကလေးတွေနဲ့ ရောင်းရတာ ၅၀-၁၀၀ ရောင်းရတယ်။
လူတွေကလည်း သတိထားမိလာပြီ။
၁ လလောက်ရှိပြီ။
ဒီလက်ဖက်ရည်ရောင်းတာကို ရင်းနှီးမြုပ်နှံသူဆီသွားရင်
ငါ့မှာရောင်းတာ တစ်နေ့ ကို ဘယ်လောက် ဘယ်လောက်ရောင်းရတယ်။
ဒီလောက်ငွေဝင်တယ်။
ငါ့မှာဒီအရသာတွေရှိတယ်။
ငါဆိုင်ဖွင့်ချင်တယ်။ ငွေဘယ်လောက်လိုလဲ။
ဘယ်နေရာမှရင်းနှီးမြုပ်နှံရင် ဘယ်လိုရမလဲ။
ဘယ်လိုလုပ်ရင် လူပိုလာမလဲ။
ခုတော့ ငါဒါပဲလုပ်နိုင်သေးတယ်။
ငါဖျော်တာကို လူဘယ်နှစ်ယောက်သောက်လဲဆိုတာကို သက်သေနဲ့ ပြနိုင်တယ်။
ဥပမာ ချိုစိမ့်ကို လူ ၂၀၀ က ၀ယ်ပြီးပြီ။
ဒီလိုဖြစ်ပြီးသား စနေပြီးသားကို

ငါ tea shop ဖွင့်ချင်တယ်။ ဆိုင်ဖွင့်မယ်။ ဒါပေမဲ့ ဘာဖျော်ရမှန်းတောင်မသိဘူး။
ရင်းနှီးမြုပ်နှံမှုမရှိလို့ ဘာမှမလုပ်ရသေးဘူး။
လုပ်ချင်တယ်။ ဆိုင်ဖွင့်ချင်တာပဲသိတယ် ဘာမှလုပ်ရသေးဘူး။

ဒီလိုလူနှစ်ယောက်ကိုယှဉ်ကြည့်ပါ။
ဘယ်သူ့ ကိုရင်းနှီးမြုပ်နှံမှာလဲ။
ရင်းနှီးမြုပ်နှံတဲ့သူမှာလည်း စွန့် စားရတာကို။

Entrepreneur ဆိုတာ အရင် ရှိတာနဲ့ ဖြစ်သလောက်ကို လုပ်နိုင်ရမယ်။
ငါ့မှာငွေမရှိလို့ မလုပ်နိုင်ဘူးဆိုတာမရှိဘူး။
ရှိတာလေးနဲ့ ဖြစ်နိုင်သလောက်ကိုပဲလုပ်မှ

လက်ဖက်ရည်ရောင်းတယ်။
ပုလဲနဲ့ လက်ဖက်ရည် အအေးရောင်းချင်တယ်။
အရင်ကိုယ့်ပာာကိုယ်ဖျော်ပြီး လမ်းဘေးမှာစရောင်းကြည့်ပါလား။
ဆိုင်နဲ့ တစ်ခါထဲ တန်းဖွင့်ရမှာလား??

Elon Musk, Steve Jobs, Jeff Bezos, Bill Gates သူတို့ အားလုံးက ရှိတာနဲ့ ဖြစ်နိုင်သလောက် လုပ်ကြတယ်။
ရင်းနှီးမြုပ်နှံတဲ့သူဘက်ကကြည့်ရင် တကယ့်ကို အတိုင်းအတာတစ်ခုအထိ အကောင်အထည်ဖော်နေမှ ရင်းနှီးမြုပ်နှံချင်တာ။
မှန်တယ် ငွေမရှိလို့ ပိာုပာာ မလုပ်နိုင်ဘူး ဒီပာာမလုပ်နိုင်ဘူး။
ဒါပေမဲ့ အခုလက်ရှိ ရှိသလောက်နဲ့  ဘာကိုဖြစ်အောင်လုပ်နိုင်သလဲ။
စိတ်ထဲမှာရှိတာမပာုတ်ဘူး။ လူတိုင်းမှာအတွေးအခေါ်ကောင်းရှိတယ်။ အတွေးဘယ်လောက်ကောင်းနေပလေ့စေ လက်အတွေ့ အကောင့်အထည်မဖော်နိုင်ရင် အဲ့လူတစ်နေ့ စိတ်ဓာတ်ကျမှာပဲ။
အခုကိုယ့်မှရှိသမျှ ညဏ်စွမ်း ၊ ရှိတဲ့ငွေ ၊ စိတ်ဓာတ်ခံနိုင်အား ၊ အချိန်ပေးနိုင်စွမ်းနဲ့ ငါဘာလုပ်နိုင်သလဲ။
ဒါကိုစလုပ်နိုင်ရမယ်။
ဒီလိုလုပ်တာ တကယ့်ကို ကိုယ်ဖန်တီးချင်တဲ့ product က လက်တွေ့ အကောင်အထည်ဖော်လာမှ ( အတိုင်းအတာတစ်ခုအထိပဲ ) မှ ငွေရှိတဲ့လူကို သွားပြရင် ဒီလောက်လေးနဲ့ ဒီလိုဖြစ်အောင်လုပ်နိုင်ရင်
ငါသူ့ ကို $100,000 ပေးလိုက်ရင် နောက်ထပ်ပိုလုပ်နိုင်မယ်ဆိုတာ တွေးပြီး ယုံကြည်မှုကိုရလိမ့်မယ်။
ကျွန်တော်က venture capital စိတ်ဝင်စားတယ်။
ဒါကျွန်တော့်စဉ်းစားမှုပါ။
ကျွန်တော် အမေရိကားမှာ စတော့တွေဝယ်တယ်။ financial statement ဖတ်တယ်။
အခုလက်ရှိမှာ အမြတ်တွေ တစ်ပုံကြီးဝင်နေဖို့ မလိုဘူး။
ဒီလုပ်ငန်း လုပ်တဲ့လူငါ ရှိသလောက်နဲ့ ဖြစ်အောင် လုပ်နိုင်ရမယ်။
ငါ့ကိုလေထဲတိုက်ဆောက်တာ လာမပြောနဲ့ ။
ရှိသလောက်နဲ့ ဖြစ်အောင်လုပ်ထားတာကို ပြ။
မင်းဖြစ်တာကို နားလည်တယ်။ မင်းလုပ်ချင်တာကိုနားလည်တယ်။
ဒါပေမဲ့ အခုလက်ရှိအနေအထား ညဏ်စွမ်း ၊ အချိန်နဲ့ ဘ၀ပေးဆပ်နိုင်စွမ်း ၊ ညဏ်မီသလောက် ဘာလုပ်ထားလဲ။
ဘာတွေဖြစ်ပြီးပြီလဲ။
ဒါကိုကြည့်ပြီးမှ စကားဆက်ပြောကြတာပေါ့။
မင်းဖောက်သည်တွေကို မရခင် ငါ့ကို မင်းဖန်တီးထားတာအရင်ပြစမ်းပါ။
ပြီးမှ ဖောက်သည်တွေကိုရအောင် ဘယ်လိုလုပ်မလဲ။ ဒီပစ္စည်းထဲကို ဘာတွေဆက်ထည့်မလဲ။ လူတွေသုံးတာ ဘယ်လိုလွယ်မလဲဆိုတာကို စဉ်းစားကြမယ်။
တစ်ခုခုဖန်တီးထားကို အရင်ပြစမ်းပါ။ ဒီအဆင့်မှာတင် လူတွေက၀ယ်သလား။ သုံးနိုင်သလား ဆိုတာကိုပြပါ။
ဒါက venture capital ရဲ့ တွေးခေါ်စဉ်းစားနည်းပဲ။
Venture capital ဆိုတာ စွန့် ဦးတီထွင်သူတွေဆီမှာ ပထမဆုံး ရင်းနှီးမြုပ်နှံတဲ့သူပါ။
ကျွန်တော်က ဒါကိုစိတ်ဝင်စားလို့ လိုက်လေ့လာတယ်။
စာဖတ်သူစိတ်ဝင်စားရင်
Zero to One by Peter Thiel ကိုဖတ်ပါ။
Facebook ကို စတော့ဈေးကွက်မှာမတင်ချိန်မှာ ရင်းနှီးမြုပ်နှံတဲ့လူပါ။
Facebook မှာ အရင်ဆုံး အကြီးစားရင်းနှီးမြုပ်နှံတဲ့သူက Peter Thiel ပါ။
သူက $500,000 ထည့်ပါတယ်။
သူရောင်းတော့ $1 billion – $ 1,000,000,000 ရပါတယ်။ ( CNN Money )

သူရဲ့ အတွေးအခေါ်က ဘာမှမရှိတဲ့အရာကနေ အသစ်တစ်ခုကိုဖန်တီးနိုင်ရမယ်။
သုညကနေ တစ်ဖြစ်တာ။
သူ့ စာအုပ်ကို ကျွန်တော့်အရမ်းကြိုက်တယ်။
ကျွန်တော့်အတွေးအခေါ်တွေကို သူ့ စာအုပ်ကစဉ်းစားပုံတွေက စီးဝင်နေတယ်။
ဘာမှမရှိတာကနေ ရှိအောင်လုပ်ပြရမယ်။
သုညကနေ တစ်ဖြစ်ရမယ်။
စိတ်ကူးစိတ်သန်းကနေ ၁ ဖြစ်အောင်လုပ်ရမယ်။

ကိုယ်ပိုင်စီးပွားရေးစချင်ရင် ရှိတာနဲ့ ဖြစ်နိုင်တာကိုလုပ်ပါ။ ဒီလိုလုပ်မှ တစ်ခြားသူတွေက ရင်းနှီးမြုပ်နှံချင်မယ်။
ဘ၀မှာဖြစ်ချင်တာကို လက်ရှိမှာ ရှိတာတွေနဲ့ ဖြစ်နိုင်တာကိုဖြစ်အောင်လုပ်ပါ။ ပြီးမှ နောက်ခြေလှမ်းတွေကိုစဉ်းစားကြတာပေါ့။

#Credit Ko Kyaw Tun

အောင်မြင်စေဖို့ အလေ့အကျင့် 10 ခု

၁.ရည်မှန်းချက်ထားပါ
မိမိပြီးမြောက်အောင်မြင်ချင်တဲ့ အရာကို ရည်မှန်းချက်အဖြစ်ထားပါ။ မိမိအတွေးထဲမှာ မိမိကိုယ်ကိုစိတ်ကူးပုံဖော်ပါ။ မိမိဖြစ်ချင်တဲ့အခြေအနေထိရောက်အောင် တစိုက်မတ်မတ်ကြိုးစားသွားပါ။

၂.အောင်မြင်ပန်းတိုင်လေးတွေ သတ်မှတ်ထားပါ။

မိမိရဲ့ရည်မှန်းချက် မဖြစ်လာသေးခင် အောင်မြင်မှုမှတ်တိုင်လေးတွေ သတ်မှတ်ထားပါ။ မိမိရဲ့တနေ့တာ တာဝန်တွေပြီးမြောက်သွားခဲ့ရင်လည်း ဒါဟာအောင်မြင်မှုအသေးစားလေးတွေပါဘဲ။ တနေ့ကို နည်းနည်းချင်းစီ အောင်မြင်မှုတွေ ဖန်တီးနိုင်ပါတယ်နော်။ တနေ့တာအတွက် အောင်မြင်မှုပန်းတိုင်လေးတွေကို မိမိကိုယ်တိုင် သတ်မှတ်ထားပါ။

၃.ရည်ရွယ်ချက်ရှိပါစေ

ဘာအတွက်ကြောင့် ရည်မှန်းချက်တွေထားလဲ ဆိုတာ မိမိကိုယ်တိုင်သိအောင်ကြိုးစားပါ။ မိမိအမှန်တကယ်လိုချင်တဲ့အရာကို target ထားမှ ကြိုးစားအားထုတ်ချင်စိတ်တွေဖြစ်ပေါ်လာမှာပါနော်။ အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ မိမိကိုယ်ကို ဆင်ခြေတွေပေးနေမိပြီဆိုရင်တော့ ဒီအရာကို သင်အမှန်တကယ်လိုချင်ရဲ့လားဆိုလား ပြန်လည် ဆန်းစစ်ကြည့်သင့်ပါတယ်။

၎.မိမိကိုယ်ကိုဆုချပါ

လတ်တလော မိမိအလိုချင်ဆုံးအရာ ဆုအဖြစ်သတ်မှတ်ထားပါ။အလုပ်တခုပြီးမြောက်အောင်မြင်နိုင်ခဲ့ရင် မိမိကိုယ်ကိုဆုချပါ။ ဒီနည်းလမ်းက သင့်ကို ကြိုးစားချင်စိတ်တွေဖြစ်စေနိုင်ပါတယ်နော်။

၅.မနက်စောစောထပါ။

အလုပ်ပိုပြီးချင်တယ်ဆိုရင်တော့ တခြားသူတွေထက် ၂နာရီစီစောပြီး အိပ်ရာထပါ။မိမိအတွက် ပြင်ဆင်ချိန်တွေပိုရသလို ကျန်းမာရေးအတွက်လည်းကောင်းမွန်ပါတယ်နော်။မနက်စောစောထခြင်းက စိတ်ကိုပေါ့ပါးစေပြီ၊ ခေါင်းကို ကြည်စေပါတယ်။ အိပ်ရာထထချင်း ၅မိနစ်လောက်ကတော့ စိတ်ညစ်စရာအကောင်းဆုံးအချိန်ဖြစ်မှာပါနော်။ ဒါပေမဲ့ ကြိုးစားပြီးလုပ်ကြည့်ရင်တော့ လွယ်ကူလာပါလိမ့်မယ်။ မနက်စာစားဖို့အချိန်လည်းရသလို၊ ရုံးချိန် ကျောင်းချိန်လည်း နောက်မကျတော့ဘူးပေါ့။

၆.မျှမျှတတ ကြိုးစားပါ။

တချို့က ရည်မှန်းချက်နောက်ကို လိုက်ရင်းနဲ့ မိမိပတ်ဝန်းကျင်၊ မိသားစု၊ သူငယ်ချင်းအပေါင်းအသင်းတို့နဲ့ ဝေးကွာသွားတတ်ကြပါတယ်။ တဖက်ကအလုပ်ကြိုးစားရင်းနဲ့ တဖက်က ပညာရေးမလစ်ဟင်းစေဖို့ မိမိကိုယ်ကိုယ်ကိုလေ့ကျင်ပျိုးထောင်ပါ။ ငွေရှာဖို့ ကြိုးစားနေခိုက် မိမိရဲ့ ကျန်းမာရေး၊ အနေအထိုင်ကိုမျှတအောင် ထိန်းသိမ်းပါ။ စသည်ဖြင့် ဘက်ပေါင်းစုံကနေတွေးပြီး မျှမျှတတကြိုးစားပါ။

၇.သင်ခန်းစာယူပါ

တနေ့တာ မိမိလုပ်ခဲ့သမျှကိုပြန်လည်သုံးသပ်ပါ။ ဒီနေ့ အလုပ်တကယ်ပြီးရဲ့လား။မိမိ အလုပ်မှာ ဘယ်လိုအမှားတွေလုပ်ခဲ့မိလဲဆိုတာ ကိုယ့်ကိုယ်ကို ပြန်လည်သုံးသပ်ပါ။ တနေကုန်အလုပ်များနေပြီးအလုပ် တခုမှ မပြီးတာမျိုးရောကြုံဖူးကြရဲ့လား။ ဒါဆို တနေ့တာပြုလုပ်ခဲ့တဲ့ အလွဲတွေကနေ ပြန်လည် သင်ခန်းစာယူပြီး မနက်ဖြန်အတွက် ပြင်ဆင်သင့်ပါပြီနော်။

၈.မိတ်ဆွေကောင်းကိုရှာပါ

ဘဝအတွေ့အကြုံတွေကို ပြန်လည်မျှဝေဖို့ မိတ်ဆွေကောင်းတဦးတော့လိုအပ်ပါတယ်နော်။ မိမိဒုက္ခရောက်နေချိန်မှာ ကူညီပေးနိုင်တဲ့ မိတ်ဆွေကောင်းတယောက်ကို ရှာဖွေထားသင့်ပါတယ်နော်။ အကောင်းမြင်တတ်တဲ့မိတ်ဆွေတွေက သင့်ကို အောင်မြင်မှုလမ်းကြောင်းဆီရောက်ဖို့ ခွန်အားပေးမှာ သေချာပါတယ်

၉.သင်ဖြစ်ချင်တာတွေကို မျှဝေပါ

သင့်မိသားစု၊ သူငယ်ချင်းအပေါင်းအသင်းတွေကို သင့်ရဲ့ရည်မှန်းချက်တွေ ပြောပြပါ။ သူတို့ရဲ့ ထင်မြင်ယူဆချက်တွေကို နားထောင်ပါ။အကြံဥာဏ်တွေကို ရယူပါ။ ဟင်းခတ်အမွှေးအကြိုင်စုံလင်တဲ့ဟင်းတခွက်လို အကြံဥာဏ်စုံလင်နေတဲ့ plan တခုက သင့်အောင်မြင်မှုကိုအကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတးနော်။

၁၀. သင့်အိပ်မက်တွေကိုချရေးထားပါ

အမှန်တကယ်အောင်မြင်ချင်ရင် သင့်ရည်မှန်းချက်တွေကို စာရင်းပြုစုထားပါ။ ချမရေးထားတဲ့ ရည်မှန်းချက် က အိပ်မက် မက်နေတာနဲ့တူပါတယ်နော်။ အလုပ်များလာတဲ့အမျှ တချိန်မှာ ပျောက်ကွယ်သွားနိုင်ပါတယ်။ ချရေးထားခြင်းက မိမိရဲ့ ရည်မှန်းချက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ အသေချာဆုံးနည်းလမ်းပဲဖြစ်ပါတယ်နော်။

#Credit. LanThit

2019မှာ သင်အောင်မြင်စေဖို့ …”

.ပြောင်းလဲနေတဲ့အချိန်တွေနဲ့အတူ အောင်မြင်မှုအတွက်လိုအပ်ချက်တွေကလည်း ရွေ့လျားလာပါတယ်။ ကြိုးစားတိုင်းအောင်မြင်ဖို့မလွယ်သလို အရည်အချင်းရှိတိုင်းရှေ့မရောက်နိုင်ပါဘူး ။ ကျွန်တော်တို့ရဲ့နေ့စဉ်လှုပ်ရှားမှုတွေမှာ ရင်းနှီးမြှုပ်နှံဖို့ အရမ်းအရေးကြီးလာပါတယ်။ကိုယ့်အတွက်အကျိုးမရှိတဲ့အရာတွေကို 2019 ဆီမသယ်ဆောင်ဖို့လိုအပ်ပါတယ်။
.
⛔ Phone
.
နေ့စဉ်ထိတွေ့မှုအများဆုံးဖုန်းကပဲစပြီးပြောချင်ပါတယ် ။ ကိုယ့်ရဲ့ဖုန်းထဲမှာဘာတွေထည့်ထားလဲဆိုတာ အရင်တစ်ချက်ပြန်စဉ်းစားကြည့်ပါ ။ ကိုယ့်အတွက်အကျိုးရှိစေမည့်အရာတွေလား ၊ အကျိုးမရှိတဲ့အရာတွေလား အမှန်တိုင်းဖြေကြည့်ပါ ။ တော်တော်များများသောသူတွေကတော့ သေချာပေါက်ဖျော်ဖြေရေး နဲ့သက်ဆိုင်တာတွေ ၊ ကိုယ်ပိုင်အချက်အလက်တွေနဲ့ ဂိမ်းတွေလောက်သာထည့်ထားကြမယ်ထင်ပါတယ် ။ အောင်မြင်ချင်သူတစ်ယောက်ဖြစ်ဖို့ အနီးကပ်ဆုံးနေ့စဉ်အသုံးပြုနေတဲ့ဖုန်းထဲမှာလည်း ကိုယ့်ဘ၀အတွက်အရေးပါတဲ့အရာတွေကို ထည့်သွင်းထားသင့်ပါတယ် ။ ကိုယ့်ရဲ့အလှပုံတွေလောက်ပဲ နေ့စဉ်ပြန်ကြည့်ယုံလောက်သာ ဖုန်းကိုအသုံးမပြုစေချင်ပါဘူး ။ ကိုယ့်အတွက်အသုံးဝင်မည့် Video File တွေ ၊ ခွန်အားဖြစ်မည့်စာတွေ ၊ အင်္ဂလိပ်သီချင်းတွေ ၊ ဟောပြောမှုတွေ ၊ လေ့လာသင်ယူစရာ Appတွေ ကိုဦးစားပေးထည့်ထားသင့်ပါတယ် ။ ယနေ့ခေတ်မှာဖုန်းတစ်လုံးကို အကျိုးရှိရှိအသုံးချပြီး အောင်မြင်တဲ့ဘ၀ကိုပုံဖော်ဖန်တီးနိုင်မယ်ဆိုတာယုံကြည်ရင် ဒီနည်းလမ်းလေးကိုအသုံးချကြည့်စေချင်ပါတယ် ။အကျိုးမရှိတဲ့ဟာတွေကိုအခုပဲဖျက်လိုက်ပါ ၊ ဖုန်းရဲ့Storge လည်းလျော့သွားပါလိမ့်မယ် ။
.
⛔ Body
.
အောင်မြင်မှုအတွက် ကိုယ့်ရဲ့ခန္ဓာကိုယ်ဟာအင်မတန်မှအရေးပါပါတယ် ။ အမှန်တိုင်းပြောရရင် ကိုယ့်ကိုယ်ကို အရင်ဆုံး ဝေဖန်ကြည့်ပါ ။ ကိုယ့်ပုံစံက လူအများနှစ်သက်စေတဲ့ပုံစံလား ၊ မြင်လိုက်တာနဲ့အမြင်ကတ်စရာလားဆိုတာကို စဉ်းစားကြည့်ပါ ။ ကိုယ့်ရဲ့ဝတ်ပုံစားပုံတွေကကော လူအများအမြင်မှာ အထင်ကြီးလေးစားစရာကောင်းရဲ့လား ၊ အထူးသဖြင့်ကိုယ်ဟာအရမ်းပိန်နေသလား ၊ အရမ်းအဆီပိုတွေများနေသလား ၊ ကိုယ့်ကိုယ်ကိုသာအသိဆုံးဖြစ်ပါလိမ့်မယ် ။ အောင်မြင်ချင်တဲ့သူတစ်ယောက်ဟာ မိမိကိုယ်မိမိမလိမ်ညာမိဖို့အရေးကြီးပါတယ် ။အားနည်းချက်တွေကို သူတစ်ပါးမသိအောင်ဖုံးဖိလို့ရပေမယ့် ၊ ကိုယ်တိုင်ကတော့ ငါဘယ်နေရာအားနည်းနေတယ်ဆိုတ်ာသိနိုင်ပါတယ် ။ ဒါ့ကြောင့် ခန္ဓာကိုယ်ပေါ်မှာ အောင်မြင်မှုတွေဘယ်လိုတည်ဆောက်နိုင်သလဲဆိုတာ သိထားဖို့လိုအပ်လာပါပြီ ။ကိုယ့်ရဲ့Personality ကိုအကောင်းဆုံးမြှင့်တင်ပါ ။ လိုက်ဖက်ညီတဲ့အ၀တ်အစားတွေကို ၀တ်ဆင်ပါ ။ တည်ငြိမ်အေးဆေးတဲ့ပုံစံရအောင်ဖန်တီးပါ ။ သင်မအောင်မြင်သေးဘူးဆိုရင်တောင် သင့်ကိုလူတွေအထင်ကြီးလေးစားစရာလူတစ်ယောက်အဖြစ်မြင်လာပါလိမ့်မယ် ။
.
⛔ Knowledge

သိချင်တဲ့အရာကို စက္ကန့်ပိုင်းအတွင်းရှာဖွေနိုင်တဲ့ခေတ်မှာ ကျွန်တော်တို့ဘာမှမသိဘူးဆိုတာ မဖြစ်သင့်ဘူးလို့ပဲထင်ပါတယ် ။ ထို့အတူအရာအားလုံးသိနိုင်ဖို့ဆိုတာကလည်း ယနေ့ခေတ်မှာပိုမိုခက်ခဲပါတယ် ။အကြောင်းကတော့ အသစ်အသစ်သောအကြောင်းအရာတွေ ပေါ်နေလို့ပဲဖြစ်ပါတယ် ။ Facebook တောင် Version အသစ်တွေခဏခဏပြောင်းနေရင် ကျွန်တော်တို့သိထားတဲ့အရာတွေကလည်း အသစ်တွေဖြစ်လာနိုင်ပါတယ် ။ အဓိကတော့ သိချင်တတ်ချင်စိတ်ကလေးကိုနိုးဆွစေချင်ပါတယ် ။ သူများဝေါထဲဝင်ပြီးနေ့စဉ်နှင့်အမျှအတင်းပြော စပ်စုတာမျိုးမဟုတ်ပဲ ၊ ကိုယ်သိချင်တဲ့အရာကို လိုက်လံရှာဖွေတာမျိုးကို လေ့ကျင့်ယူထားသင့်ပါတယ် ။ သိထားတဲ့အကြောင်းအရာပေါ်မှာလည်းဝေဖန်သုံးသပ်စေချင်ပါတယ် ။ အလိမ်အညာတွေပတ်လည်ဝိုင်းနေတဲ့ Social Media ပေါ်ကသတင်းတွေကို စဉ်းစားချင့်ချိန်ကြပါ ။ Knowledge နဲ့ပတ်သက်ရင်တော့ များများ Interest ပါ ။ များများလေ့လာပါလို့ အကြံပြုချင်ပါတယ် ။
.
⛔ Environment
.
အောင်မြင်မှုအတွက်ပတ်ဝန်းကျင်ကအရေးမပါဘူးလို့သင်ထင်ပါသလား ။ အနည်းနဲ့အများတော့အရေးပါပါတယ် ။ ဖြစ်နိုင်ရင် အောင်မြင်ချင်သူက ကိုယ့်အတွက်ကောင်းမွန်တဲ့ပတ်ဝန်းချင်ကောင်းတစ်ခုကိုတည်ဆောက်ဖို့လိုပါတယ် ။ အောင်မြင်ဖို့ကြိုးစားနေသူတွေနဲ့ပေါင်းသင်းအတုယူသင့်သလို ၊ ကိုယ်နေ့စဉ်နေတဲ့အခန်းထဲမှာကအစ စိတ်ခွန်အားဖြစ်စေတဲ့စာတွေ ၊ တစ်နေ့ဖြစ်ချင်တဲ့အိမ်မက်တွေကပ်ထားသင့်ပါတယ် ။ ထို့အတူ လေ့လာသင်ယူစရာတွေကိုလည်း အနားမှာပဲထားရှိပြီး စိတ်လိုလက်ရလေ့လာနိုင်မည့် ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးသင့်ပါတယ် ။ တစ်ချို့ကရှိတယ် အပေါင်းအသင်းခေါ်ရင်အားနာပြီးလိုက်သွား ၊ ကိုယ့်မှာအောင်မြင်ဖို့ကြိုးစားချင်စိတ်ရှိသော်လည်း စိတ်ကမပြတ်သားရင် နှောင့်နှေးနေတတ်ပါတယ် ။အကောင်းဆုံးကတော့အစကတည်းက ကိုယ့်နဲ့ရေရှည်အဆင်ပြေမည့် ပတ်ဝန်းကျင်တစ်ခုကိုသာ သင်ရွေးချယ်သင့်ပါတယ် ။ သင့်ရဲ့နေ့စဉ်ဖြတ်သန်းနေရတဲ့ပတ်ဝန်းကျင်ကြီးက သင့်ကိုစိတ်ဖိစီးမှုတွေ ၊ ဒုက္ခတွေပေးနေပြီဆိုရင်တော့ အခုပဲဖောက်ထွက်လိုက်ဖို့အကြံပြုချင်မိပါတယ်။
.
#Credit
#LynnMoeSet
#LeadAcademy

ခေါင်းဆောင်ကောင်း တစ်ယောက်အတွက် မရှိမဖြစ်လိုအပ်သော အရည်အသွေး ၂၁ ခု

အောင်မြင်သူဆိုတာ ကိုယ့်ကိုပစ်လိုက်တဲ့ အုတ်ခဲတွေကိုသုံးပြီးအခြေခံအုတ်မြစ် တည်ဆောက်နိုင်သူပါပဲ။
ဒေးဗစ်ဗရင့်လီ ၊ သတင်းစာဆရာ

Positive Attitude ကို အပေါင်းစိတ်ဓာတ်ဟူ၍ လည်းကောင်း၊ အကောင်းမြင်စိတ်ဓာတ်ဟူ၍လည်းကောင်း မသုံးချင်ပါ။ စာရေးသူက အောင်မြင်ရေး စိတ်ဓာတ်ဟုသုံးချင်ပါသည်။ အောင်မြင်ရေးစိတ်ဓာတ်သည် အကောင်းမြင်ဝါဒမဟုတ်ပါ။ အကောင်းမြင် ၀ါဒရှိသူသည် ဘယ်အရာမဆို အကောင်း ဖက်ကပဲမြင်ပါသည်။ မှားနေတာလည်း အကောင်း၊ မလုပ်နိုင်တာလည်းအကောင်း၊ မအောင်မြင်တာလည်း အကောင်းပဲမြင်ပါမည်။ အောင်မြင်ရေး စိတ်ဓာတ်ကို အောင်မြင်ကျော်ကြားသူများ၊ ခေါင်းဆောင်ကောင်းများ ပိုင်ဆိုင်ပါသည်။ အလုပ်တစ်ခုကိုလုပ်လျှင် ဖြစ်ရမည်။ မဖြစ်မနေ ကြိုးစားမည်။

အမှားများစွာကို သင်ခန်းစာယူ၍ အောင်မြင်အောင် လုပ်နိုင်သည့်  စိတ်သည် အောင်မြင်ရေးစိတ်ဓာတ်ဖြစ်ပါသည်။ အောင်မြင်ရေး စိတ်ဓာတ် ပိုင်ဆိုင် သူတစ်ယောက်ကို နမူနာပြပါ ဆိုလျှင် သောမတ်(စ်)အယ်ဒီဆင်ကို ညွှန်းရပါမည်။

လိုက်(ဖ်)ရုပ်စုံ မဂ္ဂဇင်းကြီးက ထောင်စုနှစ်အတွင်း အထူးချွန်ဆုံးလူသားအဖြစ် သတ်မှတ်ခဲ့ပါသည်။ တီထွင်မှုပေါင်း ၁၀၉၃ခုပြုလုပ်ခဲ့ပါသည်။ ကမ်္ဘာပေါ်တွင် မူပိုင်အမှတ်တံဆိပ်အများဆုံး ပိုင်ဆိုင်သူတစ်ယောက် ဖြစ်ပါသည်။ ၆၅နှစ်တိုင်တိုင် နှစ်စဉ် တီထွင်မှုတစ်ခုအတွက် မူပိုင်အမှတ်တံဆိပ် ရရှိခဲ့ပါသည်။ ခေတ်မီ သုတေသနစမ်းသပ်ခန်းကို တည်ထောင်ခဲ့သူလည်း ဖြစ်ပါသည်။

လူအများစုက အယ်ဒီဆင်၏စွမ်းဆောင်မှုများသည် အယ်ဒီဆင်၏ထူးခြားသော တီထွင်မှုဥာဏ်ပါရမီကြောင့်ဟု ပြောကြပါသည်။ အယ်ဒီဆင်ကတော့ ““ ကျွန်တော်မဖြစ်မနေ ကျားကုတ် ကျားခဲ ကြိုးစားခဲ့လို့ပါ”” ဟုဆို၏။ အယ်ဒီဆင်က ““ ပါရမီရှိတယ်ဆိုတာ ၉၉ရာခိုင်နှုန်း အားစိုက်ထုတ်ခြင်းနှင့် ၁ရာခိုင်နှုန်းစိတ်ကူးကောင်းတာပါ”” လို့ ပြောပါတယ်။ အယ်ဒီဆင်ရဲ့အောင်မြင်မှုမှာ အရေးကြီးဆုံး အချက်ကတော့ အောင်မြင်ရေးစိတ်ဓာတ်ပါပဲ။

အယ်ဒီဆင်ရဲ့  အောင် မြင်ရေးစိတ်ဓာတ်က အလုပ်တစ်ခုကို မဖြစ်မနေအောင် မြင် အောင်လုပ်မယ်ဆိုတဲ့  ၉၉ရာခိုင်နှုန်း အားစိုက်ထုတ် ခြင်းကို အခြေခံပါတယ်။ အယ်ဒီဆင်ဟာ လျှပ်စစ်မီးလုံးထဲမှာသုံးဖို့ မီးစာအတွက် သင့်တော်တဲ့သတ္တုပစ္စည်းကို ရှာဖွေစဉ်က အကြိမ်ပေါင်း တစ်သောင်း လောက်စမ်းသပ်ခဲ့ရပါတယ်။ ဒါပေမယ့် စိတ်ပျက်ခြင်းလုံးဝမရှိပါဘူး။ တစ်ခါမအောင်မြင်တိုင်း၊ ဘယ်ပစ္စည်းကတော့ သုံးလို့မရဘူးဆိုတဲ့ အသိကို ရရှိခဲ့ ပါတယ်။ အကြိမ် တစ်သောင်းလောက် စမ်းသပ်ခဲ့ ရပေမယ့် လည်း အောင်မြင်ရမယ်ဆိုတဲ့ အောင်မြင်ရေးစိတ်ဓာတ်က အယ်ဒီဆင်မှာ အပြည့် ရှိပါတယ်။ ဒီစိတ်ဓာတ်ရှိကြောင်းကို အယ်ဒီဆင်ပြောခဲ့တဲ့ စကားစုလေးက ဖော်ပြပါတယ်။

““လူ့ဘ၀မှာ ကျရှုံးသူတွေအများစုဟာ လက်လျှော့အရှုံးပေးလိုက်တဲ့အခါ အောင်မြင်မှုနဲ့ အလွန်နီးကပ်နေပြီဆိုတာကို မသိကြတာပါပဲ””

အသက် ၄၀ပြည့်ခါနီးမှာ အယ်ဒီဆင် ကြုံတွေ့ခဲ့ရတဲ့ ၀မ်းနည်းဖွယ်ရာ အဖြစ်ဆိုးကြီးတစ်ခုကို အယ်ဒီဆင်ရင်ဆိုင်ခဲ့ပုံလေးက အယ်ဒီဆင်ရဲ့ အောင်မြင်ရေး စိတ်ဓာတ်ကြီးမားပုံကို ဖော်ပြခဲ့ပါတယ်။ နယူးဂျာဆီ၊ အနောက်အော်ရိန်း(ဂ်ျ)မှာ တည်ဆောက်ခဲ့တဲ့ အယ်ဒီဆင်ရဲ့စမ်းသပ်ခန်းက ကမ်္ဘာကျော်ဖြစ်ပါတယ်။ ၁၄ထပ် အဆောက်အဦးဖြစ်ပြီး အယ်ဒီဆင်က တီထွင်မှုစက်ရုံလို့တင်စားခေါ်ပါတယ်။ ပင်မအဆောက်အဦက ဘောလုံးကွင်း သုံးခုစာထက်ကြီးပါတယ်။ ဒီစမ်းသပ်ခန်းမှာ အယ်ဒီဆင်နှင့်  သူ့ ရဲ့ဝန်ထမ်းတွေက စမ်းသပ်မှုတွေ လုပ်ပါတယ်။ နမူနာပုံစံတွေ ထုတ်ကြည့်ပါတယ်။

အောင်မြင်တဲ့အခါ သုံးလို့ရတဲ့လူသုံးကုန်ပစ္စည်းတွေထုတ်ပြီး အသုံးပြုမယ့် ဖောက်သည်တွေဆီပို့ပါတယ်။ ခေတ်မီသုတေသန စမ်းသပ်ခန်းနဲ့ ကုန်ထုတ်စက်ရုံတစ်ခုအဖြစ် စံပြဖြစ်ခဲ့ပါတယ်။

ဒီသုတေသနစမ်းသပ်ခန်းကို အယ်ဒီဆင်အလွန်ချစ်ခင် မြတ်နိုးပါတယ်။ အချိန်ပြည့် အယ်ဒီဆင်နေတဲ့နေရာလည်း ဖြစ်ပါတယ်။ တစ်ခါတလေ စမ်းသပ်ခန်းက စားပွဲတွေပေါ်မှာပဲ အယ်ဒီဆင် အိပ်လေ့ရှိပါတယ်။ ၁၉၁၄ခုနှစ်၊ ဒီဇင်ဘာလမှာ အယ်ဒီဆင်ရဲ့ သုတေသနစမ်းသပ်ခန်းနဲ့ စက်ရုံမီးလောင်ပါတယ်။ အကြီးအကျယ် မီးလောင်နေတာကို ရပ်ကြည့်ရင်း ““ကလေးတွေ မင်းတို့အမေကို အမြန်သွားခေါ်၊ ဒီလိုလောင်နေတဲ့မီးမျိုးကို နောက်တစ်ခါမြင်ရဖို့ မလွယ်ဘူး”” လို့ပြောခဲ့ပါတယ်။

လူတော်တော်များများကတော့ ဒီလိုအဖြစ်ဆိုးကြီးနဲ့ ကြုံတွေ့ရရင် ယိုင်ဆင်းသွားမှာပါပဲ။ အယ်ဒီဆင်ကတော့ ““ကျွန်တော့် အသက် ၆၇နှစ်ပဲ ရှိပါသေးတယ်။ အသစ်ကပြန်စဖို့ အသက်မကြီး သေးပါဘူး။ ဒါမျိုးတွေ အများကြီး ကျွန်တော်တွေ့ ကြုံဖြတ်သန်းခဲ့ ဖူးပါတယ်”” လို့ပြောပြီး သုတေသနစမ်းသပ်ခန်းကို အသစ်ပြန်ဆောက်ခဲ့ပါတယ်။ အလွန်ကြီးမားတဲ့ အောင်မြင်ရေးစိတ်ဓာတ်ပိုင်ရှင်ပါ။ အသစ်ပြန်ဆောက်ခဲ့တဲ့ သုတေသန စမ်းသပ်ခန်းမှာ၁၇နှစ် အလုပ်ဆက်လုပ်ခဲ့ပါတယ်။ ““ကျွန်တော့်မှာ အကြံတွေအများကြီး ရှိပေမယ့်၊ အချိန်ကမရှိတော့ဘူး””လို့ အယ်ဒီဆင် ပြောခဲ့ ပါတယ်။ ““ကျွန်တော်နေရရင် အသက် ၁၀၀ပေါ့”” လို့ အယ်ဒီဆင်က မျှော်လင့်ခဲ့ပေမယ့် ၈၄နှစ်မှာ အယ်ဒီဆင်ကွယ်လွန်ခဲ့ပါတယ်။

သင်ခန်းစာ

အယ်ဒီဆင်မှာ အောင်မြင်ရေးစိတ်ဓာတ်မရှိရင် ဘယ်လိုမှ အောင်မြင်တဲ့ တီထွင်သူ တစ်ယောက်ဖြစ်မလာနိုင်ပါဘူး။ ဘယ်အသက်မွေးဝမ်းကျောင်းနဲ့ ပဲ အောင် မြင် အောင် မြင် ၊ ရေရှည်အောင် မြင်နေတဲ့ သူတွေရဲ့ဘ၀ကို လေ့လာကြည့် ရင် သူတို့တွေရဲ့ ဘ၀ခံယူချက်တွေမှာ အမြဲပဲ အောင်မြင်ရေး စိတ်ဓာတ်ကို မြင်တွေ့ရပါတယ်။ ထူးချွန်ထက်မြက်တဲ့ ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်ချင်ရင် အောင်မြင်ရေးစိတ်ဓာတ်ကို မုချပိုင်ဆိုင်ရပါမယ်။

၁။ မိမိရဲ့ရွေးချယ်မှုပါ

သာမန်လူတစ်ယောက်ကတော့ ဘေးကနေ တွန်းအားပေးမှ စိတ်ဓာတ်တက်ကြွလာတတ်ပါတယ်။ သူ့ရဲ့စိတ်ဓာတ်၊ အတွေး အခေါ်၊ လုပ်ဆောင်ချက် တွေဟာ ပတ်ဝန်းကျင်နဲ့ ဆိုင်တယ်လို့ထင်ပါတယ်။ ပတ်ဝန်းကျင်ကောင်းရင် စိတ်ဓာတ်ကောင်းလာမယ် လို့ပြောကြပါတယ်။ စိတ်ဓာတ်ကောင်းဖို့ ပတ်ဝန်းကျင်နဲ့ဆိုင်လား။ ဘယ်ဟာ မှန်တယ်ဆိုတာ ငြင်းမနေပါနဲ့၊ သေချာတဲ့ အမှန်တရားတစ်ခုကတော့ စိတ်ဓာတ်ကောင်းဖို့ မိမိဘာသာပဲ လုပ်ယူရမှာပါ။ မိမိရဲ့ရွေးချယ်မှုပါ။ စိတ်ပညာရှင် ဗစ်တာဖရင့်က ““ဘယ်လို အခြေအနေမှာ မဆို၊ ကိုယ့်စိတ်ဓာတ်ကို စိတ်ကြိုက်ရွေးချယ်ခွင့်ရှိတာ၊ လူသားတိုင်းရဲ့အခွင့်အရေး”” ပါလို့ဆိုခဲ့ပါတယ်။ သူဟာ သူ့ရဲ့အဆိုကို ကောင်းကောင်း နားလည်သူတစ်ယောက် ဖြစ် ပြီး ကောင်းကောင်း လက်တွေ့ 
အသုံးချသူတစ်ယောက် ဖြစ်ပါတယ်။ ဒုတိယကမ်္ဘာစစ် အတွင်းက နာဇီတွေရဲ့သေမင်းတမန် အကျဉ်းစခန်းမှာ အဖမ်းခံခဲ့ ရပေမယ့် လုံးဝစိတ်ဓာတ် မကျအောင်ထိန်းပြီး အသက်ရှင် လွတ်မြောက်ခဲ့သူပါ။ သူလိုလူတောင် အောင် မြင်ရေးစိတ်ဓာတ်ကို မွေးမြူနိုင်ရင် သင်လည်းလုပ်နိုင်ပါတယ်။

၂။ စိတ်ဓာတ်က လုပ်ဆောင်ချက်ကို ရှေ့ဆောင်တယ

အောင်မြင်သူတစ်ယောက်ဖြစ်လာဖို့ ပါရမီ၊ ဥာဏ်အရည်အသွေး၊ မွေးရာပါ ပင်ကိုယ်အရည်အချင်းတွေက ဆုံးဖြတ်တာ မဟုတ်ပါဘူး။ စိတ်ဓာတ်က ဆုံးဖြတ်တာပါ။ စိတ်ဓာတ်အတိုင်း လုပ်ဆောင်ချက်က လိုက်နာပါတယ်။ အောင်မြင်ရေးစိတ်ဓာတ်ပိုင်ဆိုင်သူရဲ့ လုပ်ဆောင်ချက်တွေက အောင် မြင်မှုကို ရစေမှာဖြစ်ပါတယ်။

၃။ သင့်ရဲ့စိတ်ဓာတ်က သင့်လူတွေရဲ့ပုံရိပ်ပါပဲ

အောင်မြင်ရေးစိတ်ဓာတ်ပိုင်ဆိုင်သူ ခေါင်းဆောင် တစ်ယောက်ရဲ့ ပတ်ဝန်းကျင်က လူတွေက စိတ်ဓာတ်တက်ကြွ နေကြပါတယ်။ ဒါဟာဆွဲဆောင်မှု နိယာမပါပဲ။ အောင်မြင်ရေး စိတ်ဓာတ်ပိုင်ဆိုင်သူက စိတ်ဓာတ်ကောင်းသူတွေကို ဆွဲဆောင်ပါလိမ့်မယ်။ ကိုယ့်ပတ်ဝန်းကျင်ကို ရောက်လာသူတွေ လည်း စိတ်ဓာတ်ကောင်း လာပါတယ်။

အယ်ဒီဆင်ရဲ့ဘ၀ကိုကြည့်ရင် အယ်ဒီဆင်ရဲ့ အောင်မြင် ရေးစိတ်ဓာတ်နဲ့ စိတ်ပါဝင်စားမှုက အယ်ဒီဆင်ကို တွန်းအားပေးရုံမက၊ သူ့ လူတွေရဲ့ စိတ်ဓာတ်ကိုလည်း တက် ကြွစေပြီး အောင် မြင်မှု တွေကိုရစေပါတယ်။ ဒါနဲ့ပတ်သက်ပြီး အယ်ဒီဆင်က ““ကျွန်တော်တို့ရဲ့ သားသမီး မြေးတပည့်တွေရဲ့စိတ်ကို အမြဲစိတ်အားထက်သန်နေအောင် မွေးမြူပေးနိုင်ခဲ့ရင် ကျွန်တော်တို့ဟာ တန်ဖိုးမဖြတ်နိုင်တဲ့ အမွေကို သူတို့ကိုပေးတာပါပဲ ”” လို့ အယ်ဒီဆင်က ဆိုခဲ့ပါတယ်။

၎။ စိတ်ဓာတ်ကောင်းကိုထိန်းထားပါ

သနားတတ်တယ်ဆိုတာ လူသားတိုင်းအတွက် မြင့်မြတ်တဲ့ စိတ်ထားဖြစ်ပါတယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကို သနားတယ်ဆိုတာ ကတော့ ပျော့ညံ့တဲ့ စိတ်ပါ။ ကိုယ့် ရဲ့အရည်အသွေးတွေကို လည်း လျော့ကျစေပါတယ်။ ကိုယ့်ကိုယ်ကို ဘယ်တော့မှ မသနားပါနဲ့။

အောင်မြင်ရေးစိတ်ဓာတ်ပိုင်ဆိုင်သူတွေက ကိုယ့်ကိုယ်ကို သနားလေ့မရှိပါဘူး။ အောင်မြင်ရေးစိတ်ဓာတ်ကိုပိုင်ဆိုင်ပြီးရင်လည်း ထိန်းထားဖို့ အရေးကြီးပါတယ်။

ဆန်းစစ်ပါ

ကျွန်တော်တို့ဟာ တစ်ခါတလေကျရင် ကျရှုံးခဲ့တဲ့ အတွေ့ အကြုံတွေကြောင့်လည်းကောင်း၊ ကိုယ့်ကိုယ်ကိုယုံကြည်မှု နည်းတာက တစ်ကြောင်း၊ အောင်မြင်ရေးစိတ်ဓာတ်တွေ ပျောက်နေတတ်ပါတယ်။ အတွေ့အကြုံအသစ်တွေနဲ့တွေ့ရရင် ကျဆုံးမှာကြောက်နေလား?
လူတွေနဲ့ စကားပြောတဲ့အခါ၊ ဘုဂလန့်ပြောချင်တဲ့ စိတ်ပဲဖြစ်နေလား ?
အလုပ်တစ်ခုကိုလုပ်တိုင်း မအောင်မြင်မှာ စိုးရိမ်နေလား ?
အထက်ကမေးခွန်းတွေရဲ့အဖြေက ““ဟုတ်ပါတယ် ”” ဆိုရင်တော့ သင့်မှာအောင်မြင်ရေးစိတ်ဓာတ် ပျောက်နေပါတယ်။ အောင်မြင်ရေး စိတ်ဓာတ် တွေပိုင်ဆိုင်လာဖို့ အောက်ပါအချက် တွေလုပ်ပါ။
မှန်ကန်တဲ့စိတ်အားဆေးတွေသုံးပါ။

သင့် မှာ အောင်မြင်ရေး စိတ်ဓာတ်ပျောက်နေရင်တော့ စိတ်အားဆေးတွေ သုံးရပါလိမ့်မယ်။ အောင်မြင်ရေးစိတ်ဓာတ်ကိုတိုးတက်စေတဲ့ စာအုပ်တွေ ဖတ်ပါ။ ဟောပြောပွဲတွေတက်ပါ။ စိတ်ဓာတ် တက် ကြွနေသူတွေနဲ့ ပေါင်းပါ။ ပုံမှန်လုပ်ပေးရင် အောင်မြင်ရေးစိတ် ဓာတ်တွေတက်ကြွလာပါလိမ့်မယ်။

နေ့စဉ်တိုးတက်မှုရှိအောင်လုပ်ပါ။

တစ်ခါတလေကျရင် ကျဆုံးမှုတွေကို ဆက်တိုက်တွေ့ရတဲ့ အခါ စိတ်ဓာတ်ကျလာတတ်ပါတယ်။ နေ့စဉ်တိုးတက်မှုရှိအောင် နေ့စဉ်မိမိလုပ်နိုင်တဲ့ အလုပ်တစ်ခုကိုပြီးအောင်လုပ်ပါ။ နေ့စဉ် အောင်မြင်မှုအသေးစားတွေကို ဆက်တိုက်ရလာရင် စိတ်ဓာတ်လည်း တက်လာပါလိမ့်မယ်။ အောင်မြင်မှု အသေးစားတွေကနေ အောင်မြင်မှုကြီးကြီးတွေ့ရပါလိမ့်မယ်။ အောင်မြင်မှုတွေကြောင့် အောင်မြင်ရေး စိတ်ဓာတ်တွေတိုးလာပါလိမ့်မယ်။

မြင်နိုင်တဲ့နေရာမှာထားပါ။

ကျွန်တော်တို့အားလုံးဟာ အတွေးတွေမှန်နေဖို့၊ လုပ်ဆောင်ချက်တွေမှန်နေဖို့အမြဲသတိပေးနေဖို့ လိုပါတယ်။ စာရေးဆရာတစ်ယောက်က ပက်လက် လန်နေတဲ့ လိပ်ကလေးရဲ့ပုံကို သူ့ရဲ့ စာရေးစားပွဲရှေ့မှာ ကပ်ထားလေ့ရှိပါတယ်။ အဓိပ္ပာယ်ကတော့ လူတိုင်းကိုအကူအညီပေးပါ။ လူတိုင်းမှာ အကူအညီလိုနေပါတယ် ဆိုတာပါပဲ။ သင့် ရဲ့အောင်မြင်ရေးစိတ်ဓာတ်ကို တိုးတက်စေမယ့် ဓာတ်ပုံ၊ ပိုစတာ၊ အဆိုအမိန့်တွေကို သင့်ဘေးပတ်လည် မြင်နိုင်တဲ့ နေရာမှာထားပါ။

အတုယူစရာ၊ မှတ်သားစရာ

Jessica Cox ဂျက်ဆီကာသည် မွေးလာကတည်းက လက်မောင်းရင်းမှစ၍ လက်နှစ်ဖက်ပါမလာသူဖြစ်ပါသည်။ ငယ်စဉ် ကလေးဘ၀ကစ၍ ခြေထောက်နှစ်ဖက်ကို လက်နှစ်ဖက်ကဲ့သို့ အသုံးပြုခဲ့ပါသည်။ ခြေထောက်နှင့် ကိုယ်တိုင် ထမင်းစားနိုင်အောင်၊ စာရေးနိုင်အောင် ငယ်စဉ်ကတည်း က သင်ယူခဲ့ ပါသည်။ ကလေးဘ၀က တည်းက အခြားကလေးများနည်းတူ ရေကူးပါသည်။ ကျွမ်းဘားကစားပါသည်။ အကသင်ပါသည်။ အသက်၁၀နှစ်
အရွယ်တွင် တိုက်ကွမ်ဒိုစကစားပြီး အသက်၁၄နှစ်တွင် ခါးပတ်နက်အဆင့်ကို ရပါသည်။ ဂျက်ဆီကာသည် ““ငါ့ မှာ ဘာကြောင့် လက်နှစ်ဖက် ပါမလာရတာလဲ”” ဟု တွေးနေသူမဟုတ်ပါ။ ““ငါ့ခြေထောက်နှစ်ချောင်းနှင့် ဘာလုပ်လို့ရမည်လဲ ”” ဟုသာ စဉ်းစားပါသည်။ ဂျက်ဆီကာ၏ အောင်မြင်ရေး စိတ်ဓာတ်သည် အတုယူစရာ၊ အားကျစရာ ဖြစ်ပါသည်။ စိတ်ပညာဖြင့်အာရီဇိုးနားတက္ကသိုလ်မှ ဘွဲ့ရရှိခဲ့ပါသည်။ အသက် ၂၅နှစ်တွင် ပထမဦးဆုံး ခြေထောက်ဖြင့် လေယာဉ်ပျံမောင်းနှင်ပြီး လေယာဉ်မောင်းလိုင်စင်ကို ရယူနိုင်ခဲ့ပါသည် ။ ဂျက်ဆီကာသည် ခြေထောက် ဖြင့် ကားမောင်းပါသည်။ ကွန်ပျူတာကီးဘုတ်ကို ၁မိနစ်လျှင် ၂၅လုံး ရိုက်နိုင်ပါသည်။ ခြေထောက်ဖြင့် မျက်ကပ်မှန်တပ်ပါသည်။ ခေါင်း လျှော်ပါသည်။ ခေါင်းဖြီးပါသည်။ အလှပြင်ပါသည်။ ဂျက်ဆီကာ ခြေထောက်နှင့် မလုပ်နိုင်တာမရှိပါ


ကျော်ကျော်လှိုင်

စိတ်ဓာတ်မကျခင် ဒီ ၅ ချက် သိထားပါ

စိတ်ဓာတ်တွေ မကြာခဏ ကျတဲ့သူတွေရှိလား ?
မလုပ်ချင်တာတွေ စိတ်မပါ လက်မပါ လုပ်နေရလို့ စိတ်ဓာတ် မတက်ကြွ ဖြစ်နေသူတွေရောရှိလား ?

….
ဒီစာစောင်လေးမှာ စာဖတ်မိတ်ဆွေ အများစု ကြုံနေရတဲ့ စိတ်ဓာတ်ကျခြင်းနဲ့ ကြုံလာရင် ဘယ်လို ပြန်လည်တုံ့ပြန်ရမယ်ဆိုတဲ့ အချက်ကလေးတွေ တင်ပြပေးထားပါတယ်။
ဒီ အချက်တွေကို Motivation Upsize သင်တန်း ကနေ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါတယ်။
သင်တန်းအသေးစိတ်ကို ဒီမှာကြည့်ပါ >>>> https://goo.gl/bfvWo2

လူတွေအများစု ကြုံရတဲ့ ပြဿနာက မကြာခဏဆိုသလို စိတ်ဓာတ်ကျတာပါ။

အလုပ်တခုခုကို ပြီးမြောက်အောင်မြင်အောင် မလုပ်ရသေးဘူး၊ အခက်အခဲနဲ့ ရှုံးနိမ့်မှုတွေနဲ့ ကြုံလာရင် စိတ်ဓာတ်ရိုက်ချိုးခံလိုက်ရသလိုဖြစ်ပြီး ဆက်လက်ကြိုးစားချင်စိတ် ပျောက်သွားပါတယ်။ ဒါကို စိတ်ဓာတ်ကျတယ်လို့ သုံးကြပါတယ်။ အများစြုေ ပာကြတာကတော့ “ကျွန်တော်တော့ စိတ်ဓာတ်ကျရင် ဘာမှကို မလုပ်ချင်တော့ဘူး” ဆိုတာပါ။

မှန်ပါတယ်။ လူတိုင်းလိုလို စိတ်ဓာတ်ကျနေရင် လုပ်ချင်ကိုင်ချင်စိတ် ပျောက်ဆုံးပါတယ်။ ဒါပေမယ့်…ဘယ်လို လုပ်မလဲဗျာ။
ကျွန်တော်တို့က တာဝန်ကိုယ်စီယူပြီး ထမ်းဆောင်နေရတဲ့ လူတွေပဲ၊ စိတ်ဓာတ်ကျလို့ ဘာမှမလုပ်ဘူးဆိုရင် ကျွန်တော်တို့ကို မှီခို အားကိုးနေရတဲ့ မိသားစုဝင်တွေ၊ မိဘ ဆွေမျိုးတွေ၊ လက်အောက်ငယ်သားတွေ ဘယ်လိုဖြစ်မလဲ။ သူတို့တွေအတွက် ကျွန်တော်တို့ စိတ်ဓာတ်တွေ ပြန်လည်တင်းဖို့ လိုပါတယ်။

အရေးကြီးဆုံးဖြစ်တဲ့…ကျွန်တော်တို့ ရည်မှန်းချက်အတွက်ပါ ပေါ့….

ဒီတော့ ဘာလုပ်ကြမလဲ… လုပ်ရမယ့် အဆင့်လေးတွေ သေချာ ရေးသားပေးလိုက်ပါတယ်..
၁။ ရည်မှန်းချက် ပြန်ထားပါ

လူအတော်များများမှာ ရည်မှန်းချက် ပျောက်နေတာများပါတယ်။ ငါ တချိန်ချိန်မှာ ဘာဖြစ်ရမယ်၊ ဘာပိုင်ရမယ် စတဲ့ အတွေးတွေတော့ ရှိတတ်ကြပါတယ်။ ဒီ စိတ်ကူးယဉ်အတွေးနဲ့ ရည်မှန်းချက်ဟာ အင်မတန် ကွာပါတယ်။ “လေထဲမှာ တိုက်အိမ် မဆောက်နဲ့” လို့ ပြောကြပါတယ်။ မှန်ပါတယ်။ ဆောက်ချင်းဆောက် အပြင်မှာ ဆောက်ပါ။ ဒါမှ လေထဲမှာပဲ မနေရဘဲ တကယ့်တိုက်ပေါ်မှာ နေရမှာပေါ့။

စိတ်ကူးယဉ်အတွေးမှာ တိတိကျကျမရှိပါဘူး။ သူများတွေကို အားကျလို့၊ အမှတ်မထင် အတွေးလေး ဝင်လာလို့ ဖြစ်ပေါ်လာတဲ့ ဖြစ်ချင်စိတ်လေးပါ။ ခဏကြာရင် ပြန်ပျောက်သွားပါတယ်။ မေ့မေ့ပျောက်ပျောက်ရှိလောက်တော့မှ ပြန်စဉ်းစားမိပါမယ်။ အဲ့အချိန်မှာ နောက် ၁ နှစ်ကုန်ရင်လည်း ကုန်သွားပါမယ်။

ရည်မှန်းချက်ဟာ တိကျပါတယ်။ ဘယ်ဆီနေမှန်းမသိတဲ့ တချိန်ချိန်ကို တမ်းတမနေပါဘူး။ နှစ်အကန့်အသက် (ရက်အကန့်အသက်) ရှိပါတယ်။ ငါ အသက် ၃၅ အရွယ်မှာ ငွေ သိန်းတစ်သောင်း ပိုင်ဆိုင်နိုင်ရမယ်။ အသက် ၈၀ အရွယ်ထိ ၃၅ နှစ် လူငယ်လို ဖျတ်ဖျတ်လက်လက် တက်တက်ကြွကြွ ရှိနေရမယ်။ အသက် ၄၀ မှာ သိန်း တစ်ထောင်တန် အလှူကြီးတခု လုပ်နိုင်ရမယ် စသဖြင့်ပေါ့။ ကျွန်တော့် ကျောင်းသားတွေရဲ့ ရည်မှန်းချက်တွေက ပိုတောင် ကြီးပါသေးတယ်။ အချို့ဆို မြန်မာပြည်မှာ အချမ်းသာဆုံး ပုဂ္ဂိုလ်စာရင်းထဲကို ၁၀ နှစ်အတွင်း ပါရမယ်၊ မြို့မှာ လူငယ်ပညာပေးကျောင်းတွေ ၁၀ နှစ်အတွင်း ဆောက်မယ် လို့ ရည်မှန်းချက်ထားကြပါတယ်။
၂။ ခိုင်မာတဲ့ အကြောင်းပြချက်ရှိပါစေ

ဒီ ရည်မှန်းချက်တွေကို နောက်က ကျားကန် ထောက်ပံ့ပေးဖို့ အကြောင်းအချက်တွေလိုပါတယ်။ ဘယ်အကြောင်းအချက်ကြောင့် ဒီရည်မှန်းချက်လုပ်ချင်တာလဲ၊ ဘယ်လို အကျိုးတွေရှိလို့ ဒီရည်မှန်းချက်ဟာ အောင်ကိုအောင်မြင်ရမှာလဲ ဆိုတာ သိဖို့လိုပါတယ်။ မသိရင် အခုသိအောင် လုပ်ရပါမယ်။

လှကို လှော်သာလှော်ပြီး ဘာ့ကြောင့်လှော်နေမှန်းမသိရင် ကန်လယ်ရောက်တော့မှ မလှော်ဖြစ်တော့ဘဲ ထိုင်စဉ်းစားနေမိပါလိမ့်မယ်။ အချိန်တွေကုန်သွားပါမယ်။ အစကတည်းက ဘာ့ကြောင့် လှော်တယ်ဆိုတာ သိပါ။ အားကစားတစ်ခုအနေနဲ့လား အတွက်လား၊ ပြိုင်ပွဲဝင်ဖို့အတွက်လား၊ ငါးဖမ်းဖို့လား စသဖြင့် ကိုယ့်ကိုယ်ကို အရင်ဆုံး ရှင်းလင်းအောင်မေးပါ။

ဒါကို ရှင်းရှင်းလင်းလင်းသိထားရင် ကိုယ့်ရဲ့ ရည်မှန်းချက်ပန်းတိုင်ကို အားကြိုးမာန်တက် မရပ်မနား လှော်ဖြစ်မှာပါ။ စိတ်ဓာတ်တွေကျလာရင် ဒီ အကြောင်းအချက်တွေဟာ အင်မတန် အထောက်အကူ ပေးပါလိ့မ်မယ်။ ကိုယ့်အတွက် စိတ်ဓာတ်အင်အားတွေ တဖန် မွေးဖွားပေးပါလိမ့်မယ်။
၃။ ခွန်အားဖြည့်စာများ ဖတ်ပါ

ကျွန်တော် အကြိုက်ဆုံး နောက်တခုကတော့ စိတ်ခွန်အား တက်ကြွစေမယ့် စကားစုလေးတွေကို စုစည်းထားခြင်းပါပဲ။ ကိုယ် အကြိုက်အနှစ်သက်ဆုံး စာစုတွေကို ကိုယ်အလွယ်တကူမြင်နိုင်တဲ့ နေရာတွေမှာ စုစည်း ရေးသားထားပါ။ ကျွန်တော်ကတော့ ဖုန်းမှာနဲ့ Computer Screen မှာ ရေးသားဖြစ်ပါတယ်။ တိုက်ဆိုင်တဲ့ မြင်နေရတဲ့ အတွက် အားတခုဖြစ်စေပါတယ်။

ကျွန်တော့် ကျောင်းသားတွေကိုလည်း ဒီလို လုပ်ဖို့ သင်ကြားပေးပါတယ်။ အခြား နည်းလမ်းကောင်းများစွာကိုလည်း ကျင့်သုံးခိုင်းပါတယ်။ ဒီလို လုပ်ခြင်းအားဖြင့် စိတ်ဓာတ်ကျမှု နည်းပါးလာပါမယ်။ စိတ်ဓာတ်ခွန်အား စာစောင်လေးတွေလည်း ရှာဖွေဖတ်ရှုလို့ရပါတယ်။

ကျွန်တော့် SuccessUpsize.com မှာ စာဖတ်မိတ်ဆွေတို့အတွက် စိတ်ခွန်အား ရသ စာပေများ အပတ်စဉ် ရေးသားဖော်ပြပေးနေပါတယ်။ အပတ်စဉ် စာစောင် လွတ်သွားမှာစိုးရင် ဒီ Page ကို See First လုပ်ရင်ပဲဖြစ်ဖြစ်၊ အောက်က Link ကို နှိပ်ပြီး Member ဝင်ထားရင်ပဲဖြစ်ဖြစ်ရပါတယ်။

https://goo.gl/GEjJJa
၎။ စိတ်ဓါတ်တက်ကြွမှုဟာ ကြွက်သားပါ

မိတ်ဆွေ ဒိုက် အချက် ၅၀ မရပ်မနား ထိုးနိုင်ပါသလား ?

၉၅% သော သူတွေ မထိုးနိုင်ပါဘူး။ ဒါဆို ၁ ချက်ရော ထိုးနိုင်လား။ ၉၅% သော သူအကုန်ထိုးနိုင်ပါတယ်။ စိတ်ဓာတ် တက်ကြွဖို့ ကြိုးစားရင် ကိုယ့်အခြေအနေကိုယ်သိပါ။ ကိုယ်ဟာ ဒိုက်အချက် ၅၀ ထိုးနိုင်သူလား၊ ၁ ချက်ပဲ ထိုးနိုင်သူလား။ သူများတွေ ဒိုက်အချက် ၅၀ ထိုးနိုင်တာကိုကြည့်ပြီး စိတ်ဓာတ်ကျနေရင် ကျွန်တော်တို့လောက် မိုက်တဲ့သူ ရှိမှာ မဟုတ်ပါဘူး။ ကိုယ်ထိုးနိုင်တဲ့ ဒိုက် ၁ချက်ကို အရင်ထိုးလိုက်ပါ။ နောက်ထပ် ၄၉ ချက်ပဲ ကျန်တော့မှာပါ။

ဒီ ၁ချက် ထိုးလိုက်ခြင်းဟာ အကျိုး ၃ခု ရစေပါတယ်။ ပထမ အကျိုးကတော့ ပျော်ရွှင်ခြင်းပါ။ ငါ ဒိုက် ၁ချက်တော့ အောင်မြင်တယ်ဆိုတဲ့ ရလာဒ်ကို ပျော်ရတဲ့ အကျိုးပါ။ ဒီအကျိုးက ဆက်ပြီး နောက်တချက်များ ရနိုင်မလားလို့ ဆက်လုပ်ချင်စိတ်ပေါ်ပါမယ်။ ဒါ ဒုတိယ အကျိုးပါ။ တတိယ အကျိုးကတော့ ဒီလို ထိုးလိုက်ခြင်းအားဖြင့် ခန္ဓာကိုယ်ကြွက်သား အလုပ်လုပ်ဖြစ်ပါတယ်။ အလုပ်လုပ်ဖြစ်တဲ့အတွက် ပိုသန်မာသွားပါတယ်။

ဒီတော့ ပထမရက်မှာ ၁ချက်ပဲထိုးနိုင်ပေမယ့်၊ နေ့စဉ် ထိုးလာရင် ၃ရက်မြောက်နေ့မှာ ၂ ချက်ဖြစ်လာပါမယ်။ ၂ပတ်ကြာရင် ၅ ချက်ဖြစ်လာပါမယ်။ အံ့စရာ မကောင်းဘူးလား၊ မလုပ်နိုင်ဘူးထင်ထားတဲ့ ၁ချက်ကနေ ၂ပတ်လေးကြာသွားတာနဲ့ ၅ ချက်တောင်ရတယ်။ သင်္ချာနည်းနဲ့ တွက်မယ်ဆိုရင် ရှိပြီးသား တန်ဖိုးကနေ ၅ ဆ တက်တာပါ။ တနည်းအားဖြင့် ၅၀၀% ထိုးတက်သွားတာပါ။ ဒီ ၅ ဆ တက်တဲ့နှုန်းအတိုင်းသာ ဆက်သွားရင် ဘယ်နှစ်ပတ်လောက်ဆို မိတ်ဆွေ ဒိုက် အချက် ၅၀ ထိုးနိုင်မလဲ။

စိတ်ဓာတ်တက်ကြွမှုကို ကြွက်သား တခုလို မြင်ပေးပါ။ ကိုယ် စိတ်ဓာတ်အရမ်းမတက်တောင် တက်တဲ့စိတ်ဓာတ်နဲ့ အရင်ကြိုးစားပါ။ လုပ်ပါ။ လုပ်တဲ့အကျိုးနဲ့ စိတ်ဓာတ်ထက်ပြီး တက်ကြွပါမယ်၊ ထပ်လုပ်ဖြစ်ပါမယ်။ ဒီအတိုင်း လုပ်လာရင် အခုနက ပြောတဲ့ ၅ဆ နှုန်းနဲ့ မြန်နှုန်းမြင့် စိတ်ဓာတ်ဖြစ်သွားပါမယ်။
၅။ စိတ်ဓါတ်တက်ကြွမှု အဆင့် ၃ ဆင့်ကို သင်ယူလေ့လာပါ

စိတ်ဓာတ်တက်ကြွမှုမှာမှ အဆင့် ၃ ဆင့်ရှိပါတယ်။ ကောက်ရိုးမီးအဆင့်၊ လောင်စာဆီ အဆင့်နဲ့ မီးတောင် အဆင့် တွေပါ။
လူအများစုဟာ ကောက်ရိုးမီး စိတ်ဓာတ်နဲ့ပဲ ရပ်သွားတာများပါတယ်။ ဆက်လက် တောက်လောင်နေဖို့၊ အလျှံငြီးငြီးနဲ့ ထွန်းတောက်နေဖို့ မလုပ်နိုင်ကြပါဘူး။ ဒီအဆင့်တွေကို သေသေချာချာ နားလည်ပြီး ဒီ့ထက် တိုးတက်သွားအောင် ကျင့်သုံးသွားဖို့လိုပါတယ်။

စိတ်ဓာတ်တွေ ပိုမိုတိုးတက်ချင်သူတွေအတွက် မိတ်ဆွေကောင်းတွေ၊ ဆရာကောင်းတွေ၊ ပတ်ဝန်းကျင်ကောင်းတွေ လိုပါတယ်။ ကိုယ့်လို စိတ်ဓာတ်ကျနေသူတွေပဲ စုနေရင် ကိုယ် စိတ်ဓာတ်တက်ကြွဖို့ ခက်ခဲပါတယ်၊ ကိုယ့်ကို လက်ရှိ အဆင့်ထက် ဘယ်လို ပိုမိုတိုးတက်အောင် သင်ပြနိုင်မယ့် ဆရာမရှိရင်လည်း ဆက်လက်တိုးတက်ဖို့ ကြန့်ကြာတတ်ပါတယ်။

ကိုသူရ
(Saving The Minds)
Founder of SuccessUpsize.com